နော်ဝေ အကြမ်းဖက်မှု ၉၀ ကျော် သေဆုံး

နော်ဝေ နိုင်ငံမြို့ တော် အိုစလို ရဲ့ အစိုးရ အဖွဲ့  ရုံးတွေ မှာ ဖြစ်ပွားခဲ့ တဲ့ ဗုံးပေါက်ကွဲမှု တွေ နဲ့ 
တစ်ချိန် တည်း၊ တစ်ပြိုင်နက် တည်းမှာ ဖြစ်ပွား ခဲ့ တဲ့ ယူထောယ ကျွန်းမှာ သေနတ် ပစ်ခတ်
မှု တွေ ကြောင့်  အနည်းဆုံး လူ ကိုးဆယ် သေဆုံး တယ် လို့  နော်ဝေ သတင်းစာ တွေ မှာ
ဖော်ပြကြပါတယ်။

အစိုးရအဖွဲ့  ရုံးတွေ မှာ ပေါက်ကွဲမှု တွေ က ၇ ဦး သေဆုံးပြီး ကိုးဆယ်ကျော် သေဆုံး က မြို့ 
တော် အော်စလို နဲ့  မိုင် ၂၀ အကွာ က ယူထောယ ကျွန်းမှာ ရှိတဲ့ အာဏာရ လေဘာ ပါတီ ရဲ့ 
လူငယ် တွေ စခန်း ချရာ မှာ ရဲ  အယောင်ဆောင်ပြီး ပစ်ခတ် မှု က ၈၀ ကျော် သေဆုံး တယ်
လို့  ဆိုပါတယ်။

နော်ဝေ ရဲ တပ် ဖွဲ့  က တစ်နိုင်ငံ လုံးမှာ လုံခြုံရေး တွေ ကို တိုးမြှင့် ထား ခဲ့ ပြီး ပစ်ခတ်မှု တွေ
မှာ သံသယ ရှိတယ် လို့  ယူဆ ရတဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသား တစ်ဦး ကို ဖမ်းဆီး
ထားခဲ့ပါတယ်။

ပစ်ခတ်မှု ကြောင့် လူငယ် ၈၀ ကျော် သေဆုံး ခဲ့တဲ့ ယူထောယ ကျွန်း

ပုံမှန် အား ဖြင့် တည်ငြိမ်အေးချမ်းမှု ရှိတဲ့ စကင်ဒီးနေဗီးယား ကျွန်း နိုင်ငံ မှာ အခု လို ပေါက်ကွဲ
ပစ်ခတ် မှု တွေ ဖြစ်ရတာ ဟာ ဘယ်သူ ရဲ့  လက်ချက် ကြောင့် လဲ ဆို တာ က တော့ စုံ စမ်း စစ်
ဆေး နေတုန်း ပဲ ဖြစ်တယ် လို့  နော်ဝေ ၀န်ကြီး ချုပ် ဆိုတန်ဘာဂ် က ရုပ်သံ ကို ပြောပါတယ်။

သေဆုံး သူ အများ စု ဟာ အသက် ၁၆ နှစ် က နေ ၂၆ နှစ် အတွင်း ဖြစ်ပါတယ်။ သောကြာနေ့ 
က တိုက် ခိုက် မှု မှာ နော်ဝေ အစိုးရ ရဲ့  ရေနံ ၀န်ကြီး ဌာန လည်း ပျက်စီး သွား ခဲ့ ပါတယ်။

Advertisements

4 responses to “နော်ဝေ အကြမ်းဖက်မှု ၉၀ ကျော် သေဆုံး

  1. နော်ဝေမှ အစိုးရ ရုံးခန်း ဗုံးဖောက်ခွဲမှုနှင့် Utoya ကျွန်းတွင် အပြစ်မဲ့လူ ၉၀ ကျော်ကို သွေးအေးစွာ သေနတ်ဖြင့် သတ်ဖြတ်ခဲ့သူ အကြမ်းဖက်သမား Anders Behring Breivik ဟာ ခရစ်ယာန် ဘာသာဝင် လက်ယာ အစွန်းရောက် ၀ါဒီသမားဖြစ်တယ်။ ငါ့ဘာသာ ငါ့လူမျိုး ငါ့နိုင်ငံသာ တစ်ပါးထက် မြတ်တယ်၊ သာတယ် ကျန်လူများကို လူလို့ မမြင်တဲ့ အကြမ်းဖက်သမား။ ဘယ် ဘာသာ၊ အယူဝါဒကိုပဲ ဖြစ်ဖြစ် တစ်ဖက်သက် အစွန်းရောက်ရင် အကြမ်းဖက်သမားဖြစ်မယ်။ ဒီသတင်းမှာ ပြည့်စုံမှု မရှိပါ။ အပေါ်က ကွန်မန့် ရေးသူကို တစ်ခါတည်း ပြောလိုက်မယ်။ ဘယ်ဘာသာကို ခနဲ့ ပြောချင်တာလဲ။ အစ္စလာမ် ဘာသာမှာ အပြစ်မဲ့ လူတွေကို မသတ်ဖြတ်ရဘူး ဆိုတာ ပါပြီးသား။ အပျိုစင် ရမယ် ဆိုတဲ့ ကျမ်းကျ အပိုဒ်ကို အမှားတွေ လျှောက်ဘာသာပြန်ထားတဲ့ islamophobia ၀ဘ်ဆိုဒ်တွေ သတင်းတွေကနေ မဖတ်ဘဲ ကိုယ်ကိုယ်တိုင် ဦးနှောက် အသိဥာဏ်နဲ့ လေ့လာပါ။ ပညာမတတ်၊ အောက်တန်းစားတွေရဲ့ အပြုအမူ အပြောအဆိုတွေ။

  2. နော်ဝေမှ အစိုးရ ရုံးခန်း ဗုံးဖောက်ခွဲမှုနှင့် Utoya ကျွန်းတွင် အပြစ်မဲ့လူ ၉၀ ကျော်ကို သွေးအေးစွာ သေနတ်ဖြင့် သတ်ဖြတ်ခဲ့သူ အကြမ်းဖက်သမား Anders Behring Breivik ဟာ ခရစ်ယာန် ဘာသာဝင် လက်ယာ အစွန်းရောက် ၀ါဒီသမားဖြစ်တယ်။ ငါ့ဘာသာ ငါ့လူမျိုး ငါ့နိုင်ငံသာ တစ်ပါးထက် မြတ်တယ်၊ သာတယ် ကျန်လူများကို လူလို့ မမြင်တဲ့ အကြမ်းဖက်သမား။ ဘယ် ဘာသာ၊ အယူဝါဒကိုပဲ ဖြစ်ဖြစ် တစ်ဖက်သက် အစွန်းရောက်ရင် အကြမ်းဖက်သမားဖြစ်မယ်။ ဒီသတင်းမှာ ပြည့်စုံမှု မရှိပါ။ အပေါ်က ကွန်မန့် ရေးသူကို တစ်ခါတည်း ပြောလိုက်မယ်။ ဘယ်ဘာသာကို ခနဲ့ ပြောချင်တာလဲ။ အစ္စလာမ် ဘာသာမှာ အပြစ်မဲ့ လူတွေကို မသတ်ဖြတ်ရဘူး ဆိုတာ ပါပြီးသား။ အပျိုစင် ရမယ် ဆိုတဲ့ ကျမ်းကျ အပိုဒ်ကို အမှားတွေ လျှောက်ဘာသာပြန် ရေးထားတဲ့ islamophobia ၀ဘ်ဆိုဒ်တွေ သတင်းတွေကနေ မဖတ်ဘဲ ကိုယ်ကိုယ်တိုင် ဦးနှောက် အသိဥာဏ်နဲ့ လေ့လာပါ။ ပညာမတတ်၊ အောက်တန်းစားတွေရဲ့ အပြုအမူ အပြောအဆိုတွေ။

  3. ရက်စက်ယုတ်မာ တယ် / အေးအေးချမ်းချမ်းနေနေကြတာကို သွားဖျက်စီးတယ် / သင့်မသင့် မစဉ်းစားတတ်ဘူး

  4. အကြမ်းဖက်ဝါဒကျင့်တဲ့သူတွေကို ကိုယ်ချင်းစာစိတ်ရှိအောင် သူတို့အမျိုးတွေမိဘတွေကို
    ပေးပြီးသေခိုင်းရမယ်….အင်းဒါပေမယ့်လည်းသူတို့ကလူသေပြီးရင်နောင်ဘဝကြရင် အပျိုစင်
    72 ယောက်နဲ့ တွေ့ရမယ်ဆိုတော့ စိတ်ကြွနေတာပေါ့နော်….နောင်နှစ်ပေါင်းကြာလာရင်တော့
    အခုလိုမျိုး အသေခံတိုင်းသာအဲလိုခံစားရမယ်ဆိုရင်းးးးးးးးးးးးးးးးးးးး

Comments are closed.