အိမ်ဖြူတော် တွင် အိုဘားမား ၏ သတင်းထောက်များ ညစာတည့်ခင်း ဧည့်ခံပွဲ နှင့် စကားစစ် ထိုးပွဲ

‘Did we fake the moon landing?’ ‘What really happened on Roswell?’
And ‘Where are Biggie and Tupac?'”
Obama’s White House Correspondent Speech
MUST READ ယနေ့ ကျင်းပသည့် အိမ်ဖြူတော် သတင်းထောက် များ ညစာ တည့် ခင်းဧည့်ခံပွဲ တွင် သမ္မတ
အိုဘာမား က သူ၏ ဒုတိယ သက်တမ်း ရွေးကောက် ပွဲတွင် ပြိုင်ဘက် ဖြစ်လာ နိုင်သည့် အိမ်
ခြံမြေ သူဌေး နှင့် အလှမယ် ပြိုင်ပွဲ များ ဦးဆောင် ကျင်းပသည့် သူဌေး ဒေါ်နယ် ထရမ့် ကို
ပြန် လည် ၍ ထိုးနှက် ချေပ ထား ပုံ ကို တွေ့ ရမည် ဖြစ်သည်။

ရီပတ်ဘလီကန် ပါတီဝင်တစ်ယောက် ဖြစ်သည့် ဒေါ်နယ် ထရမ့် သည် အိုဘားမား အား အမေရိကန်
နိုင်ငံတွင် မွေးဖွား ခဲ့သူ မဟုတ် ဟု ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချမှု များ ပြုခဲ့ရာ ပြီးခဲ့သည့် တနင်္လာ
နေ့ က အိုဘာမား က မွေးစာရင်း အစစ်အမှန် ကို ထုတ်ပြခဲ့သည်။

ယနေ့ ည စာစားပွဲ တွင် အိုဘားမား က ဒေါ်နယ် ထရမ့် အား တုံ့ ပြန်ရာတွင် “အမေရိကန် နိုင်ငံ နိုင်ငံ
က ၁၉၆၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ တွင် အာကာသ ယာဉ်မှု နီးလ် အမ်းစထရောင်း လပေါ် လူသား
လမ်းလျှောက် ခြင်း၊ ၁၉၄၇ ခုနှစ် ဇူလိုင် အတွင်း နယူး မက္ကဆီ ကို ပြည် နယ် ရောစ့်ဝဲ တွင် တခြား
ကမ္ဘာ မှ ဂြိုလ် သား များ ၏ ယာဉ် များ တိုက် မိ ပျက်ကျ ခြင်း နှင့် ရက်(ပ) အဆိုတော် တူ ပက် ရှကာ
နှင့် Notorious B.I.G တို့ လုပ်ကြံ ခံရ ခြင်း များ နှင့် နှိုင်းယှဉ် ပြောကြား သွား သည်။

အမေရိကန် နိုင်ငံ တွင် ထို အဖြစ် အပျက် များ တကယ် ဖြစ် ခဲ့သော် လည်း အချို့ က ” အမ်းစထရောင်း
လပေါ် လမ်းလျှောက်တာ အင် ထု ထားတာပါ” ။ ပန်းကန် ပြားပျံ ပျက် ကျ တာ နယူးမက္ကဆီ ကို မှာ အမေ
ရိကန် စစ်စခန်း နဲ့  တိုက် ချင်း ပစ် ဒုံးကျဉ် တွေ ထား လို့  စစ်တပ် က လူ မနေ အောင် ပန်းကန် ပြားပျံ
ဆို ပြီး ခြောက်တာပါ”၊ တူပက် နဲ့ ဘစ် ဂီ တို့ လည်း နာမည်ကြီး ပြီး ဓာတ်ပြား တွေ ရောင်းချင် လို့ သေချင်
ယောင် ဆောင် ကြတာပါ ” စသည် ဖြင့် ထိုကဲ့သို့ သော အမျိုးမျိုး သော နုံချာ သည့် သံသယ ဝေဖန် မှု
များ ကို မပြုလုပ်မိရန် အို ဘား မား က ဒေါ်နယ် ထရမ့် အကြံပြု ပြောကြား သွားသည်။

ဒေါ်နယ် ထရမ့် သည် ထို ညစာစား ပွဲ သို့ တက်ရောက် သည်။ အမေရိကန် တွင် ရီပတ် ဘလီကန် များ က
ဒီမိုကရက် ပါတီ နှင့် အိုဘားမား ကို အမျိုးမျိုးသော ဝေဖန် ထိုးနှက် မှု များ ပြုသည်။

အိမ်ဖြူတော် သတင်းထောက် များ အသင်း အား တစ်နှစ် တစ် ကြိမ် အမေရိကန် သမ္မတ က ညစာ တည့်
ခင်း ဧည့်ခံ ကျွေးမွေးသည်။

အိုဘာမား က သူ၏ ညစာတည့်ခင်း ဧည့်ခံပွဲ တွင် Lion King ရုပ်ရှင် ၊ အပါအ၀င် အခြား Presentation
များ ဖြင့် တက်ရောက် သူ သတင်း ထောက်များ ၊ ဖိတ်ကြားထားသူများ ကို တင်ဆက်
ပြသသွားသည်။ (ဗီဒီယို တွင် ကြည့်ပါ)

Read more: http://www.ibtimes.com/articles/139952/20110501/obama-whcd-white-
house-correspondents-dinner-donald-trump-fox-meyers-seth.htm#ixzz1L4zidveG

Advertisements