အာရပ် နွေဦး တော်လှန်ရေး ၏ ဘူမိနက်သန် လေးနှစ် ပြည့် အထိမ်းအမှတ်

ဂျက်ဖရီ၊ ၊၂၀၁၀ ခုနှစ်ဒီဇင်ဘာလ မှာတူနီရှား နိုင်ငံ က အသက်၂၆ နှစ် အရွယ်ရှိ တက္ကသိုလ်
ဘွဲ့ ရ မိုဟာမက် ဘူဇာဇီ ရဲ့  လမ်းဘေးမှာရောင်း တဲ့  သစ်သီး ဗန်း ကို ဆစ်ဒီဘူဇီ မြို့ အာဏာပိုင်တွေ

က ခွင့်ပြုချက် ယူပြီးမရောင်းလို့  ဆိုပြီး အကြောင်းပြကာ သိမ်းဆည်း ခဲ့ပါတယ်။

တစ်နေ့ စာ တစ်နေ့ ရင်းပြီး ရိုးသားစွာ ၀မ်းစာရှာရတဲ့ ဘွဲ့ ရကျောင်းသား ဘူဇာဇီ က သူ့ ရဲ့ သစ်သီးဗန်း
အသိမ်းခံခဲ့နောက်မှာတော့ ဆန္ဒပြတဲ့ အနေ နဲ့  ဒီဇင်ဘာလ ၁၉ ရက်နေ့ မှာ မြို့ တော် အုပ်ချုပ်ရေး ရုံး
အရှေ့ မှာ သူ့ ကိုယ်သူ မီးရှို့ ပြီး ဆန္ဒပြ ခဲ့ပါတယ်။

မီးရှို့ ပြီး ဆန္ဒပြတဲ့ ဘူဇာဇီကို အာဏာပိုင်တွေ က ဆေးရုံ ကို အမြန်တင်ပို့ ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ ရဲ့ 
ဇာတိမြို့ ဖြစ်တဲ့ ဆီဒီဘူဇီ မှာ တော့ ဒေါသထွက်နေတဲ့ လူ၁၀၀ ကျော်လောက်ကနေ စတင်ဆန္ဒပြကြတာ
မှာ တူနီရှား အာဏာရှင် ၀န်ကြီးချုပ် ဘင်အလီ လဲ နိုင်ငံ က ခွေးပြေး ၀က်ပြေး ထွက်ပြေး
ခဲ့ရပါတယ်။

” ဒီဇင်ဘာလ ၁၈ ရက်နေ့  ၂၀၁၀ ခုနှစ် မှာ သစ်သီးရောင်း တဲ့ ဘွဲ့ ရ တက္ကသိုလ် ကျောင်းသား
က ရောင်း တဲ့ သစ်သီးလှည်း ကို ရဲ က သိမ်းသွားတာ သာမန် ကိစ္စလေးလို့ ပဲ အားလုံး ကထင်
ကြတယ်။ အခုတော့ လေယာဉ်တင် သင်္ဘောကြီးတွေ တိုက်လေယာဉ်တွေ နဲ့ တောင် လစ်ဗျားအာဏာ
ရှင် ကို နှိမ်နှင်းယူနေရပြီ (အခုတော့ ကဒါဖီ လဲ အာဏာလက်လွှတ် နဲ့  ၀ရမ်းပြေး ဘ၀ ရောက်နေ ပါပြီ)
လို့  အီဂျစ် နိုင်ငံ ရောက် မြန်မာ လူမျိုး ကိုစန်းမောင် က ပြောပါတယ်။

ပြဿနာ က ဒီမှာ တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း၊ယီမင် စတဲ့ နိုင်ငံ
တွေ အထိပါ လူထု အုံကြွမှု တွေ ကူးစက်သွားပြီး ဆော်ဒီအာရေးဗီးယား ၊ ဇင်ဘာဘွေ၊ တရုတ်၊ ဆီးရီးယား၊
အခုလို မငြိမ်မသက် မှု တွေ ပေါ်ပေါက်လာခဲ့ရတာ  ဖြစ်ပါတယ်။

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၁)

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၃)

အခု လို ပြည်သူလု ထူ အုံကြွမှု ဟာ လစ်ဗျား မှာတော့ အပြင်းထန် ဆုံးဖြစ်နေပြီး အမေရိကန် အင်္ဂလန်
နဲ့ ပြင်သစ် စတဲ့ နေတိုး အဖွဲ့ ဝင် နိုင်ငံ တွေက လေယာဉ် တင်သင်္ဘော တွေ ၊ တိုမာဟောခ် ဒုံးကျဉ်တွေ
တင်ဆောင်ထား တဲ့ သင်္ဘောတွေ က ဒုံးကျဉ် တွေ နဲ့ ပစ် လေကြောင်း ကနေ တိုက်ခိုက်ပြီး တော့ တောင်
အာဏာရှင် ကို နှိမ်နှင်းနေရပြီ ဖြစ်ပါတယ်။

အခုတော့ လစ်ဗျား အာဏာရှင် ကဒါဖီ လည်း နင်သာ လူမိုက် ဒုစရိုက် ဟု ရိုက်ပုတ် လိုက် ကြ တောမှာ
သေသည် ကောင်သေလင်းတ ကျ သတည်း ဆိုသလို့  သူ့  ရဲ့  အမိုက် ဇာတ် သိမ်းသွား ခဲ့ ပါပြီ။
TUNISIA-POLITICS-GOVERNMENT-DEMO

Advertisements

7 responses to “အာရပ် နွေဦး တော်လှန်ရေး ၏ ဘူမိနက်သန် လေးနှစ် ပြည့် အထိမ်းအမှတ်

  1. ဒီလို နိုင်ငံရေး ဗဟုသုတ ဆောင်းပါးတွေကို များများ တင်ပို့ပေးတာ အရမ်းကို ဗဟုသုတ ရပါတယ်။
    ပြည်သူတွေကို မျက်စိဖွင့် နားဖွင့် ပေးတဲ့အပိုင်းကနေ တာဝန်ကျေပွန်သူအဖြစ် မှတ်တမ်းတင်ပေးထားပါ့မယ်။
    နောက်နောင် ဒီလိုဆောင်းပါးမျိုးကို များများပေးပို့ပါရန် လေးစားစွာဖြင့် အကြံပေးအပ်ပါသည်။

  2. ရှမ်းပြည်မှာဆို ကိုရင်ငယ်လေးတွေ ဘုန်ကြီးတွေ လက်နက်ကြီးဒဏ်ကြောင့် ပျံလွန်တော်မူကြလေရဲ့…
    ဘယ်သူမှ ကူညီဘို့နေနေသာသာ စိတ်မကောင်းပါဘူးလို့တောင် မပြောကြဘူး။ သေချာရဲ့လားရှမ်းပြည်သူရယ်…ဘယ်နားမှာဖြစ်တာလဲဟင်! သေချာရင်ကူညီချင်လို့ပါ…လိမ်တော့မပြောနဲ့နော် ဘုရားမကြိုက်လို့ပါ။ကံကြီးထိုက်မှာလည်းစိုးလို့ပါ…….

  3. Yes, that’s right.. then who will burn him/her-self for Myanmar? this is the greatest suicide mission for the liberation of Myanmar, I propose (so-called) Myanmar political refugees from US and west countries should burn themselves in wherever they are in-front of Myanmar embassy, you don’t need to come back to Myanmar, and prove their commitment to the revolution. Who will do that? Moe Thee Zun? Dr. Lun Swe? or any one?

    Don’t dump this duty to people inside Myanmar, not this time, we have been scarified more than enough inside Myanmar. Over 2000 students and people have been jailed and tortured to death, and thousands of people including monks have been gave their lives for the cause already.

    NOW.. This is your (Myanmar opposition people outside) turn !

    What say you?

  4. ကဲ….. စလိုက်ကြရအောင်… ချိန်တန်ပြီ … အလွန်ကောင်းတဲ့ အစီအစဉ်ပါ…

  5. ရှမ်းပြည်မှာဆို ကိုရင်ငယ်လေးတွေ ဘုန်ကြီးတွေ လက်နက်ကြီးဒဏ်ကြောင့် ပျံလွန်တော်မူကြလေရဲ့…
    ဘယ်သူမှ ကူညီဘို့နေနေသာသာ စိတ်မကောင်းပါဘူးလို့တောင် မပြောကြဘူး

  6. မင်းဆိုးမင်းညစ်တွေနှိစက်တာ.ဖိနှိပ်လွန်းတာဟာ..လူသားတွေ..ဘယ်လို..ဆန္ဒတွေ်ပြနေတယ်ဆိုတာကြည့်ရင်.စာနာဘို့ကောင်းပါတယ်။ဒုတိယ။။။ဆတ်ဒန်ဟူစိန်လိုဘဲ…..ကြိုးကွင်းစွတ်ဘို့..ချီလာနေပြီ….ဒီမိုကရေစီဆိုတာ
    သိအောင်…..ကဒါဖီ..ကိုရမ်ကျမ်းစာပိုက်ပြီး..စောင့်နေနော်..

  7. အလွန်ကောင်းတဲ့ အစီအစဉ်ပါ…

Comments are closed.