မီလေး ဆိုင်းရပ်(စ) နှင့် လီယမ် ဟမ်ဝတ် တို့  စေ့စပ်

အသက် ၁၉ နှစ် အရွယ် ပေါပ် အဆိုတော် နှင့် သရုပ်ဆောင် မလေး တစ်ဦး ဖြစ်သူ မီလေး
ဆိုင်းရပ်(စ) သည် The Last Song ရုပ်ရှင် ဇာတ်ကား ကို ရိုက်ကူး စဉ် က တွေ့  ရှိခဲ့ သည့် အသက်
၂၂ အရွယ်ရှိ သြစတေးလျှ နိုင်ငံသား လီယမ် ဟမ်ဝတ် နှင့် စေ့စပ် လိုက် ပြီ ဟု MTV ရုပ်သံ
သတင်း တွင် ဖော်ပြထား သည်။

၂၀၀၉ ခုနှစ် တွင် The Last Song ရုပ်ရှင် ဇာတ် ကား ကို ရိုက် ကူးစဉ် ဆိုင်းရပ်(စ) နှင့် ဟမ်ဝတ်
တို့  ချစ်ကျွမ်း ၀င်ခဲ့ ခြင်း ဖြစ်သည်။ ဟမ်ဝတ် သည် ယခု နောက်ဆုံး The Hunger Game ရုပ်ရှင်
ဇာတ်ကား တွင် ပါဝင် သရုပ်ဆောင် ထား သည်။

မီလေး   ဆိုင်းရပ်(စ)၏ ဖခင် ဖြစ်သူ ကျေးလက်တေးဂီတ အဆိုတော် ဘီလီ ရေး ဆိုင်းရပ်(စ) က
” ဖခင် တစ်ယောက် အနေနဲ့  ကလေး က သူ့  အိမ်မက် တွေ ရှာ ဖွေ တွေ့ ရှိ သွားတာ ၊ ပျော်ရွင်မှု
နဲ့  စိတ်ချမ်းသာမှု အချစ် စစ် ကို ရှာ တွေ့  ပါစေ ဟု မျှော်လင့် သည် ဟု ပြောသည်။

ဟမ်ဝတ် က ၃.၅ ကာရတ် စိန်ပွင့် အား  ဖြင့် ပြု လုပ်ထား သည့် ရွှေလပ်စွပ် ကို မီလေး ဆိုင်းရပ်(စ)
အား စေ့စပ် လက်စွပ် အဖြစ် ၀ယ်ပေး ခဲ့ သည်။

မီလေး ဆိုင်းရပ်(စ) က သူမ ၏ တွစ်တာ MileyCyrus တွင် စေ့စပ် ပွဲ နှင့် ပတ်သက်ပြီး ပျော်ရွှင်ရသည်
ဟု ရေးထား ပြီး Life is Beautiful ဟု ဖော်ပြထားသည်။

 

 

miley cyrus and liam hemsworth

Advertisements