လှေနဲ့  ထွက် ပြေး လာသူ တွေ ကို အကူ အညီ ပေး ဖို့  ဒေသတွင်း နိုင်ငံ တွေ ကို UNHCR ပန်ကြား

မြန်မာ နိုင်ငံ က နေ ရေ ကြောင်း ခရီး နဲ့  ပင် လယ် ၊ သမုဒ္ဓရာ တွေ ကို ဖြတ် ကျော် ပြီး ထွက်
ပြေး လာသူ တွေ ခို လှုံ နိုင် ဖို့  နဲ့  ၀င်ရောက် ခွင့် ပေး ဖို့  အတွက် အရှေ့ တောင် အာရှ  နိုင်ငံ
တွေ အနေ နဲ့  နယ်စပ် တံ ခါး တွေ ဖွင့် ထား ပြီး လက်ခံ ပေး ဖို့  ကုလသမဂ္ဂ ဒုက္ခသည် များ
ဆိုင်ရာ မဟာ မင်းကြီး ရုံး က ယနေ့  ပန် ကြား လိုက် သည်။

ဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး ၏ ပြောခွင့် ရ အကြီး အကဲ ဖြစ်သူ  အMelissa
Fleming က လူသားချင်း စာနာမှု အရေး ပေါ် ကူညီပေး မှု အနေ နဲ့  သူတို့  ရဲ့  ပူးဆွေး သော
က တွေ ကို မျှ ဝေ ပေး ဖို့ ၊ သူ တို့  တွေ ကို ကူညီ ပေး နိုင် ဖို့  ၊ ကာ ကွယ် ပေး ဖို  ၊ ထောက်ပံ့ မှု
တွေ လုပ် ပေး နိုင် ဖို့  ပြင် ဆင် ထား ရမယ် လို့  ဂျနီဗာ မှ သတင်း ထောက် တွေ နဲ့  တွေ့ ဆုံ
ရာ တွင် ပြောကြား ခဲ့ သည်။

 UNHCR ရဲ့  အဆို အရ နှစ်စဉ် လူ ၇၀၀၀ ကျော် ၈၀၀၀ ကျော် ခန့်  ဟာ လှေ တွေ နဲ့  ပင် လယ်
ကို ကျော်ဖြတ် ပြီး မြန်မာ နိုင်ငံ က နေ ထွက် ပြေး ကြ သည် ။

ပြီး ခဲ့ သည့် သီတင်း ၂ ပတ် ကျော် က မြန်မာ နိုင်ငံ မှ ထွက်  လှေစီး ထွက် ပြေး လာသူ များ
ဘင်္ဂလား ပင်လယ် အော်ထဲ တွင် လှေမှောက် ပြီး နောက် UNHCR ၏ အသနားခံ ချက်
ထွက် ပေါ် လာ ခြင်း ဖြစ်သည်။

 မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် မြောက် ပိုင်း တွင် ဇွန် လ အတွင်း က စတင်  ခဲ့ သည့် လူ
မျိုးရေး ၊ ဘာသာရေး မငြိမ် သက် မှု များ ကြောင့်  လူ ထောင် နှင့် ချီ ၍ အိုးအိမ် မဲ့ မှု
ဖြစ် ပေါ် ခဲ့ ပြီး ၊ ရာ နှင့် ချီကာ အသက် ဆုံး ရှုံး ခဲ့ ကြသည်။

အောက်တိုဘာ လ နှောင်း ပိုင်း က ဘင်္ဂလား ပင်လယ် အော် ထဲ တွင် လှေနစ်မြုပ် မှု ကြောင့်
ထွက် ပြေး လာသူ များ အသက် ဆုံး ရှုံး ခဲ့ ပြီး ၊ ကယ် ဆယ် ရေး လှေ က အယောက် ၄၀ ကျော်
ကို ကယ် တင် နိုင်ခဲ့ သည်။

နိုင်ငံ သား ဖြစ်မှု နှင့် နိုင်ငံ မဲ့ နေ ခြင်း ပြဿနာ များ  ကြောင့် ရိုဟင်ဂျာ များ မှာ မြန်မာ နိုင်ငံ တွင်
၎င်း တို့  အခွင့် အရေး များ ဆုံး ရှုံး မှု ရှိသည်။

မယ်လီဆာ ဖလယ်မင်း က မြန်မာ နိုင်ငံ မှ ထွက် ပြေး လား သည့် ဒုက္ခရောက် နေ သူ များ ဒေသ
တွင်း နိုင်ငံ များ အနေဖြင့် လက် ခံ ဖို့  ကုလ ဒုက္ခသည် များ ဆိုင် ရာ ဌာန မှ အသနားခံ ပါသည်
ဟု သတင်းစာ ရှင်း လင်း ပွဲ တွင် ပြောကြာ သွား သည်။

Advertisements

One response to “လှေနဲ့  ထွက် ပြေး လာသူ တွေ ကို အကူ အညီ ပေး ဖို့  ဒေသတွင်း နိုင်ငံ တွေ ကို UNHCR ပန်ကြား

  1. UNHCR is fool.Who tell you they are leaving from myanmar. They are allowed to bring to your countries whose want to hand a help to these people.Please don’t waste international funds and re-settlement to other countries can save a lot of your funds .Why didn’t you never try a little bit by this way?????

Comments are closed.