ခုနှစ်ရက်သားသမီးများအတွက် ( ၅.၁၁.၁၂ ) မှ ( ၁၁.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားခရီးကောင်းနေခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ရွှေ၊ နာရီဝင်ခြင်း၊ လက်အောက်ငယ်
သားရောက်လာခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊ မြေ၀င်ခြင်း၊ ကွန်ပြူတာဝင်ခြင်းများဖြစ်တတ်သည်။
စက်ပစ္စည်းများထွက်ခြင်း၊ ပျက်ခြင်းဖြစ်တတ်သည်။ ဆိုင်လုပ်ငန်းလုပ်ရန်အဆင်သင့်ဖြစ်နေခြင်း၊
သို့သော်မိမိထင်သလောက်မအောင်မြင်သေးသောအချိန်ဖြစ်နေသည်။ အစစအရာရာသည်းခံပြီးလုပ်ပါ။
မကြာခင်အဆင်ပြေသွားမည်။

ကျန်းမာရေး။ အစာအိမ်ရောဂါပြန်ဖြစ်နေတတ်သည်။ အစားအသောက်ဆင်ခြင်ပါ။

အချစ်ရေး။ ချစ်သူ/ အိမ်ထောင်ဖက်ကောင်းအနားမှာရှိနေသောကြောင့်အစစအရာရာအဆင်ပြေနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၅ ၆ ၅ ၃)

တနင်္လာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်အစစအရာရာအောင်မြင်နေသည်။ ငွေများဝင်သည်။သို့သော်အထွက်လည်းဆက်တိုက်ဖြစ်နေတတ်သည်။
ရွှေဝင်ကိန်းရှိနေသည်။ သေချာပေါက်ဝင်လိမ့်မည်။အလုပ်တွင်လက်အောက်ငယ်သား၊ လူမျိုးခြားကြောင့်စိတ်အနှောင့်
အယှက်ဖြစ်နေရတတ်သည်။အဝေးမှာနေသောသားသမီးများအတွက်ပူပင်မှုဖြစ်နေရတတ်သည်။ ရေခြားမြေခြား
ပင်လယ်ရပ်ခြားခရီးသွားရကိန်းရှိသည်။ ကောင်းသောခရီးဖြစ်သည်။ လုပ်ငန်းတိုးချဲ့ရန်အကြောင်းဖြစ်လာတတ်သည်။ မလုပ်ပါနှင့်။

ကျန်းမာရေး။ နှာစီးခြင်း၊ ချောင်းဆိုးခြင်းဖြစ်နေတတ်သည်။

အချစ်ရေး။ ချစ်သူနှင့်ရေခြားမြေခြားဖြစ်နေရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြာဇံကြော်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၉ ၉ ၇ ၇ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်တတ်သည်။ မိမိအတွက်အစစ
အရာရာအဆင်ပြေမှုရတတ်သည်။ စိတ်များလေနေတတ်သေးသည်။ ယခုအချိန်သည်မိမိဖြစ်ခြင်သောကိစ္စများအပြည့်
အ၀မဖြစ်သေးသောအချိန်ဖြစ်နေသည်။ အစစအရာရာသည်းခံနေရမည်။ အလုပ်တွင်လည်းလုပ်သမျှအဆင်မပြေဖြစ်နေ
တတ်ခြင်း၊ အခက်အခဲများအတိုက်အခံများတွေ့ရခြင်းများဖြစ်နေတတ်သည်။ အလိုလိုနေရင်းမိမိကိုယ်ကိုစိတ်တိုင်းမ
ကျဖြစ်နေတတ်သည်။ တတ်နိုင်သလောက်ဘာသာရေးလုပ်ပြီးနေပါ။

ကျန်းမာရေး။ စိတ်အလိုမကျခြင်း၊ စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်နေတတ်သည်။

အချစ်ရေး။ မစဉ်စားဖြစ်အောင်စိတ်မအားဖြစ်နေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်သောဘာသာမှဘုရားသခင်အား ခေါက်ဆွဲကြော်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၈ ၄ ၅ ၃)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

အလုပ်အကိုင်အနည်းငယ်ပါးနေတတ်ခြင်း၊မိမိအတွက်မဟုတ်ဘဲသူတပါးအတွက်ငွေကြေးပူပင်သောကဖြစ်နေရတတ်
သည်။ ငွေများဝင်သော်လည်းအကုန်အကျများနေတတ်ခြင်းဖြစ်နေတတ်သည်။ရွှေဝင်ခြင်း၊ အလှူအတန်းများ
ဆက်တိုက်ပြုလုပ်နေရတတ်သည်။ မိမိထက်အသက်ကြီးသူ၊ ရာထူးကြီးသူ၏စိတ်ထားမကောင်းခြင်း၊ ညှာတာ
မှုမရှိခြင်း၊ မတရားခြင်းများကြောင့်စိတ်ညစ်နေရတတ်သည်။

လက်အောက်ငယ်သားကောင်းများကြောင့်အစစအရာရာအဆင်ပြေပါလိမ့်မည်။

ကျန်းမာရေး။ အကြောနာနေတတ်သည်။

အချစ်ရေး။ အပျိုကြီး၊လူပျိုကြီးလုပ်ရန်စိတ်ကူးနေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ညှပ်ခေါက်ဆွဲကြော်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၈ ၀ ၀ ၅ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

 

ရင်းနှီးထားသောငွေကြေးများသူတပါးလိမ်လည်သလိုဖြစ်ပြီးဆုံးရှုံးရမလိုဖြစ်နေတတ်သည်။ မိမိလုပ်ကိုင်နေသောလုပ်
ငန်းမိမိကြိုးစားသလောက်မအောင်ဘဲဖြစ်နေသည်။ မအားရအောင်အလုပ်များလုပ်နေခြင်း၊ ခရီးလည်းမကြာခဏ
ထွက်နေရခြင်းဖြစ်နေတတ်သည်။ ဘာသာရေးလည်းအမြဲမပြတ်ပြင်းပြင်းထန်ထန်လုပ်ဖြစ်နေမည်။ စိတ်ပင်ပမ်းခြင်း၊
လူပင်ပမ်းခြင်းနှစ်မျိုးလုံးဖြစ်နေတတ်သည်။

မကြာခင်အစစအရာရာအဆင်ပြေပါလိမ့်မည်။

ကျန်းမာရေး။ ကိုယ်န္ဓာ ကိုက်ခဲနေခြင်း၊ အကြောများနာခြင်းများဖြစ်နေတတ်သည်။

အချစ်ရေး။ ဘ၀လက်တွဲဖေါ်ကောင်းအမြန်လိုနေတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်သောဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ဘုရားကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၇ ၉ ၈ ၀)

သောကြာသားသမီးများ၏ကံကြမ္မာ

ရွှေလက်စွပ်ဝင်ခြင်း၊ အိမ်သုံးလျှပ်စက်ပစ္စည်းဝင်ခြင်းဖြစ်နေတတ်သည်။ မိမိလုပ်သောအလုပ်တွင်ဝင်ငွေတိုးခြင်း၊
နာမည်ကောင်းရနေခြင်း၊ လစာတိုးခြင်းများဖြစ်နေတတ်သည်။ မိတ်ဆွေများကိုလည်းငွေကြေးကူညီမှု
များပေးနေရခြင်းဖြစ်တတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စရှေ့သို့မတိုးဘဲစောင့်ဆိုင်းနေရတတ်သည်။
စာရွက်စာတမ်းနှင့်ပတ်သက်ပြီးစိတ်ညစ်နေရတတ်သည်။ ခရီးသွားရန်ကိစ္စနှောင့်နှေးနေတတ်သည်။
မကြာခင်ခေါ်စာရောက်လာခြင်း၊ ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်လာပါလိမ့်မည်။

ကျန်းမာရေး။ သွေးပေါင်ကျပြီးခေါင်းမူးနေတတ်သည်။

အချစ်ရေး။ စိတ်ချမ်းသာမှုရနေမည်။ သို့သော်အခုတလောချစ်သူ/ အိမ်ထောင်ဖက်၏ထမင်းဟင်းဂဂျီဂဂျောင်ကျသောကြောင့်စိတ်ညစ်နေရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဟင်းခါးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၂ ၆ ၃ ၆)

စနေသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်လခကောင်းခြင်း၊၀င်ငွေကောင်းခြင်းဖြစ်နေသည်။သို့သောမိဘများ၏စီးပွားရေးကျဆင်းမှုကြောင့်စိတ်
ညစ်နေရတတ်သည်။ ဆွေမျိုးသားချင်းများကိုအကူအညီတောင်းနေရတတ်သည်။ငွေကြေးမဟုတ်ဘဲလူမူရေး
ကိစ္စများဖြစ်သည်။ အလုပ်တွင် အစစအရာရာအဆင်ပြေသည်။ အထက်လူကြီး၏ကူညီမှုရခြင်း၊ လူမျိုးခြားများ၏
ကူညီမှုရခြင်းဖြစ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ အမိနိုင်ငံသို့သွားလိုက်ပြန်လိုက်လုပ်နေရတတ်သည်။

ကျန်းမာရေး။ နှာစီးချောင်းဆိုးဖြစ်နေတတ်သည်။

အချစ်ရေး။ စိတ်ချမ်းသာနေရပါသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၁ ၇ ၃ ၁)

Advertisements