အကျင့်ပျက်ချ စား မှု ဖော်ထုတ်သည့် PDP ပါတီ ခေါင်းဆောင် များ ထောင်ချ ခံရ

ကချင် ပြည် နယ် အစိုးရ အဖွဲ့  ၀င် တွေ ရဲ့  အကျင့် ပျက် ချစား မှု တွေ ကို ဖော် ထုတ် တဲ့
  ပြည်သူ့  ဒီမိုကရေစီ ပါတီ (PDP) က ခေါင်းဆောင် တွေ ကို ကချင် ပြည်နယ်
အစိုးရ က ဖမ်းဆီး ပြီး သက် ဆိုင်ရာ  မှာ အကျဉ်းချထား က တရား စွဲ ဆို ဖို့  စီစဉ် နေတဲ့
အကြောင်းပါတီ ရဲ့  အတွင်းရေး မှုး ဖြစ် သူ ဦး အောင်မြင့် က FNG ကို ပြောသည်။

တရားစွဲခံနေရသော ပါတီဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းထိုက်ဦးနှင့် ပါတီ ဒုဥက္ကဋ္ဌ ဦးဟိန်းထိုက်အောင်၊
စည်းရုံးရေး ကော်မတီဝင် ဒေါ်နန်းခမ်းထွေးတို့မှာ တနိုင်း မြို့  နယ်  ရဲစခန်းတွင် ဖမ်းဆီး
ချုပ်နှောင်ထားကြောင်း သိရသည်။

 PDP ပါတီ၏ ဗဟိုဦးစီးကော်မတီဝင် ဖြစ်သည့် ဦးဝင်းနိုင်နှင့်  စည်းရုံးရေးကော်မတီဝင်
ဒေါ်ကြေးမုံ တို့  ကို ယမန်နေ့  က မြစ်ကြီး နား မြို့  နယ် ရဲစခန်း တွင် ချုပ် နှောင် ထား ရာ
မှာ မြစ် ကြီးနား ရဲ စခန်း သို့  ပြောင်း ရွှေ့  လိုက်သည်။

၂၀၁၀ ရွေးကောက် ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ သော လည်း လွှတ်တော် ကိုယ်စား
ပြု နေရာ မရရှိ သည့် PDP ပါတီ သည် ရွေးကောက် ပွဲ လွန် ကာ လ တွင် ကချင် ပြည်
နယ် နှင့် အခြား ဒေသ များ တွင် အာဏာပိုင် များ နှင့် ပြည်နယ် အစိုးရ တာဝန် ရှိ သူ များ ၏ အကျင့် ပျက်
ချ စား မှု များ ကို ၎င်း တို့  ပါတီ မှ ထုတ်ဝေသည့်  လုပ်သား စာစောင် တွင် ဖော်ပြ ခဲ့ သည်။

ကချင် ပြည်နယ် အစိုးရ က ပီဒီပီ ပါတီ ခေါင်းဆောင် များ ကို ၁၉၆၂ စာပေ ထုတ်ဝေ ခွင့်
ဆိုင် ရာ ဥပဒေ ပုဒ် မ များ ဖြင့် တရား စွဲ ဆို ထား သည် ဟု သိရသည်။

အာဏာရ ပါတီ နှင့် မြန်မာ အစိုးရ သည် ပါတီ ငယ် များ ကို နှိပ် ကွပ် မှု များ နှင့် ထိုပါတီ
များ ၏ လွတ်လပ် စွာ ဖော် ပြ မှု များ ကို နှိပ် ကွပ် နှောင့် ယှက် မှု များ စိုက် လိုက် မတ်တပ်
ပြု လုပ် လာသည် ဟု ပါတီ ငယ် များ မှ ဝေဖန် မှု များ ထွက် ပေါ် လာ ချိန် နှင့် လည်း တိုက်
ဆိုင် နေသည်။

ယမန် နှစ် က မြစ်ကြီးနား မြို့  ရှိ မိဘမဲ့  ဂေဟာ ပေါက် ကွဲ မှု တွင် ဖမ်းဆီးထား သူ များ ကို
ကချင် ပြည် နယ် စရဖ မှ မတရား နှိပ် စက် မှု ကြောင့် ကချင် ပြည်နယ် အတွင်း ဖမ်းဆီး ခံထား
ရသည့်  PDP ပါတီ ခေါင်းဆောင် များ လည်းနှိပ်စက် ခံ ရ နိုင် ကြောင်း အဆို ပါတီ ကို ထောက်ခံ
သူ များ က ထင်မြင် ကြသည်။

Advertisements

One response to “အကျင့်ပျက်ချ စား မှု ဖော်ထုတ်သည့် PDP ပါတီ ခေါင်းဆောင် များ ထောင်ချ ခံရ

  1. maung daw+buthidaung+ rataydaung=မြို့နယ်များတွင် ဗလီဝတ် ကျောင်းတော်/ဘာသာရေး စာသင်ကျောင်း များကို
    ရခိုင်များ ဘုန်းကြီးများနှင့် ရဲ နဲ တပ်သားများက ပြဿနာ တက်နိုင်တယ်လို့ ပြောပြီး လာပိတ်ထားပါတယ်..
    အဓမ္မ အပိတ်ခံထားရပါသည်..ယခု(၇)လ ရှိပြီး
    ဘာသာရေး ပြဿနာတွေ ကြီးထွားအောင် ဖန်တီးလှုံ့ ဆော်နေတာပါ။
    ဒီလိုလုပ်နေတာဟာ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုး လှုံ့ ဆော်နေတာပါ။
    ဒီပြဿနာ အမှန်ပါ။
    အစိုးရက လူမျိုး၊ ဘာသာ ကို အားပေးတာပါ။
    နိုင်ငံတကာမှာ( မြန်မာ နိုင်ငံ/ရခိုင်ပြည်နယ်) ဗုဒ္ဓဘာသာဝင်များ သိက္ခာကျစေတာပေါ့၊
    ဒီကိစ္စက မြန်မာ မွတ်ဆလင်များ တာဝန်ပါ။ဒီပြဿနာဟာ အင်မတန်မှ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းဖြစ်ပါတယ်။

Comments are closed.