အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် လွှတ်တော် ကို သပိတ်မှောက်ပြီ

ဧပြီ လ ၁ ရက် နေ့ ကြား ဖြတ် ရွေးကောက် ပွဲ တွင် အနိုင်ရရှိခဲ့ သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်
လွှတ်တော် ကိုယ်စားလှယ် များ က ယခုလ ၂၃ ရက်နေ့ တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး
ကို မတက် ရန် သပိတ် မှောက် လိုက် ပြီ ဟု FNG မှ သတင်း ရရှိသည်။

လွှတ်တော် အစည်း အဝေး အစ တွင် ရွတ် ဆိုရမည့် အခြေခံ ဥပဒေ ကို ကာကွယ်စောင့်ရှောက်ပါမယ်
ဆိုတဲ့အစား  လေးစားလိုက်နာ ပါမယ်ဆိုတဲ့ အသုံးအနှုန်း ပြင် ရန် ကိစ္စ အား ယမန် နေ့ က အခြေခံ
ဥပဒေ ခုံရုံးမှ ပယ်ချ လိုက် ပြီး နောက် သပိတ် မှောက်ခြင်း ဖြစ်သည်။

ထိုအချက် အား ပြင်ပေး ပါရန် NLD က သမ္မတ ဦးသိန်းစိန် ထံ သို့  စာပေးပို့ ထား သည် ဟု သိရသည်။

ကြားဖြတ် ရွေးကောက် ပွဲ တွင် ၄၃ နေ ရာ အနိုင်ရရှိသည့် NLD လွှတ်တော် ကိုယ်စားလှယ်များ ကို
လွှတ်တော် တက်ရောက် ဖို့  လွှတ်တော် ရုံး အဖွဲ့  က တရား ၀င် အကြောင်း ကြထား သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ရန်ကုန် တိုင်း ကော့မှုး မြို့ နယ်
လွှတ်တော် ကိုယ် စားလှယ် တစ်ဦး ဖြစ်သည်။

Advertisements

13 responses to “အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် လွှတ်တော် ကို သပိတ်မှောက်ပြီ

  1. ဦးသိန်းစိန်နှင့်အမေစုကြိုတင်တိုင်ပင်တာတွေ..ဘာတွေကိုတိုင်ပင်တာလဲ.. အခုလွတ်တော်တက်ခါနီးမှ မြင်တာလား.. တိုင်သူပြည်သားမဲပေးထားတာကို.. လေ့ စားပါ မတက်ပဲနေလို့  အပြင်ကအော်နေလို့ ..မရဘူး..အပြင်ကအော်ခဲ့ တာနှစ်ပေါင်း..၂၀..ကျော်ပြီအမေစုရယ်.. ကျွှန်တော်ပြည်သူတွေ…အမေစုနှင့်ဦးသိန်းစိန်ဆွေးနွေးတာတိုင်ပင်တာ.. ဘာကိုတိုင်ပင်တာလဲ.. တယောက်မှမသိဘူး..ပြည်သူတွေရူးတောမယ်..ထုပ်ဖေါ်လို့ လည်းမပြောဘူး..ပြသနာဖြစ်မှ…အရာတခုကိုမလုပ်ခင် မိမိတို့ ကိုယ်တိုင်ပါတီထဲ့ မှာတိုင်ပင်ပြီးမှလုပ်တယ်မလား..အခုကျတမျိုး..တော်ကြာတမျိုး…အမေစု မှားယင်အကုန်သူလိုက်မှားကြမှာလား…တိုင်းပြည်တောနောက်တခေါက်ထောင်ချောက်ဝင်ကိုမသွင်းကြ ပါနဲ့  ဒီတခါNLDမှားယင်…အမေစုကို.ပြည်သူတွေစွန့် ခွါလို့ သွားပြီးမယုံသင်္ခါဖြစ်သွားလိမ္မည်.. ပြည်သူနဲ့ 88 ကျောင်းသားတွေပူပေါင်းလို့ …နိုင်ငံရေးတိုက်ပွဲဝင်သွားကြမျာသေချာတယ်…စဉ်းစဉ်းစားစားလုပ်ကြပါလို့ ပြောချင် ပါတယ်..

  2. အခြေခံဥပဒေဆိုတာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်…. ပြည်သူတွေက လေးစားလိုက်နာရမှာပါ…..

  3. တကယ်လို့ (15)ရက်အတွင်း လွှတ်တော် မတက်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်ကနေ ပယ်သွားနိုင်တယ်လို့ တစ်ချို့သတင်းတွေကနေ ကြားနေရတယ် ဟုတ်ပါသလား။ လွှတ်တော်ထဲ အရင်ဝင်ပြီးမှ ဥပဒေတွေကို ပြန်လည်ပြင်ဆင်လို့ မရနိုင်ဘူးလား။ ဒီအတိုင်းဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ၊ ဥပဒေအကြောင်း နားလည်တဲ့သူရှိရင် ပြောပေးကြပါ၊ မတင်မကျ ကြီး ဖြစ်နေလို့ပါ။

  4. ဥပဒေတစ်ခုဆိုတာနိုင်ငံနှင့်လူမျိုးအတွက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ထိုဥပဒေကိုနိုင်ငံအတွင်းမည်သူမဆိုလိုက်နာကျင့်သုံးရပါမယ်။လိုက်နာကျင့်သုံးမှုနှင့်မပြီးသေးဘဲထိုဥပဒေပျောက်ပျက်မသွားအောင်ထိန်းသိမ်းစောင့်ရှောက်ဖို့လည်းလိုအပ်ပါတယ်။လိုက်နာကျင့်သုံးပြီးထိန်းသိမ်းစောင့်ရှောက်ပါ့မယ်ဆိုယင်ပိုကောင်းမယ်ထင်တယ်။

  5. I think, it is very particular case for that a few wordings in the Oth ! N.L.D should consider all of good prospects and opportunities/outcomes for country can going to loose, even disappear due to this Act sooner !!!

  6. အမေစု စဉ်းစားဆုံးဖြတ်ချက် မှန်ကန်ပါသည် (ကာကွယ်ပါမည် ဆိုသည့်စကားသည် တသက်လုံးအမှားလုပ် ပါမည်ဟု ဝန်ခံချင်းသာဖြစ်ပါသည်) ၊၊

  7. တကယ်အရေးတကြီးလိုအပ်ပါသလား ပြန်စဉ်းစားစေချင်ပါတယ်။ လွှတ်တော်ထဲမ၀င်ရရင် ဘယ်သူ ၀မ်းသာမလဲ။

  8. အခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်နေဆဲဖြစ်သည်ဟု ယုံကြည်သောကြောင့် ကာကွယ်စောင့်ရှောက်မည်ဟု ရွတ်ဆိုရမည့်အစား လေးစားလိုက်နာပါမည်ဆိုသည့် အချက်ကို ဆုံးဖြတ်ခြင်းအပေါ် အားပေးပါသည်

  9. မြန်မာဘာသာစကားကြောင့် ပြဿတွေ အများကြီးဖြစ်ရဦးမယ်။ အရေးမပါတဲ့ ကိစ္စတွေကို အငြင်းပွားရင်း နောက်ထပ် နှစ်ပေါင်း (၁၀၀) လောက် အမှောင်တွင်း သက်ဆင်းရဦးမယ်။ အသိဥာဏ်ရှိသူများဟာ မပြည့်စုံမှုကို နားလည်ရမယ်။ မာနတွေကြောင့် ရည်မှန်းချက် မပျောက်စေလိုပါ။

    • ဒါ မာန်မာနကိစ္စ ဘာသာစကားကိစ္စ မဟုတ်ဘူး။ ကလေးကစားတာ မဟုတ်ဘူး။ နိုင်ငံ့အရေးလုပ်နေတာ၊ နိုင်ငံရေးပါတီတစ်ခုရဲ့သဘေားထား ရပ်တည်ချက်၊ ပေါ်လစီ နဲ့ မူဝါဒရေးရာ မို့ လွှတ်တော်တက်ရအောင် ကိုယ့်ပါတီမူအရ မလုပ်နိုင်တာကို လုပ်ပါ့မယ်လို့ လိမ်ညာ ကြမ်းကြိမ်ပြီး လွှတ်တော်တက်တဲ့ လူလိမ်ပါတီနဲ့ လူလိမ်အမတ်တွေဆိုပြီး သမိုင်းတွင် တမိုင်းဝင်သွားမယ်။
      ကိုယ့်ပါတီကို မဲပေးခဲ့တဲ့ ပြည်သူတွေကတောင် ကိုယ့်ပါတီကို အယုံအကြည်မဲ့သွာလိမ့်မယ်။

  10. အမေစုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ အနေနဲ့ ဒီကိစ္စကိုပြန်လည်စဉ်းစားစေချင်ပါတယ်

    • ကန့်သတ်ပိတ်ဆို့မှုတွေ ဆိုင်းငံ့ထားတာတို့ ဖယ်ရှားပစ်လိုက်တာတို့ ကိုသာ ပြန်လည်စဉ်းစားရမှာ။

Comments are closed.