နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကဗျာဆရာ ကြည်အောင် မန္တလေး ဆေးရုံကြီးတွင် ကွယ်လွန်

၂၇ မတ် မန္တလေး၊             ၊ညွန့် သက်ထားဦး

ကဗျာဆရာကြည်အောင်

ကဗျာဆရာကြည်အောင် ဓာတ်ပုံ http://www.myanmarisp. com

ကျောင်းသားလှုပ်ရှားမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရ ဖူးသည့် ကဗျာဆရာ ကြည်အောင် မှာ ယနေ့ ညနေ သုံးနာရီ ငါးဆယ့်ငါး မိနစ် အချိန်ခန့် က မန္တလေး ပြည်သူ ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့်ကွယ်လွန်သည် ဟု သတင်းရရှိပြီး ဈာပန အခမ်းအနား ကို မတ်လ ၂၉
ရက်နေ့ တွင်ကျင်းပမည် ဖြစ်သည်။ကွယ်လွန် ချိန်တွင် အသက် ရ၂ နှစ်ရှိပြီဖြစ်သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လည်း ကဗျာဆရာ ကိုလေး အင်းဝဂုဏ်ရည် နှင့်တွဲ ၍ နိုင်ငံရေးလှုပ်
ရှားမှုများ ပြုလုပ်ခြင်းကြောင့် အကြိမ်ကြိမ်ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။မောင်သာနိုး၊မောင်စွမ်း
ရည်၊တင်မိုး တို့ နဲ့  အတူ မန္တလေး တက္ကသိုလ် ကဗျာခောတ် ကို ထူထောင် ခဲ့သူဖြစ်သည်။

လမင်းတစ်ရာကဗျာစာအုပ်နှင့် ၁၉၆၃ ခုနှစ် တွင် အမျိုးသားစာပေဆု ရရှိခဲ့ပြီး မိခင်မာရသွန် ကဗျာ စာအုပ်ဖြင့် စာပေနယ်တွင်တင့်တယ်ခဲ့သည်။

အမည်ရင်းမှာ ကြည်လင် ဖြစ်သည်။

Advertisements