နယူးယောက် ရဲ တပ်ဖွဲ့  ရဲ့  လှို့ ဝှက်ထောက်လှမ်းမှု တွေ ကို ဖော်ထုတ် တဲ့ သတင်းစာ တွေ ပူလစ်ဇာ ဆုရ
FNGသတင်းမီဒီယာ နဲ့  စာပေ နယ်ပယ် ထူးချွန်ထင်ရှား သူ တွေ အပါအ၀င် ဂီတ ပညာရှင် တွေ နဲ့ 
သတင်းဌာန ကို နှစ် စဉ် ချီးမြှင့် တဲ့ ပူလစ်ဇာ ဆုပေး ပွဲ အခမ်းအနား ကို ဒီနေ့  ကျင်းပခဲ့ ရာမှာ
New York Times သတင်းစာ က ဆုနှစ် ခု ရရှိ သွား ပြီး ၊  Matt Apuzzo, Adam Goldman,
Eileen Sullivan and Chris Hawley တို့ ဟာ AP သတင်းဌာန အတွက် သူတို့  တွေ စုံစမ်း
ဖော်ထုတ် ရေးသား ခဲ့ တဲ့ သတင်း ဆောင်း ပါး ရှည် တစ် ခုဖြစ်တဲ့ မွတ်ဆလင် လူမျိုး တွေ ကို
နယူးယောက် ပုလိပ် ဌာန က လှို့ ဝှက် ထောက်လှမ်း စောင့် ကြည့် နေတာနဲ့  ပတ်သက် ပြီး ဖော်
ထုတ် ရေးသား ခဲ့တာ ကြောင့်  ပူလစ် ဇာ ဆု ရရှိ ခဲ့ ပါတယ်။
Matt Apuzzo ဟာ သူဦးစီး ထောက်လှမ်း တဲ့ သတင်းတွေ မှာ NYPD ရဲတွေ ဟာ  ဘယ်လိုထောက်လှမ်း
မှု တွေ ပြုခဲ့ တယ် ဆို တာ ကို လဲ တိကျစွာ ရေး သား ခဲ့  ပါတယ်။
AP သတင်းဌာန ဟာ ပူလစ်ဇာ ဆု ၅၀ ကျော် ရရှိ ပြီး ဖြစ်ပါတယ်။
New York Times သတင်းစာ က ရှင်းလင်း ဖော်ပြ သတင်း ရေး သား မှု နဲ့  နိုင်ငံတကာသတင်း
အစီရင်ခံ မှု နှစ်ခု  ဖြင့်  ပူလစ်ဇာဆုရရှိခဲ့ ပါတယ်။  နယူးယောက် တိုင်း(မ) ရဲ့  Explanatory reporting
အတွက် သတင်း ထောက် David Kocieniewski  က အမေရိကန် နိုင်ငံ တွင်း က ချမ်းသာကြွယ်
ဝသူ တွေ အခွန် ရှောင် နေတဲ့ ကိစ္စ တွေ နဲ့  အခွန်ပေးဆောင် ဖို့  လက်တစ်လုံးခြား လုပ်တဲ့ ကိစ္စတွေ
Full List of Pulitzer Prize Winner (Columbia University)
နယူးယောက် တိုင်း(မ) သတင်းစာ က ပဲ သတင်း ဆောင်း ပါရှင် Jeffery Gettleman က အာဖရိက
တိုက် မှ ကြုံနေရတဲ့ လူမှုရေး ၊ နိုင်ငံရေး ပြဿနာ တွေ ၊ ရာဇ၀တ်မှု ၊ အမျိုးသမီး တွေ အရေး နဲ့  ပင်
လယ် ဓားပြ ပြဿနာ တွေ ရဲ့  အရင်း အခံ အကြောင်း အရင်း တွေ ကို ရေးသား မှု ကြောင့် ဆုရရှိ ခဲ့
ပါတယ်။
ရုပ်ရှင် ဝေဖန် ရေး နဲ့  ပတ်သက် တဲ့ ဆု ကို Boston Globe သတင်းစာ က ရုပ်ရှင် ဝေဖန်ရေး ဆရာ
Wesley Morris က သတင်းစာမှာ ပါရှိတဲ့  သူ့  ရဲ့  ရုပ်ရှင် ဝေဖန် ရေး ဆောင်း ပါး တွေ နဲ့  ရရှိ သွား
ပါတယ်။
အာဘော်ရေးရာ ကာတွန်း ထူးချွန်မှု ကို  Politico အင်တာနက် သတင်းမှ ကာတွန်းဆရာ
Matt Wuerker က အီဂျစ် ပြည်သူ တွေ ရဲ့  အုံကြွမှု မှာ နိုင်ငံခြားရေး ပေါ်လစီေ၀၀ါးမှု ဖြစ်
နေတဲ့ အမေရိကန် အစိုးရ ကို သရုပ် ဖော်ထား တဲ့ ကာတွန်း နဲ့  ရရှိ ပါတယ်။
အမျိုးသား သတင်း ဆုကို တော့ သတင်း တင်ဆက်မှု ပုံစံ မှာ နာမည် ကျော်ကြား တဲ့ Hufftinon
Post သတင်းဌာန  သတင်းထောက် David Wood က အီရတ် နဲ့  အာဖဂန် နစ္စတန် နိုင်ငံ တွေ က
ပြန်လာတဲ့ စစ်ပြန် အမေရိကန် တွေ ရင် ဆိုင် ကြုံတွေ့ ရတဲ့ အခက် အခဲ တွေ ကို Beyond the Battlefield
ဆိုတဲ့ ခေါင်းစဉ် နဲ့  ဖော်ထုတ်  ရေးသား မှု ကြောင့် ဆုရရှိ ခဲ့ ပါတယ်။
ပူလစ် ဇာ ဆုတွေ ကို  အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ  တက္ကသိုလ် က သတင်းစာဆရာ များ
ဘုတ် အဖွဲ့ က နေ နှစ် စဉ် ပေး အပ် ချီးမြှင့် တာ ဖြစ် ပါတယ်။ ပူလစ် ဇာ ဆု ကို ဟန်ဂေရီ – အမေရိကန်
နွယ် ဖွား သတင်း စာ ဆရာ Joseph Pulitzer က ၁၉၁၇ ခုနှစ် မှ စတင် ချီးမြင့် ခဲ့ ပါတယ်။ သူ ပိုင်
တဲ့ ငွေကြေး  အချို့  ကို ၁၉၁၅ ခုနှစ် မှာ နယူးယောက် ကိုလံဘီယာ တက္ကသိုလ် ကို လှုဒါန်းခဲ့ ပြီး  ကမ္ဘာ့ 
ပထမ ဦးဆုံး သတင်းစာ ပညာ သင်တန်း ကျောင်း ဖွင့် လှစ် နိုင်ဖို့  စတင်ခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။
ကြားဖြတ် သတင်း ဓာတ် ပုံ အတွက် ဆု
Awarded to Massoud Hossaini of Agence France-Presse for his heartbreaking
image of a girl crying in fear after a suicide bomber’s attack at a crowded shrine in Kabul.
pulitzer prize AFP
The Pulitzer Prize-winning photograph by Massoud Hossaini of Agence France-Presse.
Photograph: Massoud Hossaini/ AFP/EPA
သတင်း ဆောင်း ပါး ဓာတ်ပုံ အတွက် ဆု
Awarded to Craig F Walker of The Denver Post, for his compassionate chronicle
of an honorably discharged veteran, home from Iraq and struggling with a severe
case of post-traumatic stress, images that enable viewers to better grasp a national issue.
pulitzers feature photo
Brian Scott Ostrom looks over his military service records and weeps after being
told his apartment application had been turned down, part of Denver Post
photographerCraig F Walker’s photo story that won the 2012 Pulitzer Prize for
feature photography Photograph: Handout/Reuters
ဗီယက်နမ် စစ်ပွဲ ကာလ အတွင်း က ပူလစ်ဇာ ဆို ရရှိခဲ့ သည့် ကမ္ဘာ ကျော်ဓာတ်ပုံ
Pulitzer Prize, New Media,
Advertisements
One response to “နယူးယောက် ရဲ တပ်ဖွဲ့  ရဲ့  လှို့ ဝှက်ထောက်လှမ်းမှု တွေ ကို ဖော်ထုတ် တဲ့ သတင်းစာ တွေ ပူလစ်ဇာ ဆုရ
  1. “AP သတင်းဌာန အတွက် သူတို့  တွေ စုံစမ်းဖော်ထုတ် ရေးသား ခဲ့ တဲ့ သတင်း ဆောင်း ပါး ရှည် တစ် ခုဖြစ်တဲ့ မွတ်ဆလင် လူမျိုး တွေ ကိုနယူးယောက် ပုလိပ် ဌာန က လှို့ ဝှက် ထောက်လှမ်း စောင့် ကြည့် နေတာနဲ့  ပတ်သက် ပီး ဖော်ထုတ် ရေးသား ခဲ့တာ ကြောင့် ပူလစ် ဇာ ဆု ရရှိ ခဲ့ ပါတယ်။”
    ဆိုတာမှာ မွတ်စလင်ကလူမျိုးဆိုတာထက် (A Muslim, also spelled Moslem, is an adherent of Islam) အစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့ လူမှန်သမျှကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ၊ အင်ဒီးယန်းမွတ်စလင်၊ တရုတ်မွတ်စလင်၊ အီရန်မွတ်စလင်၊ ဂျပန်မွတ်စလင် စသည်ဖြင့်ပါ။
    မြန်မာပြည်မှာလဲအစ္စလာမ်ဘာသာကိုးကွယ်တဲ့အင်ဒီးယန်းတွေကိုမွတ်စလင်လူမျီုးလို့သတ်မှတ်ကြပေမယ့်ဆီလျော်မှုပိုင်းမှာ ပြဿနာရှိပါတယ်။
Comments are closed.