သမ္မတ အကြံပေး ကိုကိုလှိုင် ကို ခြေရာ ကောက်သော်

ဒီ သမ္မတလူကြမ်းအဖွဲ့ထဲက နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင်ကိုကိုလှိုင်အကြောင်း
စပြီးပြောပြဖို့ဖေါ်ပြဖို့ လိုပါပြီ။ ဒီနိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို
မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့မှာပါ။ နိုင်ငံတကာရေးရာတွေကို
မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။

တကယ်တော့ ကိုကိုလှိုင်ဟာ နအဖ လက်ပါးစေအကြီးစား တစ်ဦးပါ။ စာရေးဆရာလိုလို
နိုင်ငံတကာရေးရာ သုတေသီလိုလိုနဲ့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့သတင်းနဲ့
စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ခုနှစ်က ပြင်ဦးလွင်
DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာတာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး
(ပထမတန်း) သုတေသနအဆင့်နဲ့ နအဖသန်းရွှေတို့အတွက် အကြီးစားလက်ပါးစေဖြစ်ခဲ့သူပါ။
ဒီလို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း
အကြံပေး အရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ ၀ါဒဖြန့်ချီရေး ခြေလှမ်းတစ်ခုဖြစ်တဲ့ နိုင်ငံရေး
သတင်းဂျာနယ်ဆိုပြီး Northern Start Journal ကို စတင်ထုတ်ခဲ့တဲ့ သူတွေထဲက
တစ်ဦးပါ။ ကိုကိုလှိုင်တို့ ဟာဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ
အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။

ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့ အတုအယောင် အမျိုးသားညီလာခံ
အောင်မြင်ရေး အတွက် ကလောင်နာမည် အမျိုးမျိုးနဲ့ ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင်
သန်းရွှေအလိုကျ ဆောင်းပါးတွေ ရေးသားဖေါ်ပြခဲ့တယ်။

သိန်းစိန် အခု သမ္မတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ဖွတ်က စိမ်းလဲ့ရွှေပြည် နဲ့ နွယ်သာကီ ဂျာနယ်
စာစောင်တွေကို ထုတ်နေချိန်မှာ တစ်ဘက်ကလည်း ကိုကိုလှိုင်တို့က ဒီ Northern Star ဂျာနယ်
ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေအကြီးစားကိုကိုလှိုင်တို့ဟာ မြန်မာပြည်သူလူ
ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ ဆောင်းပါးတွေကို ရေးသားခဲ့ကြတယ်။

နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့ ကလောင်အမည် ခွဲတွေထဲမှာတော့ စည်သူအောင်၊
ကိုကိုလှိုင် (မြင်းမူ) နဲ့ လှိုင်အောင် ဆိုတဲ့ အမည်တွေက အများဆုံး အမည်ခံ ရေးသားပါတယ်။

မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ၀င်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ
သေလုမြောပါး ဘေးဒုက္ခ ကြုံနေစဉ်အတွင်းမှာ နအဖရဲ့ ၀ါဒဖြန့်ချီရေး သတင်းစာထဲမှာ ပါလာတဲ့
ဆောင်းပါးတစ်ပုဒ်ကြောင့် ဖတ်ရသူ သိရသူတိုင်း ဒေါသအမျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်
ခုကိုပြန်လည် ဖေါ်ပြလိုက်ရပါတယ်။

၎င်းမှာ“နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ
နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေ ပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံ
အနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့ နာဂစ်မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်
ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်း တိုက်ခိုက်မှုကို သိန်းပေါင်း
မြောက်မြားစွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ
အင်မတန် မသင့်လျော်လွန်းလှတာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ရဲ့ နာဂစ်မုန်တိုင်း ခုတုံးလုပ်
ဒေါ်လာငွေ တောင်းရမ်းကောင်းဖို့ အတွက်အလိမ်အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊
ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်း အလှူပစ္စည်းတွေ အစားအသောက်တွေထက်
ချောင်းမြောင်းထဲမှာ ငါးရှာစား ဖားရှာစားဖို့ကို ပြောဆိုရေးသားထားတာကတော့ အလွန့်အလွန်
မိုက်ရိုင်းစော်ကားခဲ့ခြင်းပဲဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သား မုန်တိုင်း ဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး
စေတနာထက်သန်စွာနဲ့ ပေးပို့လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာ လည်း
နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက် ပိုပြီး ဒုက
္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာတရား ခေါင်းပါးစွာနဲ့ ဒီဆောင်းပါ
ရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်
“ကိုကိုလှိုင်” ဘဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။ ဒီလို
ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင် အမည်ခံ
လူယုတ်မာ ကိုကိုလှိုင် ရဲ့  ဆောင်းပါးကို အပြည့်အစုံပြန်လည် ဖေါ်ပြလိုက်ပါတယ်။ ဖတ်ရှူနိုင်ပါတယ်
ဆောင်းပါးရှင် လှိုင်အောင်က လူပေါင်းသန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နားဂစ်လေဘေး
ဒုက္ခသည်တွေဟာ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်” ဒါ့အပြင် ကျေးဇူးတင်ပါတယ်ဆိုတဲ့
အကြောင်း” ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အာက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း
သိရသူတိုင်းက ဒီဆောင်းပါးရှင်ကို  ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဖူး။

Written by မေသင်္ကြန်ဟိန်
Wednesday, 04 May

Advertisements

10 responses to “သမ္မတ အကြံပေး ကိုကိုလှိုင် ကို ခြေရာ ကောက်သော်

  1. မီးပျက်ရင် လမ်းပေါ်ထွက်ပြီး ဖယောင်းတိုင်ထွန်းဆန္ဒပြနေမယ့်အစား ကိုယ့်အိမ်မှာ ဖယောင်းတိုင်ထွန်းပေါ့ လို့ ပြောခဲ့တဲ့ မဟာအကြံပေးအရာရှိ ဖော်လံဖားကြီး ကိုကိုလှိုင်

  2. ကျွန်တော်တို့ဆီမှာလည်း အရင်လူမကောင်းခဲ့ရင် မကောင်းကြောင်းပြောပေါ့။ မပြောတော့ အခုလည်းလုပ်ချင်ရာလုပ်မယ် နောက်လူမပြောပါဘူးပေါ့။
    နိုင်ငံခြားတိုင်းပြည်ရောက်ရင် ဘယ်သူမှ အသက်ကြီးတာ ငယ်တာကိုကြည့်တာမဟုတ်ဘူး။
    သူ့ အရည်အချင်းကိုကြည့်တာ စကားတွေက မှတ်သားစရာမပါလို့ ဝန်ကြီးအသီးသီး ကို ဘယ်သူမှ အဖက်လုပ်မမေးတာ။

  3. ပြည်သူတွေကိုစော်ကားသလိုအပြောနဲ့မလုပ်ပါနဲ့။မိမိအကျင့်ကိုပြင်ပါ။ပြောလေ့လုပ်လေ့ဟာကိုပြုပြင်ပါ ကိုလှိုင်။

  4. ဒီ လူကသူတို့စစ်အစိုးရလက်ထက်မှာပဲ အိမ်ထောင်ရေးဖေါက်ပြန်မှုနဲ့ထောင်ကိခဲ့သူပါ။စစ်တပ်ကပင်စင်ယူခဲ့တာမဟုတ်ပါဘူး အမှုနဲ့ပြုတ်သွားတဲ့သူပါ။

  5. ဟုတ်တယ် အဲ.လူကြီး ငဖားကြီး

  6. I would totally thank to the Writer who wrote this article to cl;early highlight who that guy( Ko Ko Hlaing) is. It is acknowledged that the background of a State’s advisor/consultant would never been so irresponsible as to follow any ones’ instruction to write/elborate an idea so deviated and reckless as the one of Nargis Article.

  7. ဒါကတော့ ဟုတ်လို့ပေါ်တာပဲ… မဟုတ်ရင် မပေါ်ဘူးလေ… အစထဲက အပြစ်တင်မခံချင်ရင် မှန်တာလုပ် ဟုတ်တာပြောပေါ့….

  8. မကျေနပ်ချက်ကို ပြောတာလည်းပြောတာပေါ့။ ဒါပေမယ့် နိုင်ငံတော် သမ္မတတစ်ယောက်ကိုတော့ လေးစားမှုလေးတော့ ထားသင့်တယ်ထင်ပါတယ်။ အခုတောင် လူအတော်များများက လက်ရှိသမ္မတကို မကြိုက်ခဲ့ရင်တောင် မစော်ကားတော့ပါဘူး။ စာရေးတဲ့သူ ကိုယ်တိုင်ရော အခုလို သမ္မတနေရာမှာဘယ်လိုများ လုပ်မလဲ။ အခုလိုဖြစ်နေတာတွေက လက်ရှိသမ္မတလုပ်တာတွေ မဟုတ်ဘူးလေ။ အရင်အစိုးရကလုပ်ခဲ့တာပါ။ မကြိုက်ဘူးဆိုရင်တောင် လေးစားမှုလေးတော့ ရှိသင့်တယ်ထင်ပါတယ်။ အခုသမ္မတက စာရေးသူထက်များ အသက်ငယ်နေရင်တော့ အခုလိုပြောမိတာ တောင်းပန်ပါတယ်။ တကယ်လို့ အခုလက်ရှိမှာ သမ္မတအကြံပေးလုပ်နေတဲ့ သူကိုမကျေနပ်တာရှိရင် အဲ့ဒီသူမကောင်းဘူးထင်ရင် သူကတော့ဖြင့် ဘယ်အချိန် ဘယ်အခါကဖြင့် ဒီလို ဒီလိုတွေ လုပ်ခဲ့ပါတယ် ပြောခဲ့ပါတယ်ဆိုပြီး အဲ့ဒီသူရဲ့ မကောင်းတာတွေကို တစ်ခုချင်းစီ ဖော်ပြပေးသွားရမှာပါ။ ဝါးလုံးရှည်နဲ့တော့ဖြင့် သိမ်းကျုံးပြောလို့မှမရတာ။ အခုပြောခဲ့သည်များကို မကျေနပ်ပါက စော်ကားသလိုဖြစ်ပါက ထပ်မံပြီးတောင်းပန်ပါတယ်။

Comments are closed.