မြန်မာ နိုင်ငံ တွင် ရင်းနှီးမြုပ် နှံ မှု ပိတ်ဆို့  ထား ခြင်း အမေရိကန် စတင် ရုပ်သိမ်း

တနင်္ဂနွေ နေ့  က ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ မှာ အား ရ ကျေ နပ် ဖွယ် ကောင်း တဲ့
အချက် တွေ ကို မြန်မာ အစိုး ရ က လုပ် ဆောင် မှု ကြောင့် မြန်မာ နိုင်ငံ အပေါ် ဒဏ် ပိတ်ဆို့ 
ထား တဲ့ အရေး ယူမှု တွေ ထဲ က အရေး ပါတဲ့ အချက် အချို့  ကို ဖယ်ရှား တော့မှာ ဖြစ်တယ်
လို့   အိမ်ဖြူ တော် က ကြေငြာချက် ထုတ် ပြန် လိုက် ပါတယ်။

အမေရိကန် အစိုးရ က ဖယ်ရှား ပေး လိုက်  တဲ့ အရေးယူမှု အချက် တွေ ထဲ မှာ မြန်မာ အစိုးရ
အရာ ရှိ တွေ နဲ့  လွှတ်တော် ကိုယ်စားလှယ် တွေ ကို အမေရိကန် ကို လာရောက် ခွင့် ပြု တဲ့
အချက် လဲ ပါဝင်မှာ ဖြစ်ပြီး မြန်မာ ပြည်က ပို့  ကုန် တွေ စတဲ့ ဘဏ္ဍာရေး ၊ ရင်းနှီးမြုပ် နှံ မှု
နဲ့  ငွေကြေး ဆိုင်ရာ အချက် တွေ လဲ ပါဝင်မှာ ဖြစ် ပါတယ်။

မြန်မာ နိုင်ငံ က ခေါင်းဆောင် တွေ ဒီမိုကရတ် တွေ ပြုပြင် ပြောင်းလဲ ရေး ကို လိုလား တဲ့ သူ
တွေ ဘက် က အမေရိကန် က အမြဲ ရှိ နေတယ် ဆို တဲ့ အချက် ပါ ပဲ။  မြန်မာ နိုင်ငံ မှာ ခန့် ထား ဖို့
အတွက် သံအမတ် ကြီး အဆင့် ကို လည်း မကြာခင် ကြေငြာမယ် လို့  ယမန် နှစ် နိုဝင်ဘာလ က
မြန်မာ နိုင်ငံ ကို လာရောက်လည် ပတ်ခဲ့ တဲ့ အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်
တန် က ပြောပါတယ်။

စီးပွားရေး ပိတ်ဆို့  အရေးယူမှု ရုပ်သိမ်း သွားရင် ယခင်က မြန်မာ နိုင်ငံ မှာ လာရောက် ရင်းနှီး
မြုပ် နှံ လုပ် ကိုင်သွား တဲ့ Pepsi-Cola, Money Gram, IBM စတဲ့ ကုမ္ပဏီ တွေ လာရောက်
အခြေစိုက် ကြမှာ ဖြစ် ပြီး  Apple, Microsoft, Dell စတဲ့ ကွန်ပြူ တာ ကုမ္ပဏီ တွေ လည်း
မြန်မာ နိုင်ငံ ကို လာရောက် ကြ မှာ ဖြစ်ပါတယ်။

ဒဏ်ခတ် ပိတ် ဆို့ ထားမှု တွေ က ကျောက်မျက် ရတနာ ရောင်း ချမှု အပါ အ၀င် အချို့ အချက်
တွေ ကျန် ရှိ နေဆဲဖြစ်ပြီး မြန်မာ အစိုးရ က ဆက် ပြီး တော့ ပြု ပြင် ပြောင်းလဲ ရေး တွေ လုပ်ရင်
ဒီ အချက် တွေ ကို လည်း ဖယ်ရှား ပေးမယ် လို့  ဆို ပါတယ်။

ဟီလာရီ ကလင် တန် က မြန်မာ နိုင်ငံ မှာ ကျန် ရှိ နေတဲ့ နိုင်ငံရေး အကျဉ်း သား တွေ ဆက် လက်
လွှတ်ပေး ဖို့  ကို လည်း တောင်း ဆို ခဲ့  ပါတယ်။

တနင်္ဂနွေ နေ့  က ကျင်း ပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ မှာ ၁၉၉၀ ရွေးကောက် ပွဲမှာ အနိုင်ရရှိခဲ့
တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၄၃ နေ ရာ အနိုင် ရရှိ ခဲ့ ပါတယ်။

NLD ရဲ့  ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိ မှု ကို ကြံ့ခိုင်ရေး ပါတီ နဲ့   အစိုးရ က အသိအမှတ် ပြု
ခဲ့ ပါတယ်။

Advertisements

One response to “မြန်မာ နိုင်ငံ တွင် ရင်းနှီးမြုပ် နှံ မှု ပိတ်ဆို့  ထား ခြင်း အမေရိကန် စတင် ရုပ်သိမ်း

  1. အကုန်လုံးမဖွင့်ပေးပါနဲ့။
    နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးစေချင်တယ်။
    လွတ်တော်ထဲမှာလည်းအမေစုပါတီကိုကြည်ဖြူစွာ
    လက်ခံပြီးဥပဒေကိုပြည်သူတွေအားထားလောက်တဲ့
    ဥပဒေတွေပြင်ဆင်ပေးဖို့ညစ်ပတ်တဲ့လုပ်ရပ်တွေကို
    ကြံ့ဖွတ်ပါတီဝင်တွေမလုပ်ဆောင်ဖို့ထိထိရောက်ေ၇ာက်
    တားမြစ်နိုင်မှတိုးတက်ေ၇းအတွက်လုပ်ဆောင်ရာမှာ
    များစွာအထောက်ကူဖြစ်မယ်။
    ဗမာပြည်အမြန်ဆုံးအောင်မြင်ခြင်းငြိမ်းချမ်းခြင်းတွေ
    ဖြစ်ပေါ်လာပါစေ…

Comments are closed.