စစ်တွေ မှာ စားနပ် ရိက္ခာ ပြတ်လပ်

ဇွန်လ ၁၄ ရက်နေ့  နံနက် ထိ ရခိုင် ပြည်နယ် တွင် မငြိမ်သက်မှု များကြောင့်  သေဆုံး သူ ၂၈ ဦး
ရှိ ဒဏ်ရာရရှိသူ ၅၃ ဦး ရှိ  ပြီ ဟု အစိုးရ အရာရှိ တစ်ဦး က AFP ကို ပြောသည်။

ရခုင် ပြည်နယ်ရှိ  ဒုက္ခသည် သုံးသောင်း ကျော် အတွက် ဇန်န၀ါရီလ ၁၃ ရက်နေ့  က နေ အိမ်
အကျယ် ချုပ် မှ လွတ်မြောက် လာခဲ့ သည့် ၀န်ကြီး ချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် က ရန်
ကုန် မြို့  တွင် အလှုငွေ ကောက်ခံ ရေး ဌာန ဖွင့် ထားသည့် အလိုတော် ပြည့် ကျောင်းဆရာ
ထံ တွင် ငွေ ကျပ် ၁၀ သိန်း လှု ခဲ့ သည်။

ဇွန်လ ၁၄ ရက်နေ့ တွင် စစ်တွေ ခရိုင် ဉ်  ယခင် နေ့ များ က လောက် ရိုဟင်ဂျာ ဘင်္ဂါလီ များ ၏
အကြမ်းဖက် မှု မရှိ သော်လည်း ချောင်းမြောင်း လောက်လေးဂွ ၊ မြား စသည်  ပစ်ခတ် မှု များ နှင့်
လုယက် မှု အချို့  ရှိ နေသေးသည် ဟု သိရသည်။

စစ်တွေ မြို့  နာဇီ ဈေး မှ ရေထွက်ကုန် ပစ္စည်း ရောင်းဝယ် သူ ဦး ပေါ်ဦးထွန်း က ” မိုးရွာ နေ လို့ 
ဘင်္ဂါလီ တွေ ကျွန်းတွေ က နေ တက် ပြီး မီး ရှို့  လို့  မရတာ လေ အခြေ အနေ က သိပ် ပြီးတော့
ငြိမ်းချမ်း သွားတယ် မဟုတ် သေးဘူး ဟု FNG ကို ပြောသည်။

ရခိုင်ပြည်နယ် သို့  ကုန်းကြောင်း ၊ ရေကြောင်း နှင့် လေကြောင်း လမ်များ ပါ ပိတ် ထား ၍ ပဋိပက္ခ
များ ဖြစ်ပွား ခဲ့ ရာ စစ်တွေ မြို့ ပေါ် နှင့် အခြား မြို့  များ တွင် စားနပ် ရိက္ခာ နှင့် ဆေးဝါးများ ပြတ်လပ်
နေသည် ဟု သိရသည်။

စစ်တွေ မြို့  တွင် အိမ် အလုံး ပေါင်း ၂၀၀၀ နီးပါး မီးရှို့ ဖျက်ဆီး ခံရ မှု ကြောင့် ခိုလှုံ ရာ မဲ့ ဒုက္ခသည်
များ ကို ဘုန်းကြီး ကျောင်း ၊ ဓမ္မာရုံ နှင့် စစ်တပ် စခန်းများ တွင် နေရာ ချထား ပေးထား သော်လည်း
စားနပ် ရိက္ခာ အတွက် အခက် အခဲ ရှိသည် ဟု သိရသည်။

စစ်တွေ မြို့  ရှိ အကူအညီ ပေး ရေး အဖွဲ့  မှ တာဝန် ရှိသူ တစ်ဦး က လောလောဆယ် တော့ ခေါက်
ဆွဲ ခြောက် နဲ့  တစ်ချို့  နေ ရာ တွေ မှာ ထမင်း ထုပ် ပဲ ဝေ နိုင် သေးတယ် ဟု ပြောသည်။

ပုဒ်မ ၁၄၄ ကို အံတုပြီး ညမထွက် ရ အမိန့် ကို ချိုးဖောက် သူ လူ ၃၀ ခန့် ကို လုံခြုံရေး တပ် ဖွဲ့ များ
မှ ဖမ်းဆီးထား သည် ဟု သိရသည်။

စစ်တွေ မြို့  ရှိ အချို့  နေရာ များ တွင် သောက်သုံး ရေများ ပါ ပြတ်လပ် နေသည်။

Photo Credit : Kyaw Zay Win

Advertisements