သတင်းကောင်း

by ကို သုကာ
JL Tkg : ဟေ့အကောင် မင်းမျက်နှာက ပြည်တည်တည်နဲ့ ဘာဖြစ်နေတာလဲ။ လဒကြီး
ခွေးသေကောင်ပုတ် ခွထိုင်နေသလိုပဲ

ကိုသုကာ : ငါ့ဟာငါ စိတ်ချမ်းသာလို့ ပြုံးနေတာပါကွာ။ မင်းပြောလိုက်ရင် လူကို  ရစရာမရှိတော့ဘူး။
မှိုချိုးမျှစ်ချိုးနဲ့။ ပိဿလေးနဲ့ဘေးပစ်သလို သူတပါးကို ပြောတတ်တဲ့ အကျင့်လေးတော့ ပြင်စမ်းပါကွာ…

JL Tkg : ဒီခေတ်ဒီအခါကြီးထဲ စိတ်ချမ်းသာနေရအောင် မင်းက ဘာကောင်မို့လဲ.. ခရိုနီလား ဘူဇွာလား
အနားပြာလား အောက်ဆွဲလား

ကိုသုကာ : ဟဟ မင်းဖေ့ဘွတ်ထဲက စကားလုံးတွေနဲ့ လာမစွပ်စွဲပါနဲ့။ မင်းတို့ကောင်တွေသာ အွန်လိုင်းမှာ
အချင်းချင်းဖဲ့ဖို့ရွဲ့ဖို့ ချန်ထားစမ်းပါ။ ဒီရက်ပိုင်း စိတ်ချမ်းသာစရာ သတင်းလေးနှစ်ပုဒ်ကြားလို့ ကြည်နှုးနေတာ
မင်းလာမှ စိတ်ငြီးငြူသွားတော့တာပဲ။ မင်းကြောင့် ငါ့မှာလဲ နာမည်ပျက်ပေါင်းများပြီ။ JL Tkg ဆိုရင်
လူတွေကလဲ မကြိုက်ကြတော့ဘူး။ ကိုသုကာနာမည်နဲ့ပဲ အေးအေးနေပါရစေ။

JL Tkg : ငါ့ဟာငါ စိတ်ရင်းအတိုင်း ယုံကြည်ချက်နဲ့ လွတ်လပ်စွာနေတာ ငါ့ကောင်.. မင်းလို လူကြိုက်များအောင်
အသံကောင်းဟစ်နေတဲ့ကောင်မဟုတ်ဘူး။ ကဲ.. ပြောစမ်းပါဦး ဘာသတင်းကောင်းလဲ… ကင်တားနား
ကုလားလိုရှင်ပြုတဲ့သတင်းလား။ မင်းတို့ အချစ်တော်ပြောင်ပြောင့်ထိပ်မှာ ဆံပင်ပြန်ပေါက်တဲ့ သတင်းလား။

 

ကိုသုကာ : မင်းတနေကုန် ဖေ့ဘွတ်ထဲမှာ အာဖျံကွီးလုပ်နေတာပဲ.. ဘာလို့ မသိရတာလဲ… ပထမသတင်းတစ်ခုက
အမေစုကို တရားဥပဒေစိုးမိုးရေးကော်မတီဆိုလား အဲသည်အဖွဲ့မှာ ဥက္ကဌရာထူးပေးလိုက်တယ်လေ။
ဒါ တိုင်းပြည်ကောင်းဖို့ပဲမဟုတ်လား။ အမေစုအနေနဲ့ ငါတို့နိုင်ငံ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ကိုယ်ကျ
ဦးဆောင်ပြီး ဆောင်ရွက်ဖို့ တရားဝင် အာဏာရသွားတယ်လို့လဲ ပြောလို့ရတာပဲ.. ဥပမာ ကချင်ပြည်နယ်
၊ ရခိုင်ပြည်နယ်လို ကိစ္စမျိုးပေါ့ကွာ

 

 

JL Tkg : အဟက် အဟက်…. ဘာတဲ့… ဒေါ်စုက တရားဥပဒေစိုးမိုးရေး ငှက်ကထ.. ဟိဟိ.. ငါသိသားပဲ..
ဒီသတင်းကို.. ကဲ ဆက်ပြောပါဦး နောက်တစ်ခု

ကိုသုကာ : မင်း.. ဒါ လှောင်ရီ ရီစရာ မဟုတ်ပါဘူး။ နောက်သတင်းကောင်းတစ်ခုက ၈၈ နှစ်ပါတ်လည်နေ့ကို
နိုင်ငံတော်သမ္မတကြီးက တရားဝင်ထောက်ခံကြောင်းပြတဲ့အနေနဲ့ ဝန်ကြီးနှစ်ပါးကိုလွှတ်ပြီး အားပေးတဲ့
အကြောင်းလာပြောတဲ့သတင်းကွ.. အလှုငွေတွေတောင်ထည့်သွားသေးတယ်။ ကိုမင်းကိုနိုင်တို့ ကိုယ်တိုင်
လက်ခံယူလိုက်သေးတယ်ကွာ.. ဓာတ်ပုံတွေလဲ တွဲရိုက်လို့..ဖေ့ဘွတ်ပေါ်တက်လာတာ ငါမနေ့ကတွေ့လိုက်တယ်။
ဒါဟာ ဝမ်းသာစရာသတင်းမဟုတ်လို့ ဘာလဲကွ။ အရင်တုန်းက တရားဝင်ကျင်းပခွင့်မရ လေသံတောင်မဟရဲခဲ့ကြတဲ့
သည်ပွဲကို နိုင်ငံတော်အစိုးရကိုယ်တိုင် လက်ခံကြောင်းပြလိုက်တာ ဘယ်လောက်ကြည်နှုးဖို့ကောင်းလဲ။ မတူတာတွေ ဘေးဖယ်ပြီး တူတာတွေပေါင်းလုပ်တဲ့သဘောတင်မကတော့ဘူး.. အရင်လို ဆတ်ဆတ်ထိမခံ အသံတောင်မကြားချင်တဲ့ ကိစ္စကြီး
ကို ခုတော့ စိတ်ပါလက်ပါ အားပေးတဲ့ အဆင့်တောင်ရောက်လာပြီဆိုတော့ ဘယ်လောက်ဝမ်းသာစရာ ကောင်းသလဲ။

 

JL Tkg : ဟားဟားဟားဟား… အားးးးး ဟားဟားဟား…အေးးးး ဟေးဟေးဟေး

ကိုသုကာ : ဟေ့ကောင် ဘာဖြစ်နေတာလဲ.. ရူးသွားတာလား

JL Tkg : ဟားဟား.. ငါမရူးဘူး ငါ့ကောင်.. မင်းသာ စောက်ရူး နလဗိန်းတုံး ဦးနှောက်မရှိတဲ့ ကျပ်မပြည့်ကောင်… မှတ်ထား သဒေါင်းဇားရဲ့

 

ကိုသုကာ : ဟာ.. ဟေ့ကောင် မင်းငါ့ကို အဲလို ဗလိုင်းကြီးမဆဲနဲ့။ ငါပြောတာ ဘာမှားသလဲ။ ဒါ.. နိုင်ငံတော်
တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့  နိုင်ငံသားတိုင်းအတွက် အပြုသဘောဆောင်တဲ့ ဝမ်းသာစရာ သတင်းတွေကွ…
ဒါကို လှောင်ချင်ပြောင်ချင်ရအောင် မင်းကကော ဘာကောင်လဲ သစ္စာဖောက် လောက်ကောင်လား.. ပုဆိန်ရိုးလား…
မင်းလိုလဲ ငါလဲ စွပ်စွဲတတ်တယ်ဟေ့ကောင်.. ရန်လာမစနဲ့

 

 

JL Tkg : စောက်ရူး.. သေချာနားထောင်စမ်း.. ငါ မင်းလို နလဘိန်းတုံးမဟုတ်ဘူးကွ။ မင်းတို့မေမေ ခွပ်ဒေါင်းမိခင်ကြီး
ဒေါ်စုက ပါးစပ်က အားအားရှိ ရူးအော့လော ရူးအော့လော… တဖွဖွရွတ်နေတာကို နားကြားပြင်းကပ်ပြီး ဒီလောက်
ရူးအော့လောနေတာ ဖြစ်မြောက်အောင် လုပ်ကြည့်စမ်းဟယ်ဆိုပြီး ဗြဟ္မာခေါင်းကြီး လက်ထဲ အရောက်ပို့လိုက်တာ
ငါ့ကောင်… ဒီအစိုးရထဲကလူတွေအားလုံးဟာ မင်းတို့ထင်သလို နလဘိန်းတုံးတွေချည်း မဟုတ်ဘူး။ မင်းတို့ အမေစုကို လှလှပပကြီးပညာပေးလိုက်တာပဲ။ အောင်မြင်အောင် လုပ်နိုင်ရင် လုပ်၊ မလုပ်နိုင်လို့ကတော့ ဟက်တက်ကွဲပြီပဲ။
ဒီယုန်မြင်လို့ ဒီခွင်ဆင်တာ။ ဘာနဲ့တူသလဲဆိုတော့ ပေါက်တော့မယ့် ချိန်ကိုက်ဗုံးကို ရင်ခွင်ထဲထိုးထည့်ပြီး
ကြိုးတွေဖြုတ်ခိုင်းသလိုပဲ။ မှားလို့ကတော့ နားကားပြီမှတ်။ တချက်ခုတ် ဆယ်ချက်ပြတ် ကြံ့ဖွံ့ကို ဘာမှတ်သလဲ။
မှတ်ထားကောင်လေး

 

ကိုသုကာ : မင်းမှာ နည်းနည်းလေးမှ အကောင်းမြင်တတ်တဲ့ စိတ်လေး မရှိတော့ဘူးလား။ အရာရာကို ဒီလို အပျက်
ချည်းတွေးနေရင် ဘယ်လိုလုပ်ရှေ့ဆက်လို့ရမလဲ။ ငါ မင်းကို တော်တော်လေးစိတ်ကုန်တယ်။ မင်းနာမည် JL Tkg
ဆိုတဲ့နာမည်နဲ့ ဖေ့ဘွတ်ဝင်တိုင်း ဒီလို ဘေးက ကန့်လန့်တိုက်မယ်ဆိုတဲ့ စိတ်နဲ့ လျှောက်ပြောနေတာ ငါ့နာမည် ကိုသုကာ ပါ အလိုလိုပျက်တယ်။ ငါ့ကိုပါ လူတွေ ချဉ်ကုန်ကြမယ်။ နည်းနည်းတော့ ဆင်ခြင်ပါကွာ…

 

 

JL Tkg : မပြီးသေးဘူး မပြီးသေးဘူး ငါ့ကောင်.. ဘာတဲ့.. ၈၈ပွဲအတွက် အလှုငွေဆယ်သိန်း ကိုမင်းကိုနိုင်က
လက်ခံလိုက်တယ်ဆိုလား.. ဟားဟားဒါလဲ စောစောက ပြောသွားတဲ့ အကွက်နဲ့ ခပ်ဆင်ဆင်အကွက်ကွ မှတ်ထား
သဒေါင်းဇားရဲ့။ မင်းတို့ကောင်တွေက အားအားရှိ နှစ်ပါတ်လည်တွေ ထထလုပ်နေတာ ဟိုက စောင့်ကြည့်နေတာကြာပြီ။
အရင်ကတော့ ရှင်းတယ်.. တရားမဝင်ဘူး ဟေ့ကောင်တွေ အကုန်တက်ဆိုပြီး ကားနဲ့ ထောင်ဘူးဝကို တခါတည်းမောင်း
သွားတာ။ မင်းတို့ကလဲ တရားမဝင်ပါဘူး.. လုပ်ခွင့်မပေးပါဘူးဆိုတဲ့ အခမ်းအနားမျိုးမှ လက်သီးလက်မောင်းတန်းပြီး
တက်ကြွတဲ့ ကြက်ဖကြီးတွေ လုပ်ချင်ကြတာ။ အဲသလိုလုပ်လို့ ၂၄နာရီလောက် ခေါ်အမေးခံရရင်ပဲ ရာထူးတစ်ရစ်တိုးသလို
ဂုဏ်ယူကြတယ်လေ.. နောက်ပိုင်းကျတော့ မင်းတို့အထာကို စောင့်ကြည့်ရင်း ဟိုက နပ်လာပြီ။ သူတို့လဲ နာမည်မပျက်
တဲ့အပြင် နာမည်ကောင်းလဲရ၊ မင်းတို့ပွဲတွေလဲ “အ” သွားအောင် ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ သဘောကွ။ နောက်ပိုင်း
မင်းတို့ အလွန်လုပ်ချင်ပါတယ်ဆိုတဲ့ ပွဲတွေကို သူတို့ကိုယ်တိုင် တာဝန်ယူပြီး တရားဝင် ကျင်းပပေးတဲ့ အဆင့်ထိရောက်
လာရင် မင်းတို့တတွေ ခေါင်းစီးပဝါကြီးနဲ့ ရဲရဲတောက်လို့ ရနိုင်ပါဦးမလား။ ကောင်ကလေး.. မင်းငယ်ပါသေးတယ်။

 

ကိုသုကာ : ငါတကယ်ပြောတာ။ မင်းကို တော်တော် စိတ်ပျက်တယ်။ မင်းမှာ ဒီလိုအတွေးအခေါ်မျိုး စိတ်ဓာတ်မျိုးရှိတာကို
လူတွေက ချီးကျူးကြမယ် မထင်နဲ့။ အောက်တန်းကျတယ်တောင် သတ်မှတ်ကြဦးမယ်။ မင်းက ကိုယ့်ကိုကိုယ် ငါကတော့
ဒီလိုမြင်တယ်ကွ.. ဘာညာနဲ့ တလွဲဆံပင်ကောင်းပြီး ဂုဏ်ယူနေပေမယ့် လူတွေကတော့ အထင်အမြင်သေးမှာ ကျိန်းသေပဲ။
မင်းဆိုတဲ့ကောင်က မင်းလိုကောင်မျိုးအချင်းချင်းသာ ပလဲနံပသင့်ရင်သင့်မယ်။ ပုံမှန်လူပါတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတော့
ဘယ်တော့မှ လူရာဝင်မှ မဟုတ်ဘူး။ ရွာပြင်ထုတ်ခံရတယ်ဆိုတာ မှန်တာပြောလွန်းလို့ရယ်တင်မဟုတ်ဘူး။ အရာရာကို
ဂဏန်းလို ဘေးတိုက်တိုက်လိုက်ရမှ ဂွပြောလိုက်ရမှဆိုတဲ့ တလွဲအကျင့်ဆိုးတွေကို ရွံလို့သိလား။

 

 

JL Tkg : ဟက်ဟက်… စောစောက မင်းမျက်နှာကြီး ပြည်တည်တည် စပ်ဖြီးဖြီး ဖြစ်နေရာကနေ ခုတော့ အီးပိတ်သလို ရှုံ့
တွသွားတာမြင်ရတော့ ငါစိတ်ချမ်းသာသကွာ.. ဟဲဟဲ လစ်ပြီ.. ဘိုင်းဘိုင်

 

 

ကိုသုကာ : !@#$%^&

Advertisements

One response to “သတင်းကောင်း

Comments are closed.