ဒေါ်စု နေအိမ် မှု တရား ရုံး က ဆုံးဖြတ် ချက် ချ

ဒီနေ့ ထုတ် Favorite News Journal ရဲ့  မျက် နှာ ဖုံး မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့  အကို
ဖြစ်သူ ဦးအောင်ဆန်းဦး တို့  ရဲ့  နေ အိမ် အမွေ မှု ကို တရား ရုံး က ဆုံးဖြတ် ချက် ချ  လိုက်
တယ် လို့  ဖော် ပြထား ပါတယ်။

ရန်ကုန် အနောက် ပိုင်း ခရိုင် တရား ရုံး က နေ အိမ် တရား မ မှု မှာ သား နှင့် သမီး ဖြစ် ၍ တစ်
ဝက် စီ ခွဲ ယူကြ စေ ဟု အမိန့် ချ မှတ် လိုက် သည် ဟု  သတင်း များ တွင် ဖော်ပြထားသည်။

အမေရိကန် တွင် နေ ထိုင် ပြီး အမေရိကန် နိုင်ငံ သား ခံယူထား သည့် ဦးအောင်ဆန်းဦး က
၂၀၀၀ ပြည့် နှစ် မှ စ၍ ရန်ကုန် တိုင်း ဗဟန်း မြို့  နယ် အမှတ် ၅၄ ရှိ တက္ကသိုလ် ရိပ်သာ လမ်း
နေအိမ် ကို ပိုင်ဆိုင် လို မှု ဖြင့် စတင် တရား စွဲ ဆို ခဲ့ သည်။

တရားစွဲ ဆို ထားစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် က လုံခြုံရေး အရ  နေအိမ် ပြင် ဆင် ရန်
ဆောင်ရွက် မှု များ ကို ဦးအောင်ဆန်းဦး က ကန့် ကွက် ခဲ့ သော်လည်း တရား ရုံးက ပယ်ချ
ခဲ့ သည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က
မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ
နေအိမ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

၁၉၉၆ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည် နေအိမ် လုံခြုံရေး အတွက် တာဝန်ယူပေးထား သည့် လူငယ် များ ကို ရဲ တပ် ဖွဲ့  က ဖမ်းဆီး စဉ်

၁၉၉၆ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည် နေအိမ် လုံခြုံရေး အတွက် တာဝန်ယူပေးထား သည့်
လူငယ် များ ကို ရဲ တပ် ဖွဲ့  က ဖမ်းဆီး စဉ်

Favorite News Journal Scanned by Scuba Som

Advertisements

3 responses to “ဒေါ်စု နေအိမ် မှု တရား ရုံး က ဆုံးဖြတ် ချက် ချ

  1. ဟေ့၊မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းကိစ္စဟာဥပဒေပညာရှင်မပြောနဲ့၊ကျုပ်တို့လိုသာမန်ခေတ်ပညာတတ်တောင်သိတယ်။ဘယ်ခေတ်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာကြည့်ကြည့်။သည်အတိုင်းဆုံးဖြတ်ရင်မြန်မာပြည်သားပာာနှစ်နိုင်ငံသားခံယူလို့ရတဲ့သဘောမျိုးတောင်သက်နေပြီနော်။စဉ်းစားပြီးလုပ်ကြပါဦး။

  2. ဘာလဲကွာ။ ခရိုင်တရားသူကြီးက ” ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့် ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိ” ဆိုတဲ့ ဥပဒေကိုတောင် နားမလည်ဘူးလား။

  3. ယခင်ကမြန်မာနိုင်ငံသားတယောက်ဟာ ယခု တခြားနိုင်ငံခြားသားတယောက်ဖြစ်သွားပြီးတဲ့အခါမြန်မာနိုင်ငံတွင်ကျန်ရစ်ခဲ့သမျှ၎င်းတခြားနိုင်ငံခြားသားနှင့်မသက်ဆိုင်တော့ပါဟု ဥပဒေတွင်ပါရှိကြောင်းကြားဘူးပါသည်။ ထိုကဲ့သို့ ဥပဒေ ရှိပါက ၄င်းအမှုသည်အေကျုံးမ၀င်ပါ။

Comments are closed.