အုပ်စု လိုက် မုဒိမ်းကျင့် ခံရသည့် အမျိုး သမီး ကို ပြန်လွှတ်ပေး
LATEST :သူမ ၏ အဖြစ်မှန် ကို လှီးလွှဲ ပြောဆိုခဲ့ လျှင်  ဓါစားခံ အဖြစ်ဖမ်းဆီးထားသည့် သူမ၏
သမီး ကိုပြန်လွှတ်ပေးပြီး  မြန်မာ နိုင်ငံ ၏ လူကုံထံ များ နေသာ ရပ်ကွက် တွင် ဇာတ်မြုပ် နေထိုင်ရန်
အကောင်း စား အိမ် တစ် လုံး ၀ယ် ပေးမည် ဟု ကဒါဖီ ၏ သစ္စာခံ များ က ခြိမ်းခြောက် ဟု SKY News
တွင်ဖော်ပြ
နိုင်ငံတကာ သတင်း ထောက်များ ရှိနေသည့် ထရီပိုလီရှိ ဟိုတယ် တစ်ခု သို့ ဝင်ရောက်လာကာ
သူမ အား လက်ထိပ်ခတ် ၍ နှစ် ရက် တိုင် တိုင်  လစ်ဗျား စွမ်းအား ရှင် ၁၅ ဦး ကျော် က မုဒိမ်း ကျင့် ခံရသည့်
အဖြစ်ကို ရင်ဖွင့် မည့် အမျိုး သမီး ကို ယမန်နေ့ က လစ်ဗျား ဟိုတယ်  တွင် ဖမ်း ဆီးသွား ပြီး
နောက် ယနေ့  ပြန်လွှတ်ပေး လိုက်သည် ဟု  လစ်ဗျား အစိုးရ က ပြောသည်။
သူမ အား ဖမ်းဆီး ပြီး မုဒိမ်း ကျင့် သူများ ထဲတွင် လစ်ဗျား နိုင်ငံ၏ ထိပ်တန်း ရဲ အရာ ရှိ တစ် ဦး ၏
သား ဖြစ်သူ လည်း ပါဝင်ပြီး အခြား ရဲ တပ် ဖွဲ့ ဝင် ငါးဦး ကို လည်း ဖမ်းဆီး ပြီး ထိုက်သင့် သည့် ပြစ်
ဒဏ် များ ပေးမည် ဟုလစ်ဗျား ဒု နိုင်ငံခြား ရေး ၀န်ကြီးက SKY NEWS သို့ ပြောသည်။
အိုင်မန် အယ်(လ) အိုဘီဒီသည် ဘန်ဂါဇီ မြို့ တွင် နေထိုင်သူဖြစ်ပြီး  ဥပဒေ ဘာသာရပ် အဖြစ်
ဘွဲ့ ရရှိပြီး သူ တစ်ဦး ဖြစ်ကာ ဘန်ဂါဇီ မြို့ သို့ အပြန် တွင် ထရီပိုလီ မြို့ ထွက်ရှိ ရဲစခန်း အနီး တွင်
မုဒိမ်း ကျင့် ခံရခြင်း ဖြစ်သည်။
ယောက် ဟု သတင်း လွှင့် ထား သော် လည်း သူမှ နှင့် တွေ့ ခဲ့ရသည့်  နိုင်ငံတကာ သတင်း
ထောက်များ က မူ အိုဘာဒီ မှာ စိတ်ထိခိုက် ဖွယ်ရာ အဖြစ် အပျက် များ နှင့် ကြုံတွေ့ ခဲ့ရသည်
ဟု ဆိုသည်။
လစ်ဗျား အစိုးရက အိုင်မန် ကို ပြန်လွှတ်ပေးလိုက် သော် လည်း သူမ ၏ သမီး ကို တန်ဆာခံအဖြစ်
ဖမ်းဆီးထား သည် ဟု သတင်းရရှိသည်။
မုဒိမ်းကျင့် ခံရသည့် အမျိုး သမီး ပြန်လွတ်လာ ခြင်း နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ မှာ ရှေ့ နေတစ်ဦး
ကမူ “မြန်မာ နိုင်ငံ မှာ ဆို ပြန်လွှတ်ပေး မှာ မဟုတ်ဘူး အခုလောက် ဆိုအသက် တောင် ပျောက်
နေလောက်ပြီ ” ဟု ပြောသည်။
ယမန်နေ့ က သူမ ကို ဖမ်းဆီးသွား သည့် ဗီဒီယို များ ကို ကြည့်ရှုရန်
Advertisements
12 responses to “အုပ်စု လိုက် မုဒိမ်းကျင့် ခံရသည့် အမျိုး သမီး ကို ပြန်လွှတ်ပေး
  1. ကျုပ်ဆိုရင်တော့တိုင်းပြည်အတွက်ရွေးမယ်ဗျ … အရှေ့ လည်းကြည့်စရာမလိုဘူး အနောက်လည်းကြည့်စရာမလိုဘူး … ခင်ဗျားတို့ ကြည့်ရမှာပြည်သူ့ အတွက် … မဟုတ်ရင် သောင်းဂဏန်းမပြောနဲ့ တပြားမှမယူသင့်ဘူး …
  2. (ဒီမှာသွားပြီးကြည့်ကြပါ http://vimeo.com/21435257 တိရိစ္ဘာန် နဲ့ နှိုင်းရတာတောင် တိရိစ္ဆာန် သိက္ခာကျတယ် စစ်တပ်အကြောင်း ကို စစ်သား ကိုယ်တိုင်ပြောထားတာ)….စောက်ရူးရေးထားတာတွေကိုစောက်ရူးတွေပဲဖတ်မယ်…စစ်သားရေးတာမှန်တယ်လို့ဘယ်ခွေးသားကအာမခံတာလဲ..ဒီလိုအကွက်တွေက ရိုးနေပါပြီကွာ….
    • စောက်ရူးဆိုးပေ … မြန်မာစစ်တပ်မှာစိတ်ကျန်းမာရေးကောင်းတဲ့ကောင်တစ်ကောင်မှမရှိဘူး
  3. ဗမာလေးဆိုတဲ့မျိုးမစစ်လေး ကိုယ်လူမျိုးကိုယ်နှိမ်ချပြောတဲ့စောက်ရူးလေး မင်းကကောဘယ်ဥကပေါက်တဲ့ကောင်လဲဆိုတာလူသိအောင် ပြောနေတာလား..မျိုးမစစ်လေးရ။
    • ဗမာလေးပြောတာအမှန်တွေဘဲဗျ….နာဂစ်တုန်းကလဲ သူများလုဒါန်းတာတွေကိုဖြတ်အုပ် အလုလုပ်မဲ့စေတနာရှင်တွေကို လမ်းမှာတားပြီးငွေညှစ်တာတွေ…….ခင်ဗျားလုံးဝမသိတာလား မသိချင်ယောင်ဆောင်နေတာလား…..
      တချို့ကိစ္စအတော်များများမှာ ထိပ်ပိုင်းကလူကြီးတွေမသိလိုက်ရဘဲ ရပ်ကွက် မြို့နယ်အာဏာပိုင်တွေရိုက်စားလုပ်သွားကြတာ အများကြီးရှိတယ် အဲဒီအကျင့်ပျက်ကောင်တွေက အာဏာကိုအလွဲသုံးစားကိုယ်ကျိုးရှာပြီး အထက်ကိုကြတော့တမျိုးတင်ပြတာ ဒီလူတွေဟာ အစိုးရကိုသွယ်ဝိုက် နာမည်ဖျက်နေတယ်လို့တောင်ဆိုရမယ်
  4. တကယ်တော့ မြန်မာစစ်တပ်ထဲမှာရှိတဲ့ ကောင်တွေ အများစု ရဲ့ အတွေးက တိရိစ္ဆာန်လောက်တောင် ဇောက်မနက်ဘူး။ ဒီလိုဖြစ်ရတာလဲ လမ်းဘေးက ကလေကချေလေးတွေကို အသက်မပြည့်ခင် အတင်းခေါ်ပြီး စစ်ထဲထည့် တိရိစ္ဆာန်စိတ်ဖြစ်အောင် brain wash လုပ် တခါတည်းရိုက်သွင်းထားတာလေ။
    ဒီမှာသွားပြီးကြည့်ကြပါ http://vimeo.com/21435257 တိရိစ္ဘာန် နဲ့ နှိုင်းရတာတောင် တိရိစ္ဆာန် သိက္ခာကျတယ် စစ်တပ်အကြောင်း ကို စစ်သား ကိုယ်တိုင်ပြောထားတာ
  5. ချိန်တန်ပြီ :မှန်၏… မြန်မာနိုင်ငံမှာဆို ပထမတုန်းက (၁၅) ယောက် မုဒိမ်းကျင့်လို့ ဒီလိုမျိုးထပ်ဖြစ်မယ်ဆို နောက်ဆို အယောက် (၁၀၀) ကျော်လောက်က ထပ်ကျင့်မယ်ထင်တယ်… အကောင်းအတိုင်းပြန်ထွက်လာရင်တော့ ရှာမှရှားသူတစ်ဦးပဲ…
    ချိန်တန်ပြီ ရေ မဖြစ်နိုင်တာတွေမပြောပါနဲ့ အယောက်(၁၀၀) ဆိုတာ အဲ့ဒီထက်များမှာ လူယုတ်မာတွေဒီလောက်များတာကို၊ပြ
ီးတော့အကောင်းအတိုင်ပြန်ထွက်လာမဲ့ ရှာမှရှားသူဆိုတာလည်းလုံးဝမရှိနိုင်တဲ့ကိစ္စဘဲ ဘက်မလိုက်ဘဲတည့်တည့်ပြောပါဗျာ။
  6. လစ်ဗျားက မသတ်ဘဲ ပြန်လွှတ်လိုက်တာ မြန်မာစစ်သားတွေလောက် မယုတ်မာဘူးဆိုတာ သိရသလို မူစလင်ဖြစ်တဲ့ ကဒါဖီ သူတို့ ဗလီဆရာတွေကို ပြန်သတ်တယ်လို့လဲ မကြားမိသေးဘူး။ ဘာဘဲ ပြောပြော ကဒါဖီက သန်းရွှေထက် ရက်စက်ပေမဲ့ မရိုင်းဘူး။ အင်္ဂလိပ်လိုလဲ ကောင်းကောင်းပြောနိုင်တဲ့အတွက် စာမတတ်တဲ့ သံဃာ သတ်ကောင်ထက်လို့ အဆင့်အများကြီးတယ်
  7. ကဒါဖီ အစိုးရ မိုက်ရိုင်းတာက မြန်မာအစိုးရထက်တော့ ယဉ်ကျေးသေးတယ်…မြန်မာပြည်မှာဆို မလွယ်ဘူး…သေအောင်ရိုက်နှက်
    လိုက်ကြမှာ…ထောင်ထဲပို့လိုက်ယင်လဲ သိတဲ့အတိုင်း အကောင်းအတိုင်း ပြန်ထွက်လာမှာ မဟုတ်တော့ဘူး…
    ဗုဒဘာသာနိုင်ငံဖြစ်တဲ့ ငါတို့နိုင်ငံက ဘာလောက်ဆိုးသွမ်းရတာလဲ>>>???????
    • မှန်၏… မြန်မာနိုင်ငံမှာဆို ပထမတုန်းက (၁၅) ယောက် မုဒိမ်းကျင့်လို့ ဒီလိုမျိုးထပ်ဖြစ်မယ်ဆို နောက်ဆို အယောက် (၁၀၀) ကျော်လောက်က ထပ်ကျင့်မယ်ထင်တယ်… အကောင်းအတိုင်းပြန်ထွက်လာရင်တော့ ရှာမှရှားသူတစ်ဦးပဲ…
    • ခင်ဗျားတို့က ပြည်သူတွေအပေါ်ပဲ မိုက်ရိုင်းတယ်ထင်လို့လား..စစ်တပ်ထဲက အောက်ခြေအဆင့်မှာလည်း ခင်ဗျားတို့ ပြည်သူတွေနဲ့အတူတူပါပဲ မဝရေစာစားပြီး နှိပ်စက်ခံနေရတာ….သူတို့က ဒီမိုတွေကိုပြောတယ် အနောက် -ီးစုပ်နေတာတဲ့…ကျွန်တော်စဉ်းစားမိတယ် အနောက် -ီးစုပ်တာ ထမင်းဝသေးတယ် ..ကျွန်တော်တို့သန်းရွှေ -ီး စုပ်ရတာ တလသောင်းဂဏန်းနဲ့ ဘယ်အချိန်အသက်ထွက်မှန်းမသိရဘူး မိသားစုလည်းထမင်းမဝဘူး.အသက်ပေးပြီးစုပ်နေရတာ …. . မသေခင်တော့ အနောက် -ီးစုပ်ပြီး ထမင်းဝဝစားပြီး နေသွားချင်သေးတယ်.. မှတ်ချက်.(ဒီလိုပြောလို့ မကျေနပ်သော စုပ်ဖေါ် စုပ်ဖက်(စစ်သား) များရှိပါက ဆဲနိုင်သည်.). ဘာပဲပြောပြော လူများတွေလို ဘဝကိုသက်တောင့်သက်သာနဲ့ ကျော်ဖြတ်ချင်တယ်…စစ်တပ်ထဲမှာနေရတာတော်တော်ကြောက်နေပြီ သေရမှာမဟုတ်ဘူး မိသားစုထမင်းမဝလို့ ပြီးတော့သားသမီးရှေ့ရေး ကဲစဉ်းစား…ခင်ဗျားဆိုရင်ကော ….သန်းရွှေနဲ့ အနောက် ဘာကိုရွေးမလဲ?????????????????????????????????
Comments are closed.