ချန်ဂွမ်းချန် ကို တရုတ် နိုင်ငံ တွင်း က ထွက်ခွာ ခွင့် ပြု ဖွယ်ရှိ

ဧပြီလ ၂၀ ရက်နေ့ က တရုတ် နိုင်ငံ အရှေ့ ပိုင်း နိုင်ငံအရှေ့ ပိုင်း ရှန်ဒေါင်း ပြည်နယ် လင်းရီ မြို့ 
က ရွာငယ် လေး တစ်ခု မှာ နေအိမ် အကျယ် ချုပ် ချခံ ထား ရာ ကနေ ဟောလိဝုဒ် စွန့် စားခန်း
ရုပ်ရှင် ကား ဆန်ဆန် ထွက်ပြေး လွတ်မြောက်လာခဲ့ တဲ့ မျက်မမြင် နိုင်ငံရေး လှုပ်ရှား သူ ချန်
ဂွမ်းချန် ကို တရုတ် အစိုးရ က နိုင်ငံ တွင်းက ထွက်ခွာ ခွင့် ပြု နိုင်တယ် လို့  သတင်း တွေ ထွက်
ပေါ် နေပါယ်။

ချန်ဂွမ်း ချန် ကို New York University က နေ အထူးဘာသာရပ် လေ့လာရေး ကျောင်းသား
အနေ နဲ့  သုတေသန စရိတ် ထုတ်ပေး ဖို့  ကမ်းလှမ်း ထား ပါတယ်။ တရုတ် ပြည်မှာ ရောက်နေ
တဲ့ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် နဲ့  ကတ်ကမ်းဘဲလ် က တရုတ်
အာဏာ ပိုင် တွေ နဲ့ ချန် နိုင်ငံ တွင်း က နေ နိုင်ငံ ကူးလက်မှတ်  ရပြီး ထွက် ခွာ နိုင် ဖို့  ကိစ္စကို
သံတမန်ရေးရာလုပ်ထုံး လုပ်နည်း တွေ နဲ့  ဆွေး နွေး နေကြတာ ပြီး မြောက် နိုင်တယ် လို့  တရုတ်
ပြည်က လာတဲ့ သတင်း တွေ မှာ ဖော် ပြထား ပါတယ်။

တရုတ် ကာကွယ် ရေး ၀န်ကြီး ဗိုလ်ချုပ် လျှန်း က လည်း ဖလော်ရီဒါ မှာ ရှိ တဲ့ အမေရိကန် တောင်
ပိုင်း တိုင်း စစ်ဌာနချုပ် နဲ့  Westpoint စစ်တက္ကသိုလ် တွေ ကို သွားရောက် လေ့လာပြီး ပင်လယ်
ဓားပြ ကိစ္စ မှာ နှစ် နိုင်ငံ ပူး ပေါင်းဆောင် ရွက် ဖို့  သဘော တူညီချက် တွေ ပြု လုပ် ဖို့  ရှိနေပါတယ်။

တရုတ် ပြည်က ဘီဂျင်း မြို့  က ဆေးရုံ တစ်ခု မှာ  တက်ရောက် ဆေးကုသ ခံ နေတဲ့ ချန် ကို အမေရိ
ကန် သံရုံး က တာဝန်ရှိ သူ တွေ နဲ့  သူ့  ရဲ့  ဇနီး ကို သာ တရုတ် အစိုးရ က တွေ့ ဆုံ ခွင့် ပြု ပါတယ်။

အရှေ့ အာရှ နဲ့  ပိစိဖိတ် ဆိုင်ရာ အမေရိကန် လက် ထောက် နိုင်ငံ ခြား ရေး ၀န် ကြီး ကတ်ကမ်းဘဲလ်
နဲ့  အဖွဲ့  ဟာ  လည်း တက်ကြွ လှုပ်ရှား သူ မျက် မမြင် ရှေ့  နေ ချန်ဂွမ်းချန် နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။

ချန်ဂွမ်းချန် ကို အမေရိကန် လာ နိုင်ဖို့  အတွက် ဗီဇာ ထုတ်ပေး မှာ ဖြစ်တယ် လို့  အမေရိကန် ဒုသမ္မတ
ဂျိုးဘီဒင် က ကတိပြု ပြောပါတယ်။

Chen Guangcheng, U.S embassy, China, Assylum seek, Chen out of China

Advertisements