ခုနစ်ရက်သားသမီးများအတွက် (၂.၄.၂၀၁၂) မှ (၈.၄.၂၀၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

အိုးသစ်၊ အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်

သည်။ ကောင်းသည်။ စီးပွားရေးအစစအရာရာအဆင်ပြေနေမည်။ သို့သော်ဆွေမျိုးသားချင်း
၊ လက်အောက်ငယ်သားများ အတွက် ငွေကုန်များနေမည်။ စိတ်ချမ်းသာစရာများဆက်တိုက်ဖြစ်နေမည်။
ဆွေမျိုးသားချင်းတဦးကျန်းမာရေးညံ့နေမည်။ အလှူမင်္ဂလာပြုလုပ်ရတတ်သည်။ မိမိခန္ဓာကိုယ်နာကျင်
ကိုက်ခဲနေမည်။ ဆိုးဆိုးဝါးဝါး မဟုတ်ပါ။ နောက်သုံးလကျော်လျှင်စီးပွားရေး ပိုမိုအောင်မြင်မည်။ အချစ်ရေး
တွင် မိမိဘက်မှစိတ်မ၀င်စားသကဲ့သို့ဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၉၊ ၁၊ ၁၊ ၀ )
 

တနင်္လာသားသမီးများ၏ကံကြမ္မာ

ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ စီးပွားတက်ခြင်းဖြစ်မည်။ ကားသစ်ဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း တိုက်ခန်းဆေး
သုတ်ခင်း၊ ကြွေပြားကပ်ခြင်းများပြုလုပ်ရတတ်သည်။ မကြာခဏခရီးထွက်နေရတတ်သည်။ မိတ်ဆွေတယောက်
အတွက်သောကရောက်ရတတ်သည်။ သားသမီးရှိသော် သားသမီးအတွက်စိတ်တိုင်းမကျဖြစ်နေရမည်။ ငွေများ
စွာဝင်မည်။ လူလိမ်ခံရတတ်သည်။ သတိထားပါ။ ယားနာပေါက်ခြင်း၊ မိမိရင်ဘတ်အောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေးနှင့်ပတ်သက်လျှင် အစစအရာရာအဆင်ပြေနေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၈၊ ၂၊ ၃၊ ၂ )
 

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ပညာတခုရရှိမည်။ ဖြေဆိုထားသောစာမေးပွဲ၊ အင်တာဗြူး အောင်မြင်မည်။ အလုပ်တခုမှတခုသို့ အပြောင်း
အလဲဖြစ်မည်။ သတင်းကောင်းကြားရမည်။ မသွားရဘူးလိုလိုနှင့် ခရီးသွားရတတ်သည်။ စာချုပ်စာတမ်း
လက်မှတ်ရေးထိုးရတတ်သည်။ စီးပွားရေး အဆင်ပြေမလိုနှင့် ထင်သလိုဖြစ်မလာသေးသောအချိန်ဖြစ်နေသည်။
ဓါတ်ပုံများရောက်လာတတ်သည်။ ကောင်းသည်။ အကြောနာခြင်း၊ သွေးတိုးခြင်းဖြစ်နေမည်။  အိမ်တွင်းရေးအဆင်
မပြေဖြစ်နေတတ်သည်။ အချစ်ရေးတွင် ကြားလူ တဦးမှ ၀င်ရောက်နှောင့်ယှက်ခြင်းခံနေရမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲထမင်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၇၊ ၃၊ ၃၊ ၁)
 

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

မိမိအိမ်နားတွင် ပွဲလမ်းသဘင်ဖြစ်လျှင် စီးပွားတက်ခြင်း၊ ထီပေါက်ခြင်းဖြစ်တတ်သည်။ ငွေအလုံးအရင်း
ဝင်ကိန်းရှိသည်။ ရိုးရိုးသားသားသာစီးပွားရှာပါ။ ဖြတ်လမ်းနည်းနှင့်စီးပွားမရှာပါနှင့်။ အလောင်းအစားမလုပ်ပါနှင့်။
အနားမရအောင် အလုပ်များနေမည်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးအဆင်မပြေဖြစ်နေမည်။ အချစ်ရေး
တွင် မိမိစိတ်တိုင်းကျဖြစ်နေမည်။  နားနာခြင်း၊ ဒူးနာခြင်းဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၅၊ ၄)
 

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အမှုဖြစ်နေသူကို ငွေချေးခြင်း၊ သက်သေလိုက်ချင်းမလုပ်ပါနှင့်၊ မဖြစ်မနေလုပ်မိသော် မိမိပါဒုက္ခရောက်
တတ်သည်။ ပညာတခုသင်ရခြင်း၊ သင်တန်းတက်ရခြင်းဖြစ်တတ်သည်။ အလုပ်တွင်စိတ်မ၀င်စားသကဲ့
သို့ဖြစ်နေမည်။ သို့သော်အလုပ်မပြောင်းပါနှင့်၊ အစစအရာရာသည်းခံပြီးနေပါ။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။
ငွေဝင်မည်ဖြစ်သော်လည်းငွေထွက်လည်းများနေမည်။ လေထိုးလေအောင့်ခြင်းဖြစ်နေမည်။ အချစ်ရေးတွင်
မိန်းကလေးတဦးအတွက် စိတ်ညစ်စရာကြုံတွေ့ရ တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အာလူးကြော်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၇၊ ၇၊ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ

လုပ်သောကိစ္စများမပြီးပြတ်ပဲ ဖြစ်နေမည်။ လုပ်နေသောစီးပွားရေးများ ရှေ့သို့မတိုးပဲနှောင့်နှေးနေမည်။ လုပ်သမျှ လွဲချော်ပြီး
စီးပွားရေးကျနေမည်။  မိမိအိမ်သို့ အရက်ပုလင်းများ ရောက်လာလျှင်အမြန်ဆုံးစွန့်ပစ်ပါ။ အမှုအခင်းဖြစ်တတ်သည်။
သတိထားပါ။ အမှုမဖြစ်အောင်နေပါ။ ငွေကုန်ပြီး ကြာသွားတတ်သည်။ လောကဓံ၏ နှိပ်စက်မှု ခံရတတ်သည်။ သည်း
ခံပြီးသာနေပါ။ တတ်နိုင်သလောက်ဘာသာရေး လုပ်ပါ။  ကျန်းမာရေးကောင်းမည်။ အချစ်ရေးမှာလည်း မရေမရာဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လက်ဖက်သုပ်နှင့်ထမင်းကပ်လှူဆုတောင်းပါ။

ကျိုးပေးဂဏန်း ( ၄၊ ၃၊ ၆၊ ၆ )

စနေသားသမီးများ၏ကံကြမ္မာ

ငွေဆက်တိုက်ဝင်နေမည်။ စက်ပစ္စည်းဝင်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ လုပ်ငန်းတွင်ရန်ပေါ်တတ်သည်။ သတိထားပါ။ မိန်းကလေး
တဦးမှမိမိအားသိက္ခာ ကျအောင်လုပ်တတ်သည်။ အစားမှားခြင်းဖြစ်တတ်သည်။ ခြေလက်ထိခိုက်တတ်သည်။   ကြာသပတေး
နံကို အကြောင်းပြုပြီး စကားပြောရတတ်သည်။ အမွေရတတ်သည်။ သို့သော် ယခုအချိန်ယူလျှင် အကျိုးမရှိပဲကုန်သွားတတ်
သည်။ ယခုရက်ပိုင်းတွင် ဘာစားစားအရသာမရှိသလိုဖြစ်နေမည်။ အချစ်ရေးတွင်စန်းအားကောင်းနေသောကြောင့်
သတိထားရွေးချယ်ဆုံးဖြတ်ပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲသုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၃၊ ၂၊ ၇၊ ၀ )
 

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင် ဒေါ်ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀
ဟောခန်း- နန်းထိုက်ပဒုမ္မာ ( ဆံသ၊ စတိုးနှင့် စားသောက်ဆိုင်) ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး၊
ဖုန်း – +6016 690 3513 ,  +6012 9133 3093
E -mail: swezinwati@gmail.com

*မလေးရှား မဟုတ်သော အခြားနိုင်ငံများမှ ဗေဒင်မေးမြန်းလိုသူများကို အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပေးပါသည်။

 

Advertisements