သမ္မတ အင်တာနက် စာမျက် နှာ စမ်းသပ် ထုတ်လွှင့်
မြန်မာ အစိုးရ သမ္မတ ၏ သတင်း နှင့် လှုပ်ရှား ဆောင်ရွက် မှု များ ကို ဖော်ပြမည့်  ၀ဘ်ဆိုတ်ကို
ယနေ့  စတင် ထုတ် လွှင့် လိုက်သည် ဟု သမ္မတ ရုံး ပြန်ကြား ရေး ဌာန မှ တာဝန်ရှိ သည့် ဗိုလ်
မှုး ဇော် ၏ Facebook စာမျက် နှာ တွင် ဖော်ပြထား သည်။
တမ်း ဓာတ်ပုံ ကို ဖော်ပြထားသည်။ http://www.president-office.gov.mm/ တွင် မြန်မာ
အစိုးရ သမ္မတ ၏ အကြောင်းအရာ များ ကို ဖော်ပြ သွား မည် ဖြစ်ပြီး အင်္ဂလိပ် ဘာသာ ဖြင့် လည်း
ဖော်ပြ နိုင်ရန် စီစဉ် နေ သည် ဟု သိရသည်။
မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် ပတ်သက် သည့် အကြောင်း အရာ များ ကို အဓိက ထား ဖော်ပြမည့်
ဝဘ်ဆိုတ် စာမျက် နှာ ကို စီစဉ် သည့် သမ္မတ ၏ ပြန်ကြား ရေး ရုံး မှ တာဝန်ရှိ သူ တစ်ဦးက နောက်
ဆိုရင် ပေးစာ တွေ လက်သင့်ခံ မယ့် အစီအစဉ် နဲ့  အမေး အဖြေ ကဏ္ဍ တွေ ပါ ရှိ နေ ပါလိမ့် မယ့်
ပြည်သူ တွေ အနေနဲ့  မကျေနပ် တာ တွေ တိုင် ကြား စာ တွေ ကို ပေး ပို့  လို့  ရအောင် စီစဉ် တားပါ
တယ် ဟု FNG ကို ပြောသည်။
သမ္မတ ၏ အင်တာနက် စာမျက် နှာ ထုတ်လွှင့် မှု နှင့် ပတ်သက် ပြီး ရန်ကုန် မြို့  ရှိ စီးပွားရေး လုပ်
ငန်းရှင် တစ်ဦး ဖြစ်သူ ဦးမောင်မောင် က ” ပွင်းလင်း မြင်သာ မှု Transparency ရဲ့  အစေ ပါ့ ဒီ
လို လုပ်လိုက်တာ ကောင်းပါတယ် ၊ နိုင်ငံ့ ခေါင်းဆောင် ဘာ လုပ် နေလဲ ဆိုတာ ပြည်သူ တွေ သိ
ခွင့် ရှိတယ်  ၊ ကြိုဆို ပါတယ် ” ဟု ပြောသည်။
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် နေ အိမ် ကျယ် ချုပ် မှ မလွတ်မြောက်
ခင် က ပြန်လည် လွတ်မြောက် လာလျှင် Twitter သုံးပြီး လူငယ်များ နှင့် ထိ တွေ့ ချင် သည် ဟု ပြော
ခဲ့ ဖူး သည်။
အနောက် နိုင်ငံများ သာ မက အိမ် နီးချင်း နိုင်ငံ များ တွင် လည်း e.Government ဆိုသည့် အင်တာ
နက် မှ တစ်ဆင့်  လုပ်ငန်းဆောင် တာ များ ချော မွေ့ စေမည့် အွန်လိုင်း အီလက် ထရော နစ် လုပ်
ဆောင် မှု များ ကို စတင် ခဲ့ သည် မှာ ဆယ် စု နှစ် တစ်စု ကျော် ရှိ လာ ပြီ ဖြစ်သော် လည်း ယခင်
မြန်မာ စစ် အစိုးရ လက်ထက် က မှု အစိုးရ ဌာန များ ၊ ၀န်ကြီး များ သည် အင်တာ နက် ကို သုံးစွဲ
ပြီး သတင်း ဖော် ပြ ခြင်း အနည်း အကျဉ်းသာ ရှိခဲ့ သည်။
တိုင်း ပြည်တွင်း လူထုအုံကြွမှု များ ၊ မကျေ နပ် မှု များ နှင့် အစိုးရ ဆန့် ကျင် ရေး ကိစ္စ များ ဖြစ်ပွား
လာ ပါက  အဆိုပါ အင်တာနက် ဆိုက် များ မှာ ဆိုင်ဘာ တက်ကြွ လှုပ်ရှား သူ တို့  ၏ အဓိက ပစ်မှတ်
ထား ရာ ဖြစ်လာ ပြီး Time မဂ္ဂဇင်း ၏ လွှမ်းမိုးမှု ရှိသူ ၁၀၀ တွင် ပါသည့် Anonymous အဖွဲ့  သည်
နိုင်ငံ တကာ မှ အစိုးရ အင်တာ နက် စာ မျက် နှာ ၂၀၀၀ ကျော် ကို တိုက် ခိုက် ပြီး ဖြစ်သည်။
Advertisements
2 responses to “သမ္မတ အင်တာနက် စာမျက် နှာ စမ်းသပ် ထုတ်လွှင့်
Comments are closed.