KIA က အဓမ္မ သိမ်းသွင်းခံ ရသူ တွေ ဘက်ပြောင်းလာ
FNGကချင် လွတ်မြောက်ရေး တပ်မတော် က တပ်ကြပ်ကြီး ကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့  ၀င် ၄၀
ကျော် ဟာ သင်္ကြန် အတက် နေ့  က မြစ်ကြီးနား မြို့ နယ် တာလောကြီး မှာ အခြေစိုက် တဲ့ မြန်မာ
အစိုးရ တပ် စခန်း တစ်ခု မှ လက်နက် ချခဲ့ တယ် လို့  FNG က သိရှိ ရ ပါတယ်။
မြန်မာ အစိုးရ နဲ့  KIA တပ် တွေ တိုက်ပွဲ ဖြစ်ပွား ပြီး တစ်နှစ် အတွင်း KIA တပ်ဖွဲ့  ၀င် အမြောက်
အများ လက်နက် ချ ဘက်ပြောင်း ခဲ့ တာ ဖြစ်ပြီး လက်နက် ချ သူ တွေ ဟာ Ak-47 , တရုတ်လုပ်
အူဇီ သေနတ် ၊ ညကြည့် မှန် ပြောင်း ၊ စကား ပြော ဆက်သွယ် စက် နဲ့  ပုခုံးထမ်း ပစ်ရတဲ့ လောင်
ချာ တွေ ပါ ၀င် တယ် လို့  ခလရ ၂၇ က တာဝန် ရှိ သူ တစ်ဦး က FNG ကို ပြောပါတယ်။
စုဆောင်း ရေး မှာ အဓမ္မ သိမ်းသွင်း ခံ ရတဲ့ သူ တွေ ဖြစ်ပြီး ၊ သူတို့  ဟာ လယ်ယာ နဲ့  ကုန်စည် ကူး
သန်း ရောင်းဝယ်ရေး လုပ်ငန်း တွေ လုပ်ကိုင် နေစဉ် မှာ အတင်း အကျပ် ဖမ်းဆီးခံရ ပြီး KIA ရဲ့ 
တိုက် ပွဲ တွေ မှာ ၀င်ရောက် တာဝန် ထမ်းဆောင် ခဲ့ ရပါတယ်။
ခလရ ၂ရ မှာ ရောက် ရှိ နေ တဲ့ KIA တပ်သား တစ်ဦး ဖြစ်တဲ့ ကိုစိုင်းမောင်အေး က ကျွန်တော် က
ချီဖွေ မှာ မွေး တဲ့ ရှမ်းလူမျိုး ပါ၊ မိသား စု နဲ့  အတူ ကြံစိုက်ပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ မှ လူ
သစ် ဆင့် ခေါ် တာ ပို့  မပေး ဘူး ဆို လို့  ကျွန်တော့် ကို ဖမ်းသွား ပါတယ်။  ဆောင်းတွင်း ကြီး
ထဲ မှာ မြေကြွင်း အချုပ် ခန်း ထဲ မှာ တစ်လ လောက်ထား ပြီး စခန်းသစ် ဆောက်တာ  မှ စလုပ်
ပေး ရတဲ့ ၊ မနှစ်က စပြီး တိုက်ပွဲ တွေ ဖြစ်တဲ့ နေရာ တွေ မှာ လက်နက် ကြီး တွေ သယ် ဖို့ လိုက်ရ
တယ် လို့  FNG ကို ပြောပါတယ်။
မြစ်ကြီးနား တက္ကသိုလ် က ကျောင်းသူ တစ်ဦး ဖြစ်တဲ့ မဒိန်ဒနန် က လည်း ” KIA တပ် တွေ က
ပေါ်တာ ဆွဲတာ ခဏခဏ ပဲ ၊ ရိက္ခာ နဲ့  ဆက်ကြေး မပေး တဲ့ ရွာ တွေ မှာ ရွာလုံး ကျွတ် ဖမ်းခေါ်
သွား တာ ရှိတယ်” လို့  ပြောပါတယ်။
KIA တပ်ဖွဲ့  ၀င် တွေ လက်နက် ချတာ ဟာ လက်ရှိ KIA တပ်ဖွဲ့  အရာ ရှိ တွေ နဲ့  သဘောထား
ကွဲလွဲ မှု တွေ နဲ့  ကချင် အမျိုးသားချင်း နှိပ်စက် ညှင်းပန်း ခြင်း ကြောင့် ဖြစ်တယ် လို့  ဆို ပါတယ်။
ဒီသတင်း နဲ့  ပတ်သက် ပြီး သိရတဲ့ အခြား ဆက်စပ် သတင်းတစ်ခု က တော့ မြန်မာ အစိုးရ တပ်
တွေ က KIA ဌာနချုပ် ရှိ ရာ လိုင်ဇာ ကို အဓိက ကျတဲ့ ထိုးစစ် တွေ စတင် တော့ မယ် ဆိုတဲ့ သတင်း
ဖြစ်ပါတယ်။
လက်နက် ချလာ တဲ့ KIA ရဲဘော်တွေ ကို ခလရ ၂၇ တပ် ရင်းထဲ မှာ ပဲ ယာယီ ထား ရှိပေမယ့်
မကြာခင် သူ တို့  ရဲ့  စိတ်ချရတဲ့ နေရာ တွေ ကို အတူတကွ ပြောင်း ရွှေ့ ထား ရှိပေး မယ် လို့ 
ဆို ပါတယ်။
ဧပြီ လ ၁ ရက် နေ့  က ကျင်း ပခဲ့ တဲ့ ရွေးကောက် ပွဲ မှာ မြန်မာ အစိုးရ က ကချင် ပြည်နယ် မှာ ရှိ
တဲ့ လွှတ်တော် ကိုယ်စားလှယ် နေရာ တွေကို လုံခြုံရေး အကြောင်း ပြ ချက် နဲ့  ရွေး ကောက် ပွဲ ကျင်း
ပ ဖို့  ဆိုင်းငံ့ ခဲ့ ပါတယ်။
အခုလို ကချင် တပ် တွေ အမြောက် အများ လက်နက် ချတာ ဟာ မြန်မာ အစိုးရ တပ် တွေ နဲ့  ကချင်
သူပုန် တွေ တိုက်ပွဲ တွေ စတင် ကတည်း က ပထမ ဦးဆုံး ဖြစ်ပါတယ်။
Advertisements
2 responses to “KIA က အဓမ္မ သိမ်းသွင်းခံ ရသူ တွေ ဘက်ပြောင်းလာ
  1. မင်းစစ်တိုက်နေတာ …မင်းအိမ်က မိသားစုမှာ ဘာဖြစ်နေလည်းမင်းသိလား …မင်းတို့က နယ်မြေလုတာပဲ ..ကချင်ဆို ကချင်ပြည်နယ်မှာပဲနေရမယ် သက်ရောက်နေပြီ မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်တယ် ကြိုက်တဲ့မြို့ ပြည်နယ် တိုင်းတွေမှာ ကြိုက်တဲ့လူမျိုးနေခွင့်ရှိတယ်..အဲ့ဒါမင်းမြဲမြဲမှတ်ထား မင်းက လူမျိုးဆွဲ ၀ါဒဆွဲ..တစ်ဘို့တည်းကြည့်တဲံ……ပဲ…
  2. ငါ ဒီအသက် ဒီအရွယ်ရောက်လာပြီ ငါ့ ရှင်သန်လာတဲ့ အချိန်လုံးလုံးမှာ ဒီတစ်ခါလောက် စိတ်အနာဆုံး ဝမ်းအနည်းဆုံးသတင်း မကြားဖူးရသေးပေ// မိုးရေအောက် တောတောင်အောက် ခုံလုံ ရှောင်ပြေးလွှာတဲ့ စစ်ပြေးပြည်သူတွေ ဒုကွ့ မျိုးစုံခံခဲ့ကြတယ်ခံခဲ့ရတယ် သမိုင်း နောင်မျိုးစက်သစ် နယ်မြေအတွက် ငါတို့ ခံခဲ့ရတယ် ငါတို့ နာခဲ့ရတယ် ငါတို့ နာခဲ့ရတာ ငါတို့ ခံခဲ့ရတာ ငါတို့ရဲ့ ရည်မှန်းချက်တွေ မအောင်မြင် မဖော်သေးမှီ နင်တို့ပဲ နင်တို့ပဲ လမ်းအလယ်ကောင်မှာ ပစ်ချနေပြီလား ခံခဲ့ရတဲ့ ငါတို့ ပြည်သူတွေ တောမရောက် တောင် မရောက်ဟိုမရောက် ဒီမရောက် ဖြစ်ခံနေရှာပြီ နင်တို့တွေ အလင်းဝင်ပြီး အရက်ပုလင်းလေးနဲ့ ပျော်နေကြရှာလောက်ပြီ….. ဟေ့ကောင်တွေ နင်တို့ယောင်္ကျား မဟုတ်ခဲ့ကြလို့လား ။။
Comments are closed.