မျက်နှာဖုံးစွပ်ထား တဲ့ ၁၅ နှစ် အရွယ် သား ကို ဖခင် က မှားယွင်းပြစ်သတ်

အိမ်နီးချင်း က ဓားပြ အိမ်နားကပ် တယ် ဆိုတာကြောင့် ငါးတန်းကျောင်းသား များ ကို စာသင်ပေး
နေသည့် နာမည် ရ ကျောင်းဆရာ ဖခင် က အသက် ၁၅ နှစ အရွယ် အထက်တန်း ကျောင်းသား
ဖြစ်သည့် သား ဖြစ်သူ ကို သေနတ် ဖြင့် ပြစ်သတ်မှု အမေရိကန် နိုင်ငံ ကွန်နက်တီကတ် ပြည်နယ်
နယူး ဖယ်ဖီး တွင် ဖြစ်ပွား ခဲ့ သည်။

နှင်းလျှောစီးရာ တွင် အသုံးပြုသည့် မျက်နှာဖုံး အနက် ၀တ်ဆင်ထားသည့် သား ဖြစ်သူ သည်
အိမ်နီးချင်းဖြစ်သူ အဒေါ် ၏ အိမ်သို့  အနက်ရောင် အ၀တ်အစားများ ၀တ်ဆင် ပြီး လက်ထဲ တွင်
ဓားငယ် တစ်ချောင်း ကိုင်ဆောင်ကာ ကြာသပတေး နေ့ နံနက် ၁ နာရီ တွင် ၀င် သွား ခဲ့သည်။

ညီမဖြစ် သူက အိမ်နီးချင်း အကို ဖြစ်သူ Jeffrey Giuliano ကို အကူ အညီတောင်းရာမှ ဂျက်
ဖရီ က အိမ် တွင်းရှိ သေနတ် ကို ယူပြီး မျက်နှာ ဖုံးစွပ် ရုပ်ဖျက် ထားသည့် သား ကို ပစ်သတ်
လိုက်ခြင်း ဖြစ်သည်။

ရဲတပ် ဖွဲ့  ရောက်လာ ချိန် တွင် မျက်နှာဖုံး ချွတ်ကြည့် မှ သေနတ် နှင့် ပစ်လိုက် သောကြောင့် သေ
ဆုံးသူ သည် သူ ၏ သား ဖြစ်ကြောင်း သိရှိ ရသည် ဆိုသည်။

ရဲတပ်ဖွဲ့  က တိုင်လာ ဂီလီယာနို သေဆုံးမှု အတွက် ဖခင် ဖြစ်သူ ကို ရာဇ၀တ် ကြောင်း အရ ဖမ်း
ဆီးခြင်း မရှိ ဟု သိရသည်။

ကွန်နက်တီကတ် ပြည်နယ် ရဲမင်းကြီး က ” တိုင်လာ က ကျီစား လို တဲ့ သဘောနဲ့  အဒေါ်ရဲ့  အိမ်
ထဲ ၀င်ဖို့ ကြိုးစား တာလား ၊ ဖောက်ထွင်းဖို့  ၀င်ရောက်တာ လား ၊ သူ့ အဖေကရော သား ဖြစ်သူ
မှန်း သိလျှက် နဲ့  တမင် ပြစ်လိုက်တာ လား ဆိုတာ ရှင်းရှင်း လင်းလင်း မသိရ သေးဘူး ဟု ပြော
သည်။

ဖယ်ဖီး မြို့  ကလေး က မူ ကြေကွဲ ဖွယ် အဖြစ် အပျက် အတွက် ပူဆွေး မဆုံး ဖြစ်နေကြသည်။

The neighbor, who is the teen’s aunt, was alone in her house and believed someone was breaking in. She called the teen’s father, who lives next door. He grabbed a gun, went outside, confronted someone wearing a black ski mask and black clothing and fired when the person went at him with a shiny weapon in his hand, police said.

Advertisements

One response to “မျက်နှာဖုံးစွပ်ထား တဲ့ ၁၅ နှစ် အရွယ် သား ကို ဖခင် က မှားယွင်းပြစ်သတ်

Comments are closed.