ဘာရိန်း ဆန္ဒပြပွဲ တွေ က ကားမောင်းပြိုင်ပွဲ ကို ရပ်တန့် ဖို တောင်းဆို

ဘာရိန်း နိုင်ငံ မှာ ကျင်းပမယ့် Formula 1 Grand Prix မော်တော်ကား မောင်းပြိုင်ပွဲ ကို ရပ်
တန့် ပေး ဖို့ တောင်းဆို ဆန္ဒပြသူ တွေ ကို ဘာရိန်း အစိုးရ လုံခြုံရေး တပ်ဖွဲ့  တွေ က အင်အား
သုံးပြီး ဖြို ခွဲ မှု တွေ လုပ်ခဲ့ တယ် လို့  ဘာရိန်း မြို့ တော် မနားမား က လာတဲ့ သတင်း တွေ မှာ
ဖော်ပြထား ပါတယ်။

မနှစ် က လူရာနဲ့  ချီ သေဆုံးစေခဲ့ တဲ့ ဆန္ဒပြမှု တွေ ကို နှိပ် ကွပ် ခဲ့ တာ ကြောင့် ဘာရိန်း နိုင်ငံမှာ
ဖော်မြူလာ ၀မ်း ကားမောင်းပြိုင် ပွဲ ကို ကျင်းပ ဖို့  စီစဉ် တာ ကို ရပ်တန့် ပေး ဖို့  လူ့  အခွင့် အရေး
လှုံဆော် သူ တွေ က ဆော်သြခဲ့ ကြပါတယ်။ ဆန္ဒပြသူ တွေ ဟာ ဧပြီ လ အစောပိုင်း ကတည်းက
မော်တော်ကား မောင်းပြိုင်ပွဲ ကို ရပ်တန့် ဖို့  ဆော်သြခဲ့ ကြ တာ ဖြစ်ပါတယ်။

F1 ပြိုင်ပွဲ ကို ရပ်တန့် ဖို့  အစာငတ် ခံ ဆန္ဒပြ နေတဲ့ အဗ္ဗဒူလ် ဟာဒီ အယ်(လ) အယ်လ်ခါဝါဂျာ
ကို ဘာရိန်း အစိုးရ က ဖမ်းဆီးထား တာ ကို ပြန်လွှတ်ပေး ဖို့  အမေရိကန် က တောင်း ဆိုထား
ပါတယ်။

ဘာရိန်း အိမ်ရှေ့ မင်းသား Salman bin Hamad Al-Khalifa ကတော့  ဖော်မြူလာဝမ်း ကား
မောင်းပြိုင်ပွဲ ကို ရပ်တန့်  ရင် အစွန်းရောက် တွေ သဘောကျသွားမယ် ၊ သူတို့  ကို အားပေး
သလို ဖြစ်သွား မယ် လို့  ပြောပါတယ်။

ဘာရိန်း ရဲတပ် ဖွဲ့  ကတော့ တနင်္ဂနွေ နဲ့  ကား မောင်းပြိုင် ပွဲ ကို ဆန့် ကျင်တဲ့ ဆန္ဒပြ သူတွေ ကို
မျက်ရည် ယို ဗုံး တွေ ၊ နံပါတ် တုတ် တွေ သုံးပြီး ဖြိုခွဲ မှု တွေ ဒီနေ့ မနက် မှာ စတင်ခဲ့ ပါတယ်။

ဆန္ဒြုပသူ ၃၀၀၀ ကျော်လောက် က မနေ့  က စပြီး မြို့ တော် မနားမား စတင်ခဲ့ ပါတယ်။

ဖော်မြူလာ ၀မ်း ကားမောင်းပြိုင် ပွဲ ဟာ နိုင်ငံ တိုင်းမှာ ကျင်းပဖို့  မလွယ်ကူတာ ကြောင့်
ဘာရိန်း အစိုးရ က ဒီပွဲ ကို ပယ်ဖျက်တာ လုပ်ရင် စီးပွားရေး ၊ နိုင်ငံ ရေး အရ သိက္ခာကျစရာ
ဖြစ်လာ နိုင် တယ့် အတွက် ဒါကို ရှောင်ရှား မှာ ဖြစ်တယ် လို့  Grand Prix အကြီး အကဲ
က ပြောပါတယ်။

Advertisements