ကြည်ဖြူသျှင် ၏ မိုးညအိပ်မက်မြူ ကြိုတင် လက်မှတ် ရောင်းမလောင်းဖြစ်နေ

Female Director Rules Top Box Office

တက္ကသိုလ် ဘုန်းနိုင်၏ ထင်ရှားသည့် ၀တ္ထုတစ်ပုဒ်ဖြစ်သည့် ‘မိုးညအိပ်မက်မြူ’ အား ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးထားသည့် ‘မိုးညအိပ်မက်မြူ’ ရုပ်ရှင်ဇာတ်ကာအား  အောက်တိုဘာ ၈ ရက်နေ့ (သောကြာနေ့ မှ စပြီး) သမ္မတ၊သွင် ၊မင်္ဂလာ နှင့် မော်တင် ရုပ်ရုံတို့ တွင် စတင်ပြသမည်ဖြစ်ရာ စတင်ပြသမည့် ပွဲစဉ် များ အတွက် ကြိုတင်လက်မှတ် များ မှာ ထိုရုပ်ရှင်ရုံများတွင် မပြသမှီ တစ်ရက် အလို တွင် ရောင်းကုန် သွားပြီ ဟု သိရသည်။

ထိုဇာတ်ကားတွင် သရုပ်ဆောင်နေတိုး ၊ရဲအောင်၊အောင်ရဲလင်း၊ မိုးဟေကို ၊သင်ဇာဝင့်ကျော် နှင့်
ခင်သီတာထွန်း တို့ လည်း ပါဝင်သရုပ်ဆောင် ထားသည် ဟု သိရသည်။

၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ် တွင် ဟော့ရှော့ ဇာတ်ကား လူကြိုက်များ ပြီးနောက်ပိုင်းတွင် မြန်မာရုပ်ရှင်ကားများ ပုံမှန် လောက်သာ ပွဲကြည့်ပရိသတ် ရှိရာမှ ဒါရိုက်တာ ကြည်ဖြုသျှင်၏
ဇာတ်ကား မှာ ယခုကဲ့သို့ ပရိတ်သတ် စိတ်ဝင်စားမှု ကို တစ်ကျော့ ပြန်ရရှိလာခြင်းဖြစ်သည်။

ထိုဇာတ်ကား တွင် နေတိုးက တက္ကသိုလ် ကျောင်းသား တစ်ဦး နှင့် စိတ်နယ်လွန် ရောဂါခံစား
နေရသူ လူရွှင်တော် တစ်ဦး အဖြစ် သရုပ်ဆောင်ထားသည်။ တက္ကသိုလ် ဘုန်းနိုင်သည် ထို
ဝတ္ထု ကို ဖန်တီးရန် အတွက် နှစ်ပေါင်းများ စွာ အားထုတ်ခဲ့ရသည်။

မြန်မာ ဗီဒီယို ဈေးကွက် ဉ်လည်း ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားပြီး ပြေတီဦး နှင့် မိုးဟေကို
တို့ သရုပ်ဆောင် ထားသည့် အချစ် နှင့် ကံ ဗီဒီယို ဇာတ်ကားမှာ လူကြိုက်များနေသည်။
ဒါရိုက်တာ မိုက်တီး ကမူ တစ်ချိန် က လူကြိုက်များခဲ့သည့် ဖိုင်တွဲလေးများ အကြောင်းကို
ရဲတိုက်၊ချစ်သုဝေ၊ရီရီပွင့်ဖြူ တို့ နှင့် ပြန်လည် ဆန်းသစ် ရိုက်ကူးမည် ဟု သိရသည်။

 

 

Advertisements