ထားဝယ် မြို့ မှ ငိုကြွေးသံ များ

အိဖြူမွန်၊              ၊ဘ၀သစ်ပြန်စရန်  ဆယ်စုနှစ်တစ်ခုကျော်ကျော် မိသားစုစားဝတ်နေရေးအတွက်
ဒေါ်စန်းတင် မှီခိုခဲ့ရသော ဥယျာဉ်ခြံကြီးမှာ ယခုအခါ မြေသားများကိုထိုးဆွထားသောကြောင့်
မွဆကျဲနေသည်။ခြံစပ်အဆုံးတွင် အပိုင်းပိုင်း အထစ်ထစ် ခုတ်လှဲထားသော သီဟိုဌ်ပင် ကိုင်းခြောက်
များ စုပုံထားသည်။

ဆောက်လုပ်ရေးသုံး ကားကြီးတစ်စီးက အပင်မရှိသော မြေပြင်ထက်တွင် လူးလားခေါက်ပြန်မောင်းနှင်
နေသည်။

ရံဖန်ရံခါ တွင်မူ နေအိမ်အထိ နီးကပ်လာသော မြေညှိ မြေသယ် ကားကြီးအား လှည့်လည်ကြည်ရင်း
ဒေါ်စန်းတင် မျက်ဝန်းအိမ်မှ မျက်ရည်များ ပါးပြင်သို လိမ့် ကာ ဆင်းကျလာလေ တော့ သည်။

ကြိမ်ဖန်များစွာ ကျလာသော မျက်ရည်စတို့ ကို ဒေါ်စန်းတင် လက်ဖမိုးဖြင့် သုတ်လိုက်သည်။

သူမသည် မြေပေါ်တွင် စိုက်ပျိုးထားသော အပင်များကို ကျေးဇူးရှင်တစ်ဖွယ် အားကိုတွယ်တာခဲ့သည်။

သည်မြေပေါ်တွင် ခင်ပွန်းသည်နှင့်အတူ ဘ၀တစ်ခု ထူထောင်ခဲ့သည်။သူမတွယ်တာခဲ့သော အပင်များ
မြေခသောကြောင့် သူမငိုကြွေး ရခြင်းထက် အသက်ခြောက်ဆယ်နားနီးနေသည့်  သူမဘ၀ကို အသစ်
ပြန်စရန်က လွန်စွာ မှ ပင်ခက် ခဲ လှသည်။
ဒေါ်စန်းတင်ကို လွန်ခဲ့သောနှစ်ရက်ခန့်က အိမ်ပြောင်းရွေ့ပေးရန် လူကြီးများက လာပြောကြသည်။

သူမပိုင်ဆိုင်ခဲ့သော မြေခြောက်ဧကအတွက် လျော်ကြေးကျပ်သိန်းငါးရာရရှိခဲ့သည်။

ဒေါ်စန်းတင်သည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း  ကို အကောင်ထည်ဖော်မည့်  နဘုလယ်ဒေသတွင်
နေထိုင်သူဖြစ်သည်။သူမနေထိုင်သော ဘ၀ါကျေးရွာတွင် ဘ၀ါမြို့သစ်အကောင်ထည်ဖော်ပြီး ပြောင်းရွေရမည့်
ကျေးရွာများကို အစားထိုးအိမ်ရာချထားပေးမည်ဖြစ်သည်။
ထားဝယ်အထူးစီပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအကောင်ထည်ဖော်ရေးအတွက် ကျေးရွာပေါင်း ၁၉
ရွာပြောင်းရွေ့ရမည်ဖြစ်သည်။   အမည်ပေါက်သော ကျေးရွာများအပြင် အမည်မပေါက်သော တံငါကျေး
ရွာများလည်းပါသည်။

ူဦးရေသုံးသောင်းကျော်နေထိုင်သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသော်လည်း ဒေသခံများက
ထိုထက်များသည်ဟု ပြောကြသည်။
ယခုနှစ်အတွက် ထားဝယ်အထူးစီပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း၊
ရထားလမ်း၊ကားလမ်းနှင့် အိမ်ယာတည်
ဆောက်ရေးတိုကိုဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။

ထိုကြောင့် စီမံကိန်းအကောင်ထည်ဖော်မည်သူများက မြေနေရာပါသော ဒေသခံများကို လျှော်ကြေး
ပေးနေသည်။ဘ၀ါ ကျေးရွာတွင် အိမ်ခြေပေါင်း ၄၀၀၀ကို ယခုနှစ်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်သည်

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိမ်ကမ်းကောင်ထည်ဖော်မည် နေရာတွင်ပြောင်း ရွေ့ရမည် ဒေသခံများ
က နေရာအသစ်တွင် မိသားစုစားဝတ်နေရး အဆင်မပြေမည်ကို စိုးရိမ်လျှက်ရှိသည်။စိုးရိမ်စိတ်များကြောင့် ကျေးရွာ
အများစုက မပြောင်းရွေ့ချင်ကြချေ။

ပြောင်းရွေရမည် ဆိုပါက သက်ဆိုင်အား ယင်းတို့အိ လူမူစီးပွားရေးကို ထည်သွင်းတွက်ချက်ရန် တောင်းဆို
လာကြသည်။ထိုကြောင့် စီမံကိန်းအကောင်ထည်ဖော်မည်နေရာ တွင် လျှော်ကြေးကိစ္စသည် ရှုတ်ထွေးနေသည်။
သက်ဆိုင်ရာက လျော်ကြေးပေးရာတွင် သီးနှံအမျိုးစားကို လိုက်ရွေ့ တစ်ပင်လျှင် အနိမ့်ဆုံး သုံး
သောင်းကျပ်မှငါးသောင်းကျပ်အထိပေးသည်။ဒေသခံများယင်းလျှော်ကြေးသည် ဒေသနှင့်ကိုက်ညီမူမရှိ
ဟုဆိုကြသည်။ဒေသခံများက အပင်စိုက်ရာတွင် အနည်းဆုံး၁၀သက်တမ်းစောင့်ရသော
ကြောင့် လျှော်ကြေးတွက်ချက်ရာတွင် အပင်သက်တမ်းကို ထည့်တွက်စေချုင်သည်။
“ဦးအသက်က ၄၆နှစ်ရှိပြီ။နောက်ထပ်ဘ၀အသစ်တစ်ခု ထပ်မစချင်တော့ဘူး။အခုထိုင်စားနေတာ
က အိမ်ထောင်ကျတုန်းက စိုက်ထားတဲ့ အပင်တွေ။ပေးတဲ့ ပိုက်ဆံက ခုနနေကုန်သွားမှာ။ရတဲ့ ပိုက်
ဆံနဲ အခုစိုက် အခုစားရတာမဟုတ်ဘူး။ဒီမြေတွေက သဲမြေတွေဆိုတော့ တစ်ခြားအပင်တွေ စိုက်လို့
မရဘူး”ဟု ရေကာတာတည်ဆောက်ေ၇ကြောင့် ပြောင်းရွေ့ရမည် ကလုံထားကျေးရွာမှ ဦးကျော်ခင်ကပြောသည်။

ထားဝယ်အထူးစီ့းပွားရေးဇုန်ဥပဒေတွင် ပြောင်းရွေရမည်သူများအတွက် မူလအဆင့်အတန်းထက်
မနိမ်ကျစေရန် ကျေးရွာများအား အခြေခံလိုအပ်ချက်များ ပြည်စုံစေရန်ဆောင်ရွက်ပေးရမည်ဟုဖော်
ပြထားသည်။
ထိုသိုဖော်ပြထားသော်လည်း လက်တွေတွင် ဒေသခံများအတွက် မူလလူမူစီးပွားရေးကို တွက်ချက်ထားသော
လျှော်ကြေးပေးသည်ပုံစံမရှိသေးချေ။

ထားဝယ်အထောက်ကူပြုအဖွဲ့မှအတွင်းရေးမှူးဦးတင်မောင်ဆွေက ယင်းကိစ္စနှင့်ပတ်သတ်ပြီး
ဖြေကြားရာတွင် လျော်ကြေးသတ်မှတ်ချက်ကို ရွာအတွင်းရှိ သြဇာရှိ ရွာမိရွာဖများဖြင့် သတ်မှတ်
ကြောင်း၊အရောင်းအ၀ယ်စာချူပ်ဖြင့် ပြုလုပ်နေသော်လည်း လျှော်ကြေးမယူဘဲ ပိုင်ဆိုင်သည်မြေ
ဧကအတိုင်း မြေအစားပေးရန်တောင်းဆိုပါက လိုက်လျှော်ပေးကြောင်း၊မြေအစားပေးသည် နေရာ
သည် မူလမြေနေရာထက် စိုက်ပျိုးရန်ခက်ခဲသော်လည်း သီးပင်စားပင်များပြုစုစိုက်ပျိုးသည့် အပင်
သက်တမ်းကို ထောက်ပံမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
လက်တွေတွင် သီးနှံအမျိုးအစား၊မြေအမျိုးစားကို လိုက်ရွေ နှုန်းထားသတ်မှတ်ချက်နှင့်
လျှော်ကြေးပေးချေသည်။ဒေသခံများက မကျေနပ်ရွေ တောင်းဆိုသည်များရှိသော်လည်း သက်ဆိုင်
လျှော်ကြေးပေးသည် အဖွဲ့က စိစစ်လိုက်လျော်သည်များရှိသလို မလိုက်လျော် သည်များ လည်းရှိ သည်။
‘လျှောက်လွာတင်ချင်တဲ့သူကတော့ ပိုလိုချင်မှာဘဲ။ဒီအတိုင်း ဘယ်ပေးလိုက်လို့ ရမလဲ။

ပြန်ပြီးတော့ ထပ်ခါထပ်ခါစစ်ရတယ်။မှားလုပ်လိုလည်းမရဘူး။သေချာစစ်ရတယ်။“ဟု အထောက်ကူပြုအဖွဲ့မှ
ဦးတင်မောင်ဆွေကပြောသည်။
လူမူစီးပွားကိုမတွက်ချက်ထားသော်လည်း စီမံကိန်းအကောင်ထည်ဖော်သူများက လုပ်အကိုင်
အခွင့်လမ်းများ ပေါ်ပေါက်လာနိုင်သည်ဟူ ယေဘုယျပြောဆိုကြသည်။
မည်သိုပင်ဆိုစေကာမူ မနက်ဖြန်၊သဘက်ခါတွင် ဥယျာဉ်ခြံမှာ ပြောင်းရွေရမည့် ဒေါ်စန်းတင်က
ကျေးရွာနှင့်ကိုးမိုင်ခန့် ဝေးသောသစ်တိုထောက်ကျေးရွာတွင် လျော်ကြေးရငွေဖြင့် နှစ်နှစ်သားအရွယ်
ရာဘာခြံနှစ်ဧက ကိုငွေသိန်းနှစ်ရာငါးဆယ်ဖြင့် ၀ယ်ခဲ့သည်။

(မှတ်ချက်။ ။ပြောင်းရွေရမည် ကျေးရွာနှင့် အနီးတစ် ၀ိုက်တွင် ပြောင်းရွေမည် သူများ ခြံမြေအ၀ယ်လိုက်ခြင်းနှင့်
မန်းလေးနှင့်ရန်ကုန် စသော မြို့ကြီး  များရဲ မြေဈေးကစားမူကြောင့် ခြံများ ပုံမှန်ထက်ဈေးမြင့် တက်လျက်ရှိသည်)

ယခင် ခြောက်ဧကပိုင်ဆိုင်သော ခြံမြေမှ နှစ်ဧကရှိသော ခြံကို ပြောင်းရွေရတော့မည်ဖြစ်သည်။
သူမမွေးထားသော ကလေးခြောက်ယောက်ကို သူမမျက်စိမမှိတ်ခင် အိုစာမင်းစာအတွက်
စိုက်ပျိုးထားသော ခြံခြောက်ဧကကို ပေးရန်စိတ်ကူးကို စွန့်လွတ်ကာ ပိုက်ဆံ ဆယ်သိန်းစီပေးခဲ့
ရသည်ကို ဒေါ်စန်းတင် စိတ်မကောင်း ဖြစ်မိ လို့  မဆုံးဟု ၀မ်းနည်း စွာဖြင့် ပင် သတင်းထောက် ကို
ထပ်ခါထပ်ခါ ပြောမ ဆုံးဖြစ် နေတော့ သည်။

This article was originally published in the Ei Phyu Mon’s  facebook

Advertisements

One response to “ထားဝယ် မြို့ မှ ငိုကြွေးသံ များ

  1. ထားဝယ်မြို့ကြီး တိုးတက် လာမှာတော့ပျော်တယ်
    ဒါပေမယ့်အခုလိုမျိုးကြားရတော့စိတ်မကောင်းဘူး :(

Comments are closed.