ပိတ်ဆို့ မှုတွေ ဖယ်ရှားရေး အတွက် လော်ဘီ ကို စဉ်းစား တဲ့ မိုက်ကယ် မိုးမြင့်

FNGအမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်၊ မေပယ်(လ) ဂရုဗ်  က မာရှယ် တက္ကသိုလ်
မှာ ရူဗဗေဒ ဘာသာရပ် နဲ့  ပတ်သက် ပြီး ပညာသင်ကြား မှု ပြု လုပ် ခဲ့ စဉ် က ပီဇာ မုန့် တွေ
လိုက် ပို့  ခဲ့ ရာ ကနေ အခု မြန်မာ ပြည်ရဲ့  အချမ်းသားဆုံး လူ တစ်ယောက် ဖြစ်လာတဲ့ ဦး
မိုက် ကယ် မိုးမြင့် က မြန်မာ နိုင်ငံ ကို အမေရိကန် က ပိတ် ဆို့ ထားမှု နဲ့  ပတ်သက် ပြီး
လွှတ်တော် မှာ မဲခွဲ ဥပဒေ ပြု တာ တွေ ကို စည်းရုံး ဆွဲဆောင် ရမယ် လို့  AFP  ကို ပြောပါတယ်။

ကွယ်လွန် သွား ပြီ ဖြစ်တဲ့ စစ်အာဏာရှင် ကြီး ဦးနေ၀င်း လက်ထက် က သူ့ ရဲ့  လေယာဉ် မှုး အ
ဖြစ်တာ ၀န် ထမ်းဆောင်ခဲ့ တဲ့ မိုက် ကယ် မိုး မြင့် ဟာ ၁၉၈၈ ခုနှစ် နောက် ပိုင်း မှာ Myint and
Associates ဆိုတဲ့ ကုမ္ပဏီ ကိုတည်ထောင် ပြီး ရေနံ ရှာ ဖွေ ရေး နဲ့  ရေနံ တူဖော်ရေး လုပ်ငန်း
တွေ ကို စတင် လုပ်ဆောင် ခဲ့ ပါတယ်။ ၁၉၉၆ ခုနှစ် မှာ Myanmar Petroleum Resources ဋ္ဌ
Limited (MPRL) ကို ထပ် ပြီး တည်ထောင်ခဲ့ ပါတယ်။

နောက် တော့ အမေရိကန် နိုင်ငံ က ချေဗရွန် ၊ ပြင်သစ် နိုင်ငံ က တိုတယ် ရေနံ ကုမ္ပဏီ တွေ နဲ့ 
အဆက် အသွယ် ရရှိ လာ ပြီး မစ္စတာ မိုးမြင့် ရဲ့  ကုမ္ပဏီ ဟာ ပိုပြီး ကြီးထွား လာ ခဲ့ ပါတယ်။

ကိုးဆယ် ပြည့် လွန် နှစ် နှောင်း ပိုင်း နဲ့  ၂၀၀၀ ပြည့် နှစ် အစော ပိုင်း တွေ မှာ သူ့ ရဲ့  ချမ်သား
ကြွယ်ဝ မှု ဟာ မြန်မာ နိုင်ငံရဲ့  ထိပ် ဆုံး အဆင့် ကို ရောက် ရှိ လာ ခဲ့ ပြီး ၂၀၀၈ ခုနှစ် ရောက်
တော့ အမေရိ ကန် ရဲ့  ဒဏ်ခတ် ပိတ် ဆို့  မှု စာရင်းထဲ မှာ သူ လဲ ပါဝင်ခဲ့ ပါတယ်။

အဲဒီရဲ့  အကျိုးဆက် ကတော့ ကာလီဖိုးနီးယား က ချေဗရွန် ကုမ္ပဏီမှာ သဘာဝ စွမ်းအင် အင်
ဂျင် နီယာ အဖြစ်တာဝန် ထမ်းဆောင် နေတဲ့ သူ့  ရဲ့  သား နှစ်ယောက် ထဲ က တစ်ယောက်
ဟာ H1B လို့  ခေါ် တဲ့ ကျောင်းသား ဗီဇာ ကို ပြန်လည် သက်တမ်း တို့  လို့  မရ တော့ တာ ကြောင့်
သြစတေးလျှ ကို ပြောင်း ရွှေ့ တာ ၀န်ထမ်းဆောင် ခဲ့ ရပါတယ်။

Myint and Sons Associated ပိုင်ရှင် မိုက်ကယ် မိုးမြင့် အား ၎င်း ၏ ရန်ကုန် မြို့  နေအိမ် တွင် တွေ့ ရစဉ်

Myint and Sons Associated ပိုင်ရှင် မိုက်ကယ် မိုးမြင့် အား ၎င်း ၏ ရန်ကုန် မြို့  နေအိမ် တွင်
တွေ့ ရစဉ် Photo : AFP

အမေရိကန် သံရုံး က ပေါက် ကြား လာတဲ့ ကြေးနန်း တွေ ကို ဖော်ပြ တဲ့ ၀ီကီလိခ် မှာ တော့
၂၀၁၀  ခုနှစ် က အမေရိကန် သံရုံးက ကြေးနန်း တစ်စောင် မှာ မြန်မာ ခရိုနီ တစ်ဦး ဖြစ်တဲ့
မိုက်ကယ် မိုးမြင့် နဲ့  ပတ်သက် ပြီး ရှားရှား ပါးပါး ချီးမွမ်းထား တာ ကို တွေ့ ရတယ်။

” သူက စစ် အုပ် စု နဲ့  ပတ် သက် ပြီး တော့ လုပ် ခွင့် ရရှိတဲ့ အတွက် ကြောင့် ချမ်းသာ ကြွယ်ဝ
လာတာ မှန် ပေမယ့် သူ့ ရဲ့  ကြိုးစား အား ထုတ်မှု နဲ့ ဇွဲလုံ့ လ  ကြောင့် လည်း ဖြစ်တယ်” လို့ 
သံရုံး က ပေး စာ မှာ ဖော်ပြထား ခဲ့ တယ်”

ပြီးခဲ့ တဲ့ ခရစ္စမတ် နေ့  မှာ မိုက်ကယ် မိုးမြင့်  ၊ ဒေါ်ဥမ္မာ မြင့် နဲ့  မိသားစု တွေ ဟာ အိမ်နီးချင်လည်း
ဖြစ်တဲ့ မြန်မာ့ ဒီမိုက ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သူတို့  အိမ် ကို ဖိတ် ကြား
ပြီး ညစာ တည့်ခင်း ဧည့်ခံ ကျွေးမွေး ခဲ့ ပါတယ်။

အဲဒီ ညစာ စား ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ” ကျွန်မ အသက် ၆၆ နှစ် ရှိ ပြီ ၊ ရှင်လဲ အသက် ၆၀
ကျွန် မတို့  မငယ် ကြ တော့ ဘူး ၊ အခု တော့ တိုင်း ပြည် အတွက် တစ်ခု ခု လုပ် ဆောင် ပေး နိုင်ဖို့ 
အခွင့် အလမ်း တွေ ရ နေ ကြ နေ ပြီ ၊ အတိတ် က ဖြစ်ရပ် တွေ ကို ပြည်ဖုံး ကား ချ ပြီး အနာဂတ်
အတွက် လုပ် ကြ ရမယ် ” လို့  ပြောခဲ့ တယ် လို့  သူက AFP သတင်း ဌာန ကို ပြောပါတယ်။

ခရိုနီ အရင်းရှင် စနစ် မှာ စစ်အုပ်စု နဲ့  ကျွမ်းဝင် တယ် ဆိုတဲ့ အချက် နဲ့  အမေရိကန် ရဲ့  အရေးယူ ပိတ်
ဆို့  မှု ကို ခံခဲ့ရ ပြီး တန်ရာ တန် ကြေး ပေး ဆပ် ခဲ့ ရတဲ့ ဦးမိုက်ကယ် မိုးမြင့် က ” ကျွန်တော် သူ ပြော
တာ သလို  မျိုး ပဲ သင်ပုန်း ချေ ဖို့  ဆန္ဒရှိ ပါတယ်” လို့  AFP ကို ပြောပါတယ်။

ဂန္တ၀င် မြောက် တဲ့ ခောတ် သစ် ဗိသုကာ တွေ နဲ့   ဖန်တီးထား တဲ့ သူ့  ရဲ့  အိမ်မှာ နိုဘလ် ငြိမ်းချမ်းရေး
ဆုရှင် နဲ့  ညစာ သုံးဆောင် နေစဉ် မှာ ပဲ .. ၊ ဒေါ်အောင်ဆန်းစုကြည် က သူ့ ရဲ့ သား နှစ် ဦး အကြောင်း
ကို လည်း မေးမြန်းခဲ့ တယ်။ ပြီး တော့ ခင်မင် နှစ်လို ဖွယ် ကောင်း တဲ့ အပြုံး နဲ့  ” သြစတေးလျှ မှာ အလုပ်
လုပ် နေတဲ့ သား ကို ဒီမှာ ပြန် လို့  ပြော လေ ၊ နိုင်ငံ ပြန် လည် တည်ဆောက်ရေး မှာ သူ့  လို လူငယ်
တွေ အများ ကြီး လို တယ်” လို့  အကြံ ပြု ပြော ခဲ့ တယ် လို့  သူက ဆိုပါတယ်။

AFP သတင်းဌာန က Anand Chandra နဲ့  တွေ့ ဆုံ နေစဉ် မှာ  စာရွက် ထောင့် ကလေး တွေ ခေါက်ထား
တဲ့ Why Nation Fails ကို သူ့  ရဲ့  ကော်ဖီ စား ပွဲ ပေါ် မှာ တွေ ခဲ့ ရတယ်။ အမေရိကန် စီးပွားရေး ပညာရှင်
နှစ်ဦး ရေးထား တဲ့ ဒီစာ အုပ် ကို သူက ဖတ်နေ ခဲ့ တယ်။ ဒီစာ အုပ်က နိုင်ငံ တွေ ရဲ့  ချမ်းသာ ကြွယ် ၀မှု ၊ ဓန
စီမံ ခန့် ခွဲမှု နဲ့  ဘာကြောင့် ကျဆုံး နိုင်ငံ ဖြစ်သွား ရတာ လဲ ဆိုတာ ကို ဖော်ပြထား တာ ပါ။

သူက ဒီစာ အုပ် ကို သမ္မတ ဦးသိန်း စိန် ကို လည်း ပေး ရ မယ် လို့  ဆို ပါတယ်။

AFP သတင်းဌာန နှင့် တွေ့ ဆုံ နေသည့် မိုက် ကယ် မိုးမြင့်

AFP သတင်းဌာန နှင့် တွေ့ ဆုံ နေသည့် မိုက် ကယ် မိုးမြင့်

Advertisements

One response to “ပိတ်ဆို့ မှုတွေ ဖယ်ရှားရေး အတွက် လော်ဘီ ကို စဉ်းစား တဲ့ မိုက်ကယ် မိုးမြင့်

  1. နှာဘူးကြီး။ ကာရာအိုကေ သိပ်ကြိုက် နို့နိုက်တတ်တဲ့သူလေ

Comments are closed.