ဒင်ဗာ ဘုန်းတော်ကြီးကျောင်း ဖွင့် ပွဲ သီတဂူ ဆရာ တော် ကြွရောက် ချီးမြှင့်

ကမ္ဘာ့ ဗုဒ္ဓသာသနာ ပြု သာသနာပြု သီတဂူဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရ သည်
အမေရိကန် ပြည်ထောင်စု ကော်လိုယာဒို ပြည်နယ် ဒန်ဗာ မြို့  ရှိ ဓမ္မာပါလ မြန်မာ ဘုန်းတော်ကြီး
ကျောင်း ဖွင့်ပွဲ့ သို့ ကြွရောက် ချီးမြှင့် ခဲ့ ပြီး ဒန်ဗာ မြို့ ရှိ မြန်မာ ဗုဒ္ဓဘာသာ မြန်မာ မိသားစု များ အား
နိဗ္ဗာန်ရောက်ကြောင်း တရား တော်များ ချီးမြှင့် ခဲ့သည်။

အရှင် ဥာဏိသရသည် အမေရိကန် ပြည်ထောင်စု ရှိ မြို့ ပေါင်း ၁၄ မြို့ တွင် နိဗ္ဗာန် ရောက်ကြောင်း
တရား တော် များ လှည့်လည် ဟောကြားမည့် အစီအစဉ် တွင် ဒန်ဗာ မြို့ သည် ဒုတိယ ခရီး စဉ်
ဖြစ်ပြီး  ချီကာဂို ၊ ဖို့ ဝိန်း၊ နယူးယောက် ၊ မိုင်ယာမီ စသည့် မြို့ များ တွင် လည် လှည့် လည် တရား
ဟာကြား မည် ဖြစ်သည်။

အရှင် ဥာဏိဿရ ၏ ဒန်ဗာ မြို့ တရား ပွဲတော်သို့  တက္ကဆက် ၊ နီဘာရာစကား၊ ယူထ ၊ အင်ဒီ
ယား နား ပြည်နယ် များ မှ တရား နာ ပရိသတ် များ လာရောက်ကြသည်။

အမေရိကန် နိုင်ငံ တွင် မြန်မာ ဘုန်းတော်ကြီး ကျောင်း များ မှာ ၁၂၀ ခန့် ရှိ ပြီး အချို့  ပြည်နယ်
များ တွင် ဘုန်းတော် ကြီး ကျောင်း တည်ဆောက်ရေး အတွက် ဗုဒ္ဓဘာသာ ၀င် မိသားစု များမှ
စတင် လျှက် ရှိသည်။

အင်ဒီယားနား ပြည်နယ် ဖို့ ဝိန်း နှင့် ကာလီဖိုးနီးယား ပြည်နယ် လောစ်ဇင်ဂျလိစ် မြို့ များ တွင်
မူ ဗုဒ္ဓဘာသာ ဘုရား ပုထိုးစေတီ များ တည်ထား ကိုးကွယ်လျှက် ရှိသည်။

အိုင်ဒါဟို ပြည်နယ်မှ ကော်လိုရာဒို ပြည်နယ် ဒင်ဗာ မြို့ တရား ပွဲ သို့  ရောက်ရှိ လာခဲ့သည့် ကို
မျိုး က  ဆရာတော် ရဲ့ တရား ကို တစ်ခါ မှ မနာဖူးဘူး ၊ မိုင် ၁၀၀၀ လောက် ခရီး ကို လာခဲ့ရ
တာ အခု ဆရာတော် ကို ဖူးခွင့်ရတာ  ကျွန်တော် ကြည် နူးဝမ်းသာ တယ်လို့  FNG သို့ ပြော
သည်။

ဆရာတော် ဒေါက်တာ အသျှင် ဥာဏိဿရ အား ဒန်ဗာ လေဆိပ် တွင် တွေ့ ရစဉ်

သီတဂူ ဆရာတော် ဒေါက်တာ အသျှင် ဥာဏိဿရ ကို ကော်လိုယာဒို ပြည်နယ် ဒင်ဗာ လေဆိပ် တွင် ရေနံချောင်း ဦးတေဇိန္တ နှင့် အတူ ကြွချီလာစဉ်

Advertisements