အခမ်းအနား ၀တ်စုံ အပါအ၀င် ၊မြန်မာ စစ်တပ် ၏ ၀တ်စုံ ပြောင်းပြီ
ဒီဇင်ဘာလ ၆ ရက်နေ့  ည က မန္တလေး တိုင်း ပြင်ဦးလွင် မြို့  စစ်တက္ကသိုလ်
တွင် ပြု လုပ် သည့်  သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနား မှ စတင်
ကာ မြန်မာ စစ်တပ် ၏ ပွဲ တက် ၀တ် စုံ ကို အပေါ် တွင် အဖြူ – အောက်တွင်
အစိမ်း ပုပ် ရောင် ဖြင့် စတင် ပြောင်းလဲ ခဲ့ သည် ။ ယခင်က မြန်မာ စစ်တပ် ၏
ပွဲ တက် ၀တ် စုံ မှာ ကာကီ ရောင် ဖြစ် ပြီး ၁၉၇၂ ခုနှစ် မှ စတင်ကာ နှစ် ၄၀
ကျော်ကြာ အသုံး ပြု ခဲ့ သည်။ ထို သို့  ပြောင်း လဲ ရခြင်း သည်မြန်မာ စစ်တပ် ကို
ယခင် စစ်အစိုးရ လက်ထက် မှ စစ်တပ် အသွင် အဖြစ် လူထု အမြင် တွင် ပြောင်း လဲ
သွား စေချင် သောကြောင့် ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှ အကြီး တန်း အရာ ရှိ
တစ်ဦး က FNG ကို ပြောသည်။ ညစာ စား ပွဲ တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်
ချုပ် ကြီး မင်းအောင်လှိုင် လည်း တက်ရောက် ကာ ပြောင်း လဲ ထားသည့် ညစာ
စား ပွဲ ၀တ်စုံ သစ် ကို ၀တ် ဆင် ထား သည်။
သင်တန်း ဆင်းပွဲ အခမ်းအနား မိန့်  ခွန်း ပြောကြား မှု တွင် ကာကီရောင် မူလ  ၀တ်စုံ
ကိုသာ ၀တ်ဆင်ထာားသည်။
×××××××××××××××××××××××××××××××××××××××××
FNG တွင် ယခင် က ဖော်ပြ ခဲ့ သည့် သတင်း
ဟိန်းခိုင်ထွန်း၊              ၊မြန်မာ စစ်တပ် ၏ ၀တ်စုံ အရောင် ကို မူလ မြင်းချီးရောင် မှ
ဝါဖန့် ဖန့် ကာကီ ရောက် အဖြစ်သို့ ပြောင်းလဲ တော့မည် ဟု သတင်းရရှိသည်။ ကာကီ
ရောင် သည် မူလ က လေတပ် နှင့် ၂၀၀၄ခုနှစ် မတိုင် ခင်က ရဲ တပ်ဖွဲ့ ဝင် များ ၏ တူညီ
ဝတ်စုံ အရောင်ဖြစ်သည်။တူညီ ၀တ်စုံ အရောင် များ ပြောင်း လဲရန် ပြီးခဲ့သည့် သီတင်းပတ် က ကျင်းပခဲ့သည့် နေပြည်
တော် ရှိ အစည်းအဝေး တစ်ခု တွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က လမ်း ညွှန် ခဲ့ခြင်း ဖြစ်သည်
ဟု အမည် မဖော်လိုသည့် အကြီးတန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြော
သည်။
စစ်တပ် တူညီဝတ်စုံ ပြောင်းလဲမှု တွင် လေတပ် နှင့် ရေတပ် များ ပါပြောင်းလဲ မည် ဖြစ်ပြီး
ရေတပ် အခမ်းအနားဝတ်စုံ အတွက် အရောင် အား  အပေါ်အောက် အဖြူရောင်အဖြစ် ထား
ရရှိမည် ဖြစ်ပြီး နေ့ စဉ် ၀တ်စုံ အတွက် ကို မူ ရွေးချယ်ရ သေးခြင်း မရှိ ဟု သိရသည်။
မြန်မာ စစ်တပ် သည် ယခု ကဲ့ သို့ စစ်ဝတ်စုံ အရောင်များ အပြောင်းအလဲ လုပ်ရခြင်း
မှာ စစ်တပ် ၏ လှုပ်ရှား မှု များ ကို ဂြိုလ်တု ထောက်လှမ်း ရေး နှင့် လှို့ ဝှက်ကင်းထောက်
လေယာဉ် များ ၏ မှတ် ဥာဏ်များ တွင် လွဲ မှား ၍ ထောက်လှမ်းလေ့လာမှု များ မပြုနိုင်ရန်
အတွက်ရည်ရွယ် သည် ဟု သိရှိရသည်။
စစ်တပ်၏ တူညီဝတ်စုံ များ သည် အချို့ နေရာများ တွင် ရှေးမဆွက ပင် ပြောင်းလဲထားခြင်း
နှင့် ပတ်သက်ပြီး ” အရေးကြီးတဲ့ စစ် ရေး စီမံကိန်း ရှိတဲ့ နေရာမှာပေါ့ တချို့ နေရာတွေ မှာ
စစ်တပ် ကမှန်း မသိအောင် တောခါင်းတွေ လို လယ်ဆည် တွေ ရဲ့ ယူနီဖောင်းလို မျိုးပြောင်း
ပြီးဝတ်ထားတာ ရှိတယ်။ စစ်တပ် က လှို့ ဝှ လုပ်နေမှန်း မသိအောင့် ပေါ့ ၊ ရှမ်းပြည်က နေရာ
တစ်ခု မှာ ဆို လီဗိုင်း ဂျင်း ဂျာကင် နဲ့  ဂျင်းဘောင်းဘီ နဲ့  လုံခြုံရေး ယူထားတဲ့ နေရာတွေ
တောင် ရှိတယ်။အဲဒါ ကြောင့် တပ် လှုပ် ရှား တွေ ကင်းထောက် လေယာဉ် တွေ ထိုင်းဖြစ်ဖြစ်
အမေရိကန် ဖြစ် ၀င်လာရင် မသိတာပေါ့ “ဟု Freedom News Group သို့ ပြောသည်။
ပွဲတက်သည့် အခမ်းအနား ၀တ်စုံ အား ကွဲပြားခြား နား သော အရောင် မျိုး စုံ ဖြင့် ပြောင်း
လဲမည် ဖြစ်သည်။
အခြား အတည် မပြု နိုင်သည့် သတင်း များ တွင်လည်း တရုတ် ပြည်တွင် ရောက် ရှိနေသည့်
မြန်မာ စစ်ခေါင်းဆောင် ၏ ကတော်သည် တရုတ် ဗဟို ဘဏ် ၏ ငွေ လွှဲပြောင်းခြင်း ဥပဒေ
အရ ပိုငွေ အချို့ ကို ပိတ်စ များ ၀ယ်ယူထားရခြင်း ကြောင့် ဟု ဆိုကြသည်။
မြန်မာ စစ်တပ် ၏ အခမ်းအနား ၀တ်စုံ တွင် ပြင်ပ လူများ ဟန်ဆောင် ပြီး ၀င်ရောက် နိုင်
ခြင်း မရှိရန် ၁၉၉၂ ခုနှစ် မှ စ၍ လျှို့ ဝှက် အမှတ် အသား တစ်ခု အား ၀တ်စုံ ပေါ်တွင် တီ
ထွင်ခဲ့သည်။
စစ်ဝတ် စုံများ ပြောင်းလဲ ခြင်း နှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်
ဦး ဖြစ် သူ ကိုငြိမ်းချမ်း  က မူ “လူထု အုံကြွမှု တွေ ဖြစ်လာရင် စစ်တပ် က ပစ်သတ် တာ လူမ
သိအောင် လို့  ဒါမှ မဟုတ် စစ် သား တွေ ကို အုံကြွ မှ ဆိုးလို့ စိတ်ပညာ အရ စွဲမြဲနေ တဲ့
အရောင် တွေ ကို ဖျောက်ပြီး မာန်ချ ခိုင်းတယ့် သဘော ဖြစ်မယ်၊ အလုပ်ရှုပ်နေအောင် ထား
တာပေါ့ ဟု သုံးသပ် ပြောကြားသည်။
ဂျာမနီ နိုင်ငံ တွင် အာဏာရှင် ဟစ်တလာ အုပ်စိုး စဉ် က ဂျာမန် စစ်တပ် ၏ ၀တ်စုံများ ကို
နာမည် ကျော် ဖက်ရှင် ဒီဇိုင် နာများ ထံ အပ် နှံ ကာ စစ်ဌာန တစ်ခု စီတိုင်း အတွင် အရောင်
တစ်ခု စီ သတ်မှတ်ပေး ခဲ့သည်။
နာမည် ကျော် ဂျာမန် စစ်တပ် ယူနီဖောင်း ဒီဇိုင်း များ ကို ယခု ကမ္ဘာ တွင် နာမည် လျှမ်းလျှမ်း
တောက် ကျော်ကြား နေ သည့် ဖက်ရှင်း ကုန်ပစ္စည်း တစ်ခု ဖြစ်သည့် BOSS ၏ အရှင် သခင်
ဖြစ်သူ နာဇီ ပါတီ ၀င် Hugo Ferdinand  Boos က ဖန်တီးပေး ခဲ့ခြင်း ဖြစ်သည်။
မြန်မာ စစ်တပ် တွင် လက်မောင်းပတ် ခြင်း ၊ ခါးပတ် နှင့် စလွယ် ပတ် ခြင်း ၊ ဘက်တန်
ကိုင် ခြင်း အလေ့အထ မရှိ ပါ။
Advertisements
10 responses to “အခမ်းအနား ၀တ်စုံ အပါအ၀င် ၊မြန်မာ စစ်တပ် ၏ ၀တ်စုံ ပြောင်းပြီ
  1. ကျွန်တော့်အမြင်ကတော့ သူ့ဘာသာ ဘာအရောင်ပဲပြောင်းသည်ဖြစ်စေ ကျွန်တော်တို့ ဆွေးနွေးစရာမလိုအပ်ဘူးလို့ ထင်ပါတယ်… ဘာကြောင့်လဲဆိုတော့ သူ့တို့ဘာသာ သူတို့စိတ်ကူးပေါက်ရာ အာဏာကို လက်ကိုင်ထားပြီး လုပ်နေကြတာ… စစ်တပ်ဆိုတာ ပြည်သူကိုလည်း ကိုယ်စားမပြုတဲ့ခေတ်ကြီးမှာ သူတို့လုပ်ချင်တာသာ လုပ်ပါစေတော့… စစ်ယူနီဖောင်းကမသင့်တော်ဘူး ကိုယ်တုံးလုံးနေတာ သင့်တော်တယ်ဆိုလဲ ကြည့်သာနေလိုက်ကြတော့… လွှတ်ထားလိုက်ကြပါ… ခေါင်းထဲ အနှောင့်အယှက်ခံမနေကြပါနဲ့… ကိုယ်တို့ လုပ်စရာရှိတာသာလုပ်ကြ… ပြည်သူကိုယ်စားပြုတဲ့ အစိုးရတက်လာမှသာ ဘာဖြစ်သင့်တယ်ဆိုတာ ဆွေးနွေးကြတာ ပိုကောင်းမယ်ထင်တယ်…
  2. ၊မြန်မာ စစ်တပ် ၏ ၀တ်စုံ အရောင် ကို မူလ မြင်းချီးရောင် မှ ၀ါဖန့် ဖန့် ကာကီ ရောင် အဖြစ်သို့ ပြောင်းလဲ တော့မည် ဟု သတင်းရရှိသည်။ ကာကီ ရောင် သည် မူလ က လေတပ် နှင့် ၂၀၀၄ခုနှစ် မတိုင် ခင်က ရဲ တပ်ဖွဲ့ ဝင် များ ၏ တူညီ
    တော် ရှိ အစည်းအဝေး တစ်ခု တွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က လမ်း ညွှန် ခဲ့ခြင်း ဖြစ်သည် ဟု အမည် မဖော်လိုသည့် အကြီးတန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြော သည်။
    မြင်းချီးရောင် မှ ၀ါဖန့် ဖန့် ကာကီ ရောင် မဟုတ်ပါ ။ ရွှေဝါေ၇ာင် ပါ ။ပြည် ထောင်စုနေ အခမ်းအနား မှာ ဦးသန်းရွှေကိုယ် တိုင် ပြောင်းမည့် ယူနီဖေါင်းကို ၀တ်ပြပြီးပြီဟု သိရပါသည် ။ ဗိုလ်ချုပ်ကြီးတွေအားလုံးလဲ အားပါးတရ၀တ် ဆင် ကြသည် ဟု သိရပါသည် ။ ယခု တပတ်အတွင်း အထင်ရှားဆုံးနဲ့  အရီ၇ဆုံးမေးမှာ ဗိုလ်ချုပ်ကြီးတွေ ထမိန်ဝတ်ကုန်ကြပြီဆိုတဲ့  မေးဖြစ်ပါတယ် ။ အဲဒီမေးမှာ ၁။ ချိတ်ထမိန်နဲ့ သန်းရွှေ ၂။ ချိတ်ထမိန်နဲ့ တင်အောင်မြင့်ဦး ၃။ အခုကတည်းက ထမိန်ဝတ်နေရတဲ့ အမတ်မင်းများ ဆို ပြီးတော့  ပုံနဲ့  တကွဖေါ်ပြထားပါတယ် ။ အာဆီယံတွေက အစည်းအဝေးတွေမှာ ဟာဝေယံ ရှပ်တွေဝတ်ကြတော့၊ သန်းရွှေကလည်း အားကျမခံ ..
    “ကဲ ဟေ့ကောင်တွေ မင်းတို့လည်း ချိတ်ထမီဝတ်ကြကွာ” တဲ့။
    သူကိုယ်တိုင်လည်း ချိတ်ထမိန်ကြီးနဲ့။
    ရယ်စရာ၊ ပြုံးစရာလေးအဖြစ် မျှဝေတာလို့ ထင်ပါတယ်။ ကျနော်လည်း ရယ်မိ၊ ပြုံးမိပါတယ်။ ဒါကို ကျနော်က ကျနော့ဇနီးကို ပြန်မျှတော့ သူက လုံးဝ မရယ်ဘူးဗျ။ ဒါက ဒေါ်အောင်ဆန်းစုကြည် အာဏာမရအောင် သူတို့ မိန်းမလိုလို ဝတ်ပြီး ယတြာချေတာလို့ အလေးအနက်ကြီး ပြောတယ်။
    အခု သတင်းနဲ့  ဆက် စပ် ပြီး ကြည့် မိတော့ မြန်မာစစ်တပ် ကို ထမိန်ဝတ်တွေနဲ့  ဆို တော် တော် လန် မှာ ဘဲ လို့ တွေးမိပါတယ် ။ စစ်တပ်ထဲကအိမ်ထောင် သည် အမျိုးသမီးတွေကတော့  သူတို့ ၇ဲ့ ချိတ်ထမိန်လေးတွေ မျက်ခုံးလှုပ် နေကျပြီလို့ ပြောပါတယ် ။ တချို ကလည်းအခု ကတည်းက အပေါင် ဆိုင် ပို့ ပြီးသိမ်းထားကျပြီလို့ ကြားပါတယ် ။
    aungaungaung
    • အဲဒါ အခမ်းအနား ၀တ်စုံ လို့ ခေါ်တယ်။ နောက် ဆို ကော့မန့် ရေးရင် ကိုယ့်အိုင်ဒီယာနဲ့ ရေးပါ သူများရေးတာ ကော်ပီ လုပ်တာ တို့ 
      ပြန်ဖော်ပြတာ တို့ ခွင့်မပြုပါဘူး။
  3. ဒါဆို .. မြန်မာ စစ်တပ်က US Army ယူနီဖောင်း အတိုင်း လိုက်လုပ်တာနေမှာပေါ့ …
    US Army က စစ်ထွက်ဝတ်စုံက အဲဒီလို ကာကီရောင် လိုလို ဘာလိုလိုလေ.. အခမ်းအနား ၀တ်စုံကျတော့
    အနက်ရောင် …
  4. စစိမှူမထမ်းမနေရ ပြဌာန်းသင့်လာမသင့်လားစဥင်္းစားတာကြည့်ပေတော့.. ဘယ်လောက်စစ်ရေးအမြင်ရှိလည်းမရှိလဲ.. >>yeah right…. စစ် uniform ကို pink color လိုတောင်ထင်လိုကိသေးတယ်။ စစ်တိုက်ဖို့ အတွက်စစ်သားဆိုတာ… model လမ်းလျောက်ဖို့မဟုတ်ဘူး. အလွယ်တကူသိသာထင်ရှားမြင်နိုင်တဲ့အရောင်ဝတ်ပြီးစစ်တိုက်လို့ရမလား။။ ပစ်မှတ်ကြီးကရှငိးနေမယ်ဆိုတာတောင်မစဥင်္းနိုင်ဘူးလား။ နိုင်ငံတကာမှာလှူပ်ရှားနေတဲ့ စစ်တပ်တွေ သတင်းတွေမှာ၊ ရုပ်ရှင်တွေမှာကြည့်ရင်တောင်မြင်နိုင်တယ်.. စစ် uniform ကအဲဒီနိုင်ငံရဲ့ရေမြေတော်တောင် ပတ်ဝန်းကျင်ထဲမှာပျေက်ကွယ်သွားနိုင်တယ်အနေထားမျိုးရှိရမယ်. ဒါမှ ရန်သူကကိုယ်လှူပ်ရှားတာကိုအလွယ်တကုမတွေနိုင်ပဲဖြစ်မှာပေါ့။။ ဥပမာ ရေခဲပြင်မှာစစ်တိုက်ရင် အဖြုရောင်တွေဝတ်ပြီးစစ်တိုက်တာမတွေ့ဘူးလား။
  5. မြန်မာ စစ်တပ် ရဲ့ သမိုင်း မှာ ယူနီဖောင်းတွေ ဘယ်အချိန် က ဘယ်လို ပြောင်း လဲ ဆိုတာ FNG က ပဲဖြစ်ဖြစ်
    တခြား သိတဲ့ လူကပဲ ဖြစ်ဖြစ် သိရင် ဝေမျှ ပေးပါလား
  6. လစာနည်း စစ်သားတွေ ယူနီဖောင်း ဖိုး ကုန် အုန်းမယ်။ကြားတာတော့ အမကြိုင် ဒေါ်လာတွေ ကို တရုတ်ဘဏ်က
    အကုန် လက်မခံလို့ ဒါမှမဟုတ် US reject အထည်တွေ ကို အတင်းထိုးရောက်လိုက်တာတယ့် ။ကူမင်းမြို့ တော်ဝန်
    က ဒေါ်ကြိုင်ကြိုင် ကို ခေါ်တွေ့ တယ်တဲ့။ ပိတ်စ ၀ယ်မလား ငွေလာသွင်းတာ leak လိုက်ရမလားတဲ့ ကျွန်တော်သိ
    တာတော့ ဒါ အကုန် ပဲ FNG ရေ မေးလဲ ပို့ ထားတယ်။
Comments are closed.