အောက်စဖိုဒ့် တက္ကသိုလ် မှာ ဒေါ်အောင်ဆန်းစုကြည် ဆု လက်ခံ ရယူ

အင်္ဂလန် နိုင်ငံ လန်ဒန် မြို့  တွင် ရောက်ရှိ နေ သည့်  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် သည် ယနေ့  လန်ဒန် မြို့  အနောက် မြောက် ပိုင်း တွင် တည် ရှိသည့် အောက်စဖိုဒ့်
တက္ကသိုလ် မှ ပေး အပ် ချီးမြှင့် သည့် ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့  ကို တက်ရောက် လက္ခံ ရယူ
ခဲ့ သည်။ ၁၉၉၃ ခုနှစ် က ပေး အပ် ချီးမြှင့် ခဲ့ သည့် ဆု ကို ဒေါ်အောင်ဆန်းစုကြည် သည် ယခု မှ
ကိုယ် တိုင် ကိုယ်ကျ တက်ရောက် လက္ခံ ရယူ နိုင် ခြင်း ဖြစ်သည်။

ယခင် ဟောင်ကောင် ဘုရင်ခံ ချုပ် နှင့် ယခု အောက်စဖို့ ဒ် တက္ကသိုလ် ၏ အဓိ ပတိ ဖြစ်သူ ခရစ်
ပက်တန် က လက်တင် ဘာသာ စကား ဖြင့်ဒေါ်အောင်ဆန်းစုကြည် ၏ ကြိုးစား အားထုတ် မှု ၊
အလျှော့မပေး သည့် ဇွဲလုံ့ လ၊ စွန့် လွှတ် အနစ်နာ ခံ သည့် ဂုဏ် ပုဒ် များ ကို ချီးကျုး ပြော ဆို
ပြီး နောက် ၁၉၉၃ ခုနှစ် က ရရှိ ခဲ့ သည့် ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့  ကို ၁၇ ရာစု နှစ် က
တည်ဆောက် ခဲ့ သည့် ရှယ်ဒိုနီးယန်း ဘွဲ့  နှင်း သဘင် ခန်း မ တွင် ပေး အပ် ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်က ” သူ နေအိမ် အကျယ် ချုပ် ဖြင့် နေထိုင်စဉ် ကာလ အတွင်း ခက်
ခဲ ကြမ်းတမ်းလှတဲ့ နှစ် တွေ မှာ အောက်စဖိုဒ့် တက္ကသိုလ် ကို အမြဲ သတိရ မိကြောင်း ၊ သူ
St’ Hugh’s ကောလိပ် မှာ ပညာ သင်ကြား နေစဉ် အတွင်း မှာ ဘာသာ မတူ ၊ လူမျိုး ကွဲ နဲ့ 
မွေးဖွားရာ ဒေသ မတူညီကြ တဲ့သူ တွေ ကို တွေ့ ဆုံ ခွင့် ရခဲ့ တာ မှာ လူ ကို တန် ဖို့ ထားတတ်
တဲ့ အလေ့အထ ကို ရလာ ခဲ့ ကြောင်း ၊ မြန်မာ နိုင်ငံ က ကျောင်းသား တွေ မှာ တော့ တက္ကသိုလ်
ကျောင်းသား ဘ၀ ဟာ ဖျက်ဆီး ခံ ခဲ့ ရတဲ့ ကွဲပြား ခြားနား တဲ့ အမြင် တွေ ကို ထိတွေ့ ရင်း ကိုယ်
ပိုင် ကမ္ဘာ ကို မတည်ဆောက် နိုင် တာ ကို တွေ့  ရတာ ၀မ်းနည်း စရာ ကောင်းတဲ့ အကြောင်း ”
ပြောကြားခဲ့ သည်။

ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ လက္ခံ ရယူသည့် အခမ်းအနား ဉ် ဒေါ်အောင်ဆန်းစုကြည် က ”
ကြက်သွေး ရောက် ဘွဲ့  နှင်း သဘင် ၀တ်စုံ နဲ့ အနက် ရောက် ဦးထုပ် ကို ဆင်မြန်းထား ပြီး ရင်
ဘတ် မှာ တော့ ခွပ် ဒေါင်း ပုံ ရင်ထိုး လေး ၊ ခေါင်းမှာ တော့ နှင်းဆီပန်း အ၀ါ လေး  ဆင်မြန်းထား
တာ တွေ့ ရတယ် လို့  ” တက္ကသိုလ် ရဲ့  အင်တာနက် စာ မျက် နှာ မှာ ဖော်ပြထား သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အောက်စဖိုဒ့် တက္ကသိုလ် မိန့် ခွန်း ကို ကြည့် ရန် ဤနေရာ တွင် ကလစ်နှိပ်ပါ။

ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၆၀ ပြည့်လွန် နှစ် တွေ မှာ ဒဿနိက ၊ နိုင်ငံရေး ၊ ဘောဂဗေဒ
ပညာ ရေး တွေ ကို သင်ကြား ခဲ့ ပြီး အဲဒီ မြို့ မှာ ပဲ ခင်ပွန်း ဖြစ်သူ ပါမေက္ခ မိုက်ကယ် အဲရစ် နဲ့ 
တွေ့ ဆုံ ခဲ့ ပြီး နှစ်ပေါင်း ၂၀ ကျော် အခြေချ နေ ထိုင်ခဲ့ သည်။

သူ ဟာ ဒီမြို့  ကို ဆယ် စု နှစ် နှစ် ဆယ် ကျော် မှ တစ်ခါ ပြန် ရောက် ရှိ ခဲ့ တာ ဖြစ် ပြီး ဆုပေး ပွဲ အခမ်း
အနား မိန့် ခွန်း မှာ လည်း အောက်စဖိုဒ့် တက္ကသိုလ် နဲ့  စာရေး ဆရာ John le Carre ရဲ့  စာပေ တွေ ဟာ
(ဘွဲ့ နှင်း သဘင် အခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည် ဘေး ဉ် ထိုင် နေသူ) ဟာ သူ့  ကို ခွန်အား
တွေ ပေး ခဲ့ ကြောင်း ပြော ကြား ခဲ့ စသည်။

Advertisements