မတရား ဖမ်းဆီး စစ်မေး ခံရတဲ့ ကိုဖြိုးဝေအောင် ကို သေဒဏ်ချမှတ်

၂၀၁၀ ခုနှစ် ဧပြီ လ ၁၅ ရက်နေ့ က ရန်ကုန် မြို့  ကန်တော် ကြီး ကန်ပတ် လမ်းမှာ ဗုံးပေါက်ကွဲ
မှု နဲ့  ဖမ်းဆီး ခံရတဲ့ ကိုဖြိုးဝေအောင် ကို ဒီနေ့ အင်းစိန် ထောင်တွင်း တရားရုံး က  သေဒဏ်
ချမှတ် လိုက်တယ် လို့  ကိုဖြိုးဝေအောင် ရဲ့  မိသား စု ၀င် တစ်ဦး က FNG ကို ပြောပါတယ်။

ဗုံးပေါက် ကွဲ မှု ဖြစ်စဉ် က ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦး အဖြစ် တာဝန်ထမ်းဆောင် နေ
တဲ့ ကိုဖြိုးဝေအောင် ကို မြန်မာ နှစ်သစ် ကူး ကာလ အတာသင်္ကြန် ဗုံးပေါက် ကွဲ မှု နဲ့ 
၂၀၁၀ ဧပြီ လ ၂၃ ရက်နေမှာ ဖမ်း ဆီး ပြီး  နှစ် နှစ် ကြာ တရား စီရင် မှု ပြီး နောက် မှာ အမြင့် ဆုံး
သေဒဏ် ချမှတ် လိုက်တာ ဖြစ်ပါတယ်။  အခု လို သေဒဏ် ချမှတ် လိုက်တာ ဟာ အရပ် သား အစိုး
ရ လက်ထက် မှာ ပထမ ဦး ဆုံး အကြိမ်  လည်း ဖြစ်ပါတယ်။

ကိုဖြိုးဝေအောင် ကို ဖမ်းဆီး စဉ် မှာ မတရား စစ်ဆေးမေး မြန်း မှု တွေ လုပ်ပြီး တစ်ဖက်သတ် အမိန့် 
ချမှတ် ခဲ့ တာ  ဖြစ်တယ် လို့   ရန် ကုန် မြို့ က တက် ကြွ လှုပ်ရှား သူ တွေ က ထောက်ပြ ပါတယ်။

ဒီအမှု မှာ လိုက်ပါ ဆောင်ရွက် နေ တဲ့ ရှေ့ နေ ဦးကျော်ဟိုး နဲ့  ဒေါ်သင်ဇာ လှိုင် ကို လိုက်ပါ ဆောင်ရွက်
ခွင့် မပြု နိုင်အောင် ရုံးတော် ကို မထီမဲ့ မြင် မှု နဲ့  တရား စွဲ ဆို ထား ပြီး နောက် ထောင် ချ လိုက်တာ လည်း
ဖြစ်ပါတယ်။

ဧပြီလ ၂၃ ရက်ည က ပုဇွန်တောင် မြို့ နယ်ရှိ ၅၅ လမ်း နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်
ဆောင်သွားစဉ်က  တာဝန်ရှိ သူ များ က “စစ်ဆေးမေးမြန်း ရန်ရှိသည့် အတွက် လာရောက်
ခေါ်ဆောင် ခြင်းဖြစ်သည် ” ဟု ပြောကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ကန်တော်ကြီး ကန်ပတ်လမ်း ဗုံးပေါက် ကွဲ မှု ဟာ ဒီထက် ပိုနက် ရှိုင်း တဲ့ ပါဝင် ပတ်သက် မှု တွေ ရှိ
နေ နိုင် ပေမယ့် ကို ဖြိးဝေအောင် ကို ပဲ စွဲချက် တင်ထား ကာ သေဒဏ် ချမှတ် ခဲ့ ခြင်း ဖြစ်ပါတယ်။

မဟာ သင်္ကြန် အတက် နေ့  X20 မဏ္ဍပ် ဗုံးပေါက် ကွဲ မှု ကြောင့် အနည်း ဆုံး ဆယ်ဦး သေဆုံး ပြီး
လူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

မြန်မာ စစ်အစိုးရ ဟာ သန် လျှင် ရေနံ ချက် စက်ရုံ ဗုံးပေါက်ကွဲ မှု ဖြစ်တုန်း ကလည်း အပြစ်မရှိ သူ ကို
ဖမ်းဆီး ထောင်ချ ခဲ့ ပြီး တကယ် ဖေါက်ခွဲ မှု ပြု သူ က ၀န်ခံ ပေမယ့် အပြစ် မရှိ သူ ကို အနှစ် ၂၀ ကျော်
ဖမ်းဆီး ထောင်ချ ထား ခဲ့ ပါတယ်။

Advertisements

6 responses to “မတရား ဖမ်းဆီး စစ်မေး ခံရတဲ့ ကိုဖြိုးဝေအောင် ကို သေဒဏ်ချမှတ်

  1. ကိုဖြိုးဝေအောင် အတွက် ကျနော်တို့ ဘယ်လိုကူညီ နိုင်မှာလဲ။ဘယ်လိုတောင်းဆိုမှုတွေ လုပ်ပေးနိုင်မှာလဲ ဆိုတာစဉ်းစားရမယ်။ဒီအမှု က မြန်မာနိုင်ငံ မှာ တရားဥပဒေ စိုးမိုးမှု မရှိတာကို သက်သေပြလိုက်တာပါ။

  2. တကယ်ဆိုရင်တောင်သူအခွင့်အရေးတစ်ခုတော့ရသင့်တယ်ထင့်တယ် သေထဒဏ်ကတော့မဖြစ်သင့်ဘူး

  3. ကိုယ့်ဗုံးကိုယ်ခွဲ သူပဲ တရားခံဆိုပြီး တွေရာလူ လက်ညှိုးထိုး သေဒဏ်ပေးတာပေါ့။

  4. မောင်ခင်ရီပြုတ်/သေမှအမှုမှန်ပေါ်မှာလား?/

Comments are closed.