သေဒဏ်ချမှတ် ခံရတဲ့ ကိုဖြိုးဝေအောင် အသည်း ရောဂါ ကြောင့် ရှင်သန်ရက် အနည်းငယ်သာကျန်

HKT၂၀၁၀ ခုနှစ် သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု နဲ့  မတရားဖမ်းဆီး ခံရပြီး သေဒဏ် ချမှတ် ခံရတဲ့
ကိုဖြိုးဝေအောင် ဟာ အသည်း ရောဂါ ကြောင့် ကြာရှည် စွာ နေထိုင် ရဖို့  မရှိ နိုင် တော့ ဘူး လို့ 
သူ့ ရဲ့  ညီဖြစ်သူ ကိုထက်ဝေအောင် က FNG ကို ပြောပါတယ်။အသည်း ရောဂါ ခံ စား နေရ ပေမယ့် အင်းစိန် အကျဉ်းထောင် အာဏာ ပိုင် တွေ ဟာ
ကိုဖြိုးဝေအောင် ကို ဆေးကုသခွင့် မပေး ဘဲ အကိုက်အခဲ ပျောက် ဆေး ၊ ပိုးသတ်ဆေး
စတာ တွေ ကို သာ ပေးခဲ့ ပါ တယ်။

ကိုဖြိုးဝေအောင် ကို သေဒဏ် ချမှတ် ပြီး နောက်တစ်နေ့ မှာ အင်းစိန် ထောင် တွင်း ဆေးရုံ
ကြီး ကို လွှဲ ပြောင်းခဲ့ ပေမယ့် အဲဒီမှာ အသည်း ရောဂါ ကု ဆရာဝန် မရှိ ပဲ အထွေထွေ ရောဂါ
ကု ဆရာဝန် နဲ့  သာ ကုသခံနေရပါတယ်။

ကိုဖြိုးဝေအောင် နဲ့  သူ့  မိသား စု က ပြင်ပ ဆေး ရုံကြီးမှာ တက်ရောက် ကုသ နိုင်ဖို့  အာဏာ
ပိုင် တွေ ကို တောင်း ဆိုထား ပေမယ့် လွှဲ ပြောင်း ပေး ခြင်း မပြု ပါဘူး ။

ကိုဖြိုးဝေအောင် ရဲ့  ညီ ကိုထက်ဝေအောင် က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး
ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ကို အကို ဖြစ် သူ ရဲ့  ကျန်းမာ ရေး အခြေအနေ
အကြောင်း စာရေး သာ ဆက်သွယ် အကြောင်း ကြား ခဲ့ ပြီး ကင်တာနား ကလည်း ဒီကိစ္စကို အနီး
ကပ် စောင့် ကြည့် နေတယ် လို့  သတင်း ထုတ် ပြန်ထား ပါတယ်။

မြန်မာ အစိုးရ သစ် လက် ထက် မှာ ထင်ရှားတဲ့ နိုင်ငံ ရေး အကျဉ်းသား အချို့  ကို ပြန်လွှတ်ပေး
ခဲ့ ပေမယ့် ဦးမြင့်အေး ၊ ကိုအေးအောင်  စတဲ့ နိုင်ငံ ရေး အကျဉ်းသား တွေ ကို ဆက် လက် ဖမ်း
ဆီးထား ဆဲ ဖြစ်ပါတယ်။

Advertisements