ရဲရွာ ရေအားလျှပ်စစ် ဆည် ကျိုးပေါက်တော့မည် (သတင်း ရင်းမြစ်)ဆည်မြောင်း ဌာန

ရဲရွာ Spill Way မှ ရေလွှတ်မှု မှာ ဆည်ရေဖိအားကြောင့် တဖြည်းဖြည်း အိလိုက်လာပြီး ကျိုးပေါက်တော့မည့် အခြေအနေ ကို ဂရပ်ဖစ်ဖြင့် သရုပ်ဖော်ပြထားသည်.

အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ  မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ်  ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု မန္တလေး မြို့ ဆည် မြောင်းဝန် ကြီးဌာန မှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။

ထပ်မံတိုးတက်မှု ရှိသည့် သတင်းအခြေအနေ နှင့် အပြည့်အစုံ ကို FNG မှ ထပ်မံဖော်ပြပေးပါမည်

အောက်တိုဘာလ ၂၁ ရက် မနက် ၁၁ နာရီ ၃၀ မိနစ် နောက်ဆုံး ရရှိသည့် သတင်းများ အရ ဆည်
၏ ရေလွှတ် ပြွန် အချို့ ကို စတင် ချိုးဖောက်ရတော့ မည် ဟု သိရသည်။ ဆည်တွင်း သို့ ရေစီးဝင်မှု
မှာ ယနေ့ ပိုမို အားကောင်းလာပါက ရေလွှတ် တံခါးများ စတင်ဖွင့်မည် ဟု သိရသည်။

ရဲရွာ ဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို့ ဆိုတာ နောက်ဝင်လာတဲ့
ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို
အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေ မို့ 
မေးနဲ့ လှမ်းပို့ လိုက်တာပါ။

ဆည်မြောင်း ဌာန မှ FNG သို့ ပေးပို့ သည့် အီးမေး သတင်းပေးပို့ ချက် အချို့ 

Advertisements

11 responses to “ရဲရွာ ရေအားလျှပ်စစ် ဆည် ကျိုးပေါက်တော့မည် (သတင်း ရင်းမြစ်)ဆည်မြောင်း ဌာန

  1. ကျွန်တော်ကFNG ရဲ့အမာခံ စာဖတ်သူတစ်ဦးပါ..ဒါကြောင့်FNG ကိုသိက္ခာရှိတဲ့ သတင်းဌာန၁ခုအနေနဲ့မြင်ချင်ပါတယ.်. FNG အနေနဲ့ တချို့သတင်းတွေဟာ အခြေအမြစ်ခိုင်မာမှု မရှိတဲ့ကောလဟာလ သတင်းအချို့ကို ဖော်ပြနေတာ တွေ့ရပါတယ်.. သတင်းထူးတာ ဦးတာကောင်းပေမဲ့ သတင်းမှန်ကန်မှု ကပိုအရေးကြီးပါတယ်… “အတည်မပြုနိုင်သေးသောသတင်းများ”ဆိုပြီးဖော်ပြနေတာမျိုးထက်”ခိုင်လုံသောသတင်းရပ်ကွက်မှ”ရရှိသည်ဆိုတာမျိုးဘဲ ဖြစ်စေချင်ပါတယ် ဒါကြောင့်FNGကိုသတင်းစစ် သတင်းမှန်တွေကို ရဲရဲဝင့်ဝင့် ဖော်ပြပေးနေတဲ့ သိက္ခာရှိတဲ့ သတင်းဌာန ၁ ခုအနေနဲ့သာ မြင်လိုပါကြောင်း စေတနာရှေ့ ထားပြီး အကြံပေးလိုက်ရပါတယ်ဗျာ..

  2. ကျွန်တော်ကFNGရဲ့အမာခံ စာဖတ်သူတစ်ဦးပါ ဒါကြောင့်FNGကိုသိက္ခာရှိတဲ့ သတင်းဌာန၁ခုအနေနဲ့မြင်ချင်ပါတယ်… FNG အနေနဲ့တချို့သတင်းတွေဟာ အခြေအမြစ်ခိုင်မာမှု မရှိတဲ့ကောလဟာလ သတင်းအချို့ကို ဖော်ပြနေတာ တွေ့ရပါတယ်…သတင်းထူးတာ ဦးတာကောင်းပေမဲ့ သတင်းမှန်ကန်မှု ကပိုအရေးကြီးပါတယ်… “အတည်မပြုနိုင်သေးသောသတင်းများ” ဆိုပြီးဖော်ပြနေတာမျိုးထက်”ခိုင်လုံသောသတင်းရပ်ကွက်မှ” ရရှိသည်ဆိုတာမျိုးဘဲ ဖြစ်စေချင်ပါတယ်… ဒါကြောင့် FNG ကိုသတင်းစစ် သတင်းမှန်တွေကို ရဲရဲဝင့်ဝင့် ဖော်ပြပေးနေတဲ့ သိက္ခာရှိတဲ့ သတင်းဌာန ၁ ခုအနေနဲ့သာ မြင်လိုပါကြောင်း စေတနာရှေ့ ထားပြီး အကြံပေးလိုက်ရပါတယ်ဗျာ..

  3. အခုလို သတင်းတွေကို လွတ်လပ်စွာ ဖြန့်ဖြူးပေးတဲ့ ဖရီးဒန်း အဖွဲ့ကို လေးစားပါတယ်။ စစ်ကျွန် အဖြစ်နဲ့ နေရတဲ့ အခြေအနေကိုလည်း စိတ်ပျက်ပါတယ်။ ဖရီးဒန်း အဖွဲ့က တင်ပေးနေတဲ့ သတင်းတွေဟာ တိကျမှန်ကန်မှု ရာခိုင်နှန်း များလေ အဖွဲ့ရဲ့ သိက္ခာ တက်လေ ဖြစ်မှာပါပဲ။
    အခု သတင်းကတော့ လုံးဝကို မှားယွင်းနေပါကြောင်း စိတ်မကောင်းစွာနဲ့ သတင်းပေးလိုပါတယ်။
    ရဲရွာစီမံကိန်းဟာ မည်သည့် ဆည်မြောင်းဝန်ထမ်းများနှင့်မျှ မပတ်သက်ပါဘူး။ ဒါ့ကြောင့် သတင်းရပါတယ်ဆိုတဲ့ ဇစ်မြစ်က ပထမ အဆင့်မှာတင် မှားနေပါတယ်။
    နောက်တချက်က ရဲရွာဆည်မှာ ရေပိုလွဲ တံခါးဆိုတာ မရှိပါဘူး။ ဆည် အလည်မှာ ရေလျှံကျဖို့ spillway ပဲ ရှိပါတယ်။ ဆည်ရေလှောင်နိုင်တဲ့ အမြင့်ထက် ကျော်သွားရင် အလိုလို လျံထွက်လာပါတယ်။

    ကြုံတုန်းပြောရရင် Tail race channel ဆိုတာ ဘာမှန်းမသိပဲ ကျိုးပေါက်ပါတယ်လို့ ပြောတဲ့ ကွန်မင့်ဟာလည်း မှားနေပါတယ်ခင်ဗျား။

    • As far as I know, spillway is fuctioning well and surplus water flows out along the spillway channel properly referred to design comment of 3 m above the spillway head. As long as the spillway functions properly the stability of the dam shouldn’t be problem since the design considered this condition. This dam was built for two purposes; viz, detention water at full tank level all the time and regulating power plant and spillway will assist to maitain this design level. This dam is under DHP, not Irrigation Department so that information was not reliable. He could confuse when water is being regulated by tail race tunnel and spillway and the by-pass water flow over spillway is uncontrollable. The estimation of volume of surplus water is a matter of hydrology authority.
      This dam is Roller Compacted Concrete (RCC) dam and the material used is Portland cement and pozollan. Therefore, the dam is more flexible than the concrete dam, this mean, the effect of certain displacement in the dam body on stability is negligible.

  4. အခုလို သတင်းတွေကို လွတ်လပ်စွာ ဖြန့်ဖြူးပေးတဲ့ ဖရီးဒန်း အဖွဲ့ကို လေးစားပါတယ်။ စစ်ကျွန် အဖြစ်နဲ့ နေရတဲ့ အခြေအနေကိုလည်း စိတ်ပျက်ပါတယ်။ ဖရီးဒန်း အဖွဲ့က တင်ပေးနေတဲ့ သတင်းတွေဟာ တိကျမှန်ကန်မှု ရာခိုင်နှန်း များလေ အဖွဲ့ရဲ့ သိက္ခာ တက်လေ ဖြစ်မှာပါပဲ။
    အခု သတင်းကတော့ လုံးဝကို မှားယွင်းနေပါကြောင်း စိတ်မကောင်းစွာနဲ့ သတင်းပေးလိုပါတယ်။
    ရဲရွာစီမံကိန်းဟာ မည်သည့် ဆည်မြောင်းဝန်ထမ်းများနှင့်မျှ မပတ်သက်ပါဘူး။ ဒါ့ကြောင့် သတင်းရပါတယ်ဆိုတဲ့ ဇစ်မြစ်က ပထမ အဆင့်မှာတင် မှားနေပါတယ်။
    နောက်တချက်က ရဲရွာဆည်မှာ ရေပိုလွဲ တံခါးဆိုတာ မရှိပါဘူး။ ဆည် အလည်မှာ ရေလျှံကျဖို့ spillway ပဲ ရှိပါတယ်။ ဆည်ရေလှောင်နိုင်တဲ့ အမြင့်ထက် ကျော်သွားရင် အလိုလို လျံထွက်လာပါတယ်။

    ကြုံတုန်းပြောရရင် Tail race channel ဆိုတာ ဘာမှန်းမသိပဲ ကျိုးပေါက်ပါတယ်လို့ ပြောတဲ့ ကွန်မင့်ဟာလည်း မှားနေပါတယ်ခင်ဗျား။

  5. နေပြည်တော်ကဆည်တွေကျိုးသင့်တယ်..သန်းရွှေတို့အုပ်စုနေတဲ့စစ်ရုံးဖက်ကိုရေတွေအကုန်စီးဝင်ပြီးစစ်ရုံးကြီးတွေရော.
    သူတို့မိသားစုတွေပါအကုန်လုံးနာဂစ်တုန်းကလိုဖြစ်လာတော့မယ်…နောက်ထပ်အများဆုံးကြည့်..၇ ရက်အတွင်းဖြစ်
    မယ်…သေချာပေါက်ပဲ…ကျုပ်ကဗေဒင်ကောင်းကောင်းကျွမ်းကျင်တယ်.အလံကိုနမိတ်မရှိ နမမရှိညနေဖက်ကြီး
    တင်လိုက်တယ်.အဲဒါအပုပ်ချိန်ကြီး..ဗေဒင်.ယတြာမှာ ၁၂ နာရီကျော်မကောင်းဘူး..အပုပ်ချိန်ဆိုတော့နေပြည်
    တော်မှာအပုပ်နံ့တွေဟောင်နေအောင်ထွက်လာတော့မည်..စောင့်ကြည့်…
    ကိုင်ရို…

  6. ခွင့်ပြုချက် မတောင်းဘဲနဲ့ ဒီသတင်းလေးကို ကူးယူပြီး Forward လုပ်လိုက်ပါသည်။ အောက်တွင် မူရင်း website ကိုတော့ ထည့်ပေးလိုက်ပါသည်။ ကျေးဇူးတင်ပါသည်။

  7. အင်း…
    ဘာမဆို လူသိမခံပဲ မြုံစိစိ လုပ်တတ်တဲ့  အစိုးရအောက်မှာ နီးရာဒါး ကိုမကြောက်ပဲ
    အခုလို သတင်းပို့  ပေးတဲ့  ဆည်မြောင်း ဝန်ထမ်းများကို ကျေးဇူးတင်ထိုက်ပါတယ်နော်။
    ဒီလိုဆည်တွေအများကြီးပဲ၊ အခုလဲ ကုလား (ဘင်္ဂလားဒေ့ ရှ်) နဲ့  လုပ်ချင်နေပြန်ပြီ။
    ကောင်းကျိုးထက်ဆိုးကြိုး ကို ဒီ အကောင်တွေ စဉ်းစားသင့် လှပါတယ်။

  8. အခုလို သတင်းပို့ ပေးတဲ့ ဆည်မြောင်း အင်္ဂျီနီယာကို အရမ်းချီးကျုးပါတယ်။ လူမှုဝန်ထမ်း ဆုရတဲ့ သူတွေက ဘာမှ အသုံးမကျဘူး

  9. Spill way construction ရဲ့ pressure ဘယ်လောက်ခံနိုင်လည်းဆိုတာ Ansys software နဲ့ စမ်းထားတဲ့ Velocity graph လောက်နဲ့ဘာမှခန့်မှန်းလို့ မရဘုး၊ high ပေါ်မှုတည်ပြီး water flow rate ရဲ့ velocity ခန့်မှန်းသိတာလောက်ပဲလုပ်နိုင်မှာပဲ။ software model ထဲမှာ ရေထည့်ပြီး run လိုက်မှ stress graph ထွက်လာရင် ground မှာ ရေဘယ်လောက် လွတ်ရင် ရမလဲဆိုတာသိနိုင်မယ်။ အဲဒီရေထက်ကျော်လွတ်မှ spill way ကအန္တရယ်ရှိ နိုင်တယိ။

    • ခန့်မှန်တာလောက်ပဲလုပ်နိုင်လဲ ခန့်မှန်တာလောက်ပဲလုပ်ရမှာပဲ။
      မင်သိတာ မင်းအဖေတွေသွားပြောပြီးလုပ်ခိုင်း၊ ဒါ သူတို့လုပ်ရမဲ့အလုပ်။ နောက်ပြီး တိုင်းပြည်ကို ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်တာတို့ သတိပေးတာတို့ ကြိုတင်ရွေ့ပြောင်းတာတို့လဲ လုပ်ဖို့လိုအပ်တယ်ဆိုတာပါ မင်းရဲ့ နွားအဖတွေကိုပြောလိုက်။

      ဒီမှာ နောက်တက်လာတဲ့ သတင်းတွေ။
      # ရဲရွာ ရေထိန်း တမံ အချို့ ပြိုကျ 13 hours ago
      # ရဲရွာ Tail Race တစ်ခု စတင်ကျိုးပေါက် 22 hours ago
      ဒီတော့ ခန့်မှန်းတာလောက်ပဲလုပ်တာလဲ လက်တွေ့လုပ်နိုင်ပါလျှက် မလုပ်ပဲ တာဝန်မဲ့နေတာထက်တော့သာတယ်။

Comments are closed.