သင်္ကြန် ဗုံးကွဲမှု အပြစ် မရှိသူများ ကို ဖမ်းဆီးထား

မေလ ၆ ရက်နေ့ က ပြုလုပ်ခဲ့သည့် စစ်အစိုးရ သတင်းစာရှင်းလင်း ပွဲတွင် ဧပြီ လ ၁၅ ရက်နေ့ 
ကန်တော်ကြီးစောင်းတွင် ဗုံးပေါက် ကွဲ မှု နှင့် စွပ်ဆွဲထားသည့် ကိုဖြိုးဝေအောင် သည် ထိုဗုံး
ပေါက်ကွဲ မှု နှင့် မည်သို့ မှ သက်ဆိုင်ခြင်း မရှိကြောင်း သူ၏ မိသားစု ၀င် တစ်ဦးက Freedom
News Group သို့ ပြောသည်။

ဧပြီလ ၂၃ ရက်ည က ပုဇွန်တောင် မြို့ နယ်ရှိ ၅၅ လမ်း နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်
ဆောင်သွားစဉ်က “စစ်ဆေးမေးမြန်း ရန်ရှိသည့် အတွက် လာရောက် ခေါ်ဆောင် ခြင်းဖြစ်သည်
ဟု ပြောကာ ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု သိရသည်။

ကိုဖြိုးဝေအောင် မှာ သင်္ကြန်ကာလ အတွင်း အင်ဂျင်နီယာ တစ်ဦး အဖြစ် ရန်ကင်းစင်တာ ထဲရှိ
လုပ်ငန်းခွင် ထဲတွင် သာနေ့ စဉ် ရှိ ကြောင်း အမည် မဖော်လို သည့် သူ၏ လုပ်ဖော် ကိုင်ဖက် တစ်
ဦးက Freedom News Group သို့ ပြောသည်။

ကိုဖြိုးဝေအောင် အားလာရောက် ဖမ်းဆီးစဉ်က ထိုကိစ္စ အားမည်သူမှ မပြောရန် နှင့် သတင်းမပေး
ရန် ပြောဆိုသွားပြီး တိုင်ကြားပါက မိသားစု ၀င်များ ကိုပါ ဆက်လက် ဖမ်းဆီးမည် ဟု ရဲအရာရှိ
တစ်ဦးက ခြိမ်းခြောက်သွားသည် ဟု ကိုဖြိုးဝေအောင် ၏ ဇနီးဖြစ်သူက ပြောသည်။

ဇနီးဖြစ်သူ “မဌေးဌေးက သူတို့ ပြောသလို့  ကျွန်မ ယောင်္ကျား မှာ သက်ခိုင်ဆိုတဲ့ နာမည် လည်း
မရှိ ပါဘူး ၊အိမ် လည်း မငှား ထားပါဘူး ၊သူတို့ ပြောထား သလို မဲဆောက် တို့ ဘာတို့ ဆို တာလည်း
မရောက် ဘူးပါ ဘူး ဟု Freedom News Group သို့ ပြောသည်။

ရဲချုပ် ခင်ရီ ၏ စွပ်ဆွဲချက်များမှ ကို သူရဇော် ဆိုသည် မှာ လည်း ကိုဖြိုးဝေအောင် နှင့် အလုပ် တူလုပ်
ရင်း ရင်းနှီးကြသူများ သာ ဖြစ်သည် ဟု သိရသည်။

ယခင်က တောင်ဥက္ကလာ ရှိ ချယ်ရီ ဥယာဉ် အိမ်ရာ တွင် အလုပ် လုပ်နေ စဉ် ဗုံးတစ်လုံး တွေ့ ရှိသည့်
အချိန် ဉ် ကိုဖြိုးဝေအောင် မှာ ခေါ်ယူ စစ်ဆေး ခံရဖူးသည်။

သင်္ကြန် အကြတ် နေ့ က ဗုံးကွဲပြီးနောက် ဓာတ်ပုံ လာရောက် ရိုက်ကူးသူ စည်သူဇေယျ ကို လည်း အာ
ဏာပိုင် တို့ က ဖမ်းဆီးထားပြီး နောက် သူ၏ ဖခင်ဖြစ်သူ ဦးဇေယျ ကိုလည်း ထပ်မံဖမ်းဆီးပြီး သော
ကြာနေ့ က တရားမ၀င် အသင်းအဖွဲ့ များ ဖြင့် ဆက်သွယ်မှု ဖြင့် ရုံး တင် တရားစွဲ ဆို ထားသည် ဟု
သတင်းရရှိသည်။

ဧပြီ လ ၁၅ ရက်နေ့ က ဗုံးကွဲမှု နှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများ မှာ ၂၅ ဦးခန့် ရှိသည်။

Advertisements