၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့  ဒုတိယ ပင်လုံ လိုအပ်တယ် လို့  အိန္ဒိယ မှာ ဒေါ်စု ပြော

အိန္ဒိယ နိုင်ငံ ကို အလည် အပတ် ရောက် ရှိ နေ တဲ့ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် က အိန္ဒယ သတင်း စာ ဆရာ တွေ နဲ့  တွေ့ ဆုံ ရာ မှာ ၂၀၁၅ ရွေးကောက် ပွဲ တရား
မျှ တ မှု ဖြစ်စေဖို့  အတွက် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ကို ဦးစွာ ပထမ ပြင် ဖို့  လို တဲ့ အကြောင်း
ပြော ကြား ခဲ့ ပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ ကို မပြင် ရင် ဘယ်နည်း နဲ့  မှ လွတ် လပ် ပြီး တရား မျှ တတဲ့ အခြေ ခံ ဥပဒေ
ဖြစ် မှာ မဟုတ် ကြောင်း သူက ဟိန္ဒစတန် တိုင်း (မ) သတင်းစာ ကို ထပ် လောင်း ပြောပါတယ်။

၂၀၀၈ အခြေခံ ကို ပြင် ဖို့  ဟာ ဒီမိုကရေစီ ရေး ပြည်ထောင် စု အရေး လည်း ဖြစ်ပြီး ဒီကိစ္စ မှာ
တိုင်း ရင်းသား တွေ အား လုံး ပါဝင် ဆောင် ရွက် နိုင် ဖို့  ဒုတိယ ပင်လုံ ညီလာခံ မျိုး လို အပ် တယ်
လို့  လဲ ပြောကြား ခဲ့ ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီ လ ၁ ရက်နေ့ မှာ ကျင်း ပတဲ့ ကြား ဖြတ် ရွေးကောက် ပွဲ မှာ ကော့ မှုး မြို့  နယ် မဲ
ဆန္ဒ နယ် ကို ကိုယ်စား ပြု ပြီး ၀င်ရောက် အရွေး ခံ ခဲ့ တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ဟာ သူ ငယ် စဉ် က ပညာ ရင် နို့  သောက်စို့  ခဲ့ တဲ့ အန္ဒိယ နိုင်ငံ ကို တစ်
ခါ ပြန် သွားရောက် လည် ပတ် ခဲ့ စဉ် မှာ ပြောကြား ခဲ့ တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်  ရဲ့  ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပြင်
ဖို့  နဲ  ပတ်သက် ပြီး အခု လို ပြောကြား ခဲ့ တာ ကြောင့် ဘာတွေ ဆက် ဖြစ် လာ နိုင်သ လဲ ပြည်သူ
တွေ က ဘယ် လို သဘော ထား ရှိသလဲ ဆို တာ FNG က မကြာခင် မှာ စုစည်း တင်ဆက် ပေး
မှာ ဖြစ်ပါတယ်။

Advertisements