ဓါးခုတ် ရာ လက်ဝင် လျှို ခိုင်းသည့် စုံစမ်းစစ်ဆေး ရေး ကော်မရှင် တွင် ၈၈ မျိုးဆက် ကျောင်းသား များ ပါဝင် မည် မဟုတ်
လိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် တွင် ၈၈ မျိုး ဆက် ကျောင်းသား များ အနေဖြင့်
ပါဝင် လို ခြင်း မရှိ ကြောင်း ၎င်း တို့  ၏ ဆန္ဒသဘော ထား ထုတ် ပြန် ကြေငြာ ချက် ကို
၈၈ မျိုး ဆက် ကျောင်းသား များ ၏ Facebook စာမျက်နှာ တွင် ဖော် ပြ ထား သည်။ 
မြန်မာ အစိုးရ က ဖွဲ့  စည်း လိုက်သည့် လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး
ကော်မရှင် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ဥက္ကဌ နှင့် ကော့မှုး မြို့  နယ် လွှတ်တော်
အမတ် ဒေါ်အောင်ဆန်းစုကြည် အား ဥက္ကဌ အဖြစ်တာ ၀န်ပေး ထား သည်။
လက်ပံတောင်းတောင်း အကြမ်းဖက် ဖြိုခွဲ မှု များ အား မြန်မာ နိုင်ငံ တ၀ှမ်းရှိ သပိတ်မှောက်
သံဃာ ၊ ကျောင်းသား နှင့် ပြည်သူ များ က စုံစမ်း စစ်ဆေး ပေး ရန် တောင်းဆို ဆန္ဒပြ နေ ချိန်
တွင်  ကော်မရှင် ကို ဖွဲ့  စည်း လိုက် ခြင်း ဖြစ်သည်။
ထို စုံစမ်းစစ်ဆေးရေး ကော်မရှင် နှင့် ပတ် သက် ပြီး မန္တလေး မြို့  ရှိ သပိတ်မှောက် ဆရာတော်
ဦးကောသလ္လ က  လွတ်လပ် စွာ စုံ စမ်း စစ်ဆေး ရေး ရ မယ့် ကော်မရှင် ဆို ရင် ကောင်းတယ်။
စုံစမ်း စစ်ဆေး မှု တွေ ကို ပြည်သူတွေ ကို ချ ပြ ဖို့  လိုတယ်  ၊ ရခိုင် မှာ ဖြစ်တုန်း ကလည်း စုံ
စမ်း စစ်ဆေး ရေး ကော်မရှင် ဖွဲ့  တယ် ၊ နောက်ကျ တော့ အမြီး မြှောက် လိုက် အီး ပေါက် လိုက်
ပဲ ၊ သမ္မတ ရုံး က ပြော ခွင် ရှိတဲ့ သူ ဆိုကလဲ နောက်ကွယ်က လူတွေ ကို ဖော်ထုတ် မယ် ဘာမယ်
ညာမယ် ၊ အခုထိ ဘာမှ သေချာ ရေရာ မှု မရှိ ဘူး ၊ အစိုးရ  က ယုံချင် စရာ ကို မရှိ ဘူး ဟု FNG
ကို မိန့် သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂
ဖြင့် ထုတ် ပြန် ကြေငြာ မှု တွင် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဌ အဖြစ် ပါဝင် ပြီး NLD ပါတီ ၀င် နှင့်
ပုလဲ မြို့ နယ် လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် ၊ ဦးမင်းကို နိုင် နှင့် ဦးကိုကိုကြီး တို့  အား အဖွဲ့  ၀င်
အဖြစ် ထည့် သွင်းထား သည်။
ထိုကော်မရှင် တွင် အစိုးရ ဘက် မှ သမာသမတ် မရှိ သည့် အငြင်း ပွာဖွယ်ရာ လူ များ ပါ ၀င်ခြင်း
ကြောင့် ၈၈ မျိုးဆက် ကျောင်းသား များ မှာ မပါ ၀င် လို ကြောင်း သဘောထား ထုတ် ပြန် ခြင်း
ဖြစ် နိုင်သလို  ၊ အစိုးရ ၏ ကလိန် ဥာဏ် ဖြင့် ဓါးခုတ် ရာ လက်ဝင် လျှို ခိုင်းသည့် သဘော သက်
ရောက် နေ သော ကြောင့် မပါ ၀င် တော့ ခြင်း ဖြစ် နိုင်ကြောင်း ရန်ကုန် မြို့  မှ နိုင်ငံရေး သတင်း
ထောက် တစ်ဦး က သုံးသပ် သည်။
နံနက် လင်းအားကြီး အချိန် တွင် မြန်မာ အစိုးရ လုံခြုံရေး တပ် ဖွဲ့  များ မှ အကြမ်းဖက် တိုက် ခိုက် မှု ကြောင့် သံဃာတော် များ နှင့် ဆန္ဒပြ သူ ၇၀ ကျော် သေရာ ပါသည် ထိ ဒဏ်ရာ များ ရရှိခဲ့ သည်။
ဓာတု ဗေဒ နှင့် လက်နက် ကျွမ်းကျင် သူ များ က ထိုတိုက် ခိုက် မှု တွင် နပန်း ဗုံး ဟု ခေါ်သည့် မီး
လောင် ဗုံး များ ဓာတု လက် နက် များ သုံးစွဲ ခဲ့ သည် ဟု သုံး သပ် ထား သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၂/ ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်
(ခ) ဦးလွန်းသီ အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်
(ဂ) ဦးသန်းမြင့် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်
(ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်
(င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်
(စ) ဦးခင်မောင်ရီ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်
(ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်
(ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်
ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
(ဈ) ဦးမျိုးညွန့် အဖွဲ့ဝင်
အထွေထွေအတွင်းရေးမှူး
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
(ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်
Chairman, Myanmar Environmental Institute
(ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်
သံအမတ်ကြီး (ငြိမ်း)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
(ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်
Senior Consultant on Social Assessment
Myanmar Environmental Institute
(ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်
စာရေးဆရာ
(ဎ) ဦးဝင်းထိန် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
သတ္တုတွင်းဝန်ကြီးဌာန
(ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်
ညွှနကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(တ) ဦးတင်မြင့် အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန
(ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်
ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
(ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်
ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ပညာရေးဝန်ကြီးဌာန
(န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်
Myanmar Peace Center
(ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
(ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
(ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန
ကျန်းမာရေးဝန်ကြီးဌာန
(ဘ) ဦးနေဦး အဖွဲ့ဝင်
ဒုတိယညွန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
(မ) ဦးဝင်းကြည် အဖွဲ့ဝင်
ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
(ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန
(ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်
ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်
ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဝ) ဦးဘိုဌေး အဖွဲ့ဝင်
တုံရွာမ၊ တုံကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(သ) ဦးစစ်မြိုင် အတွင်းရေးမှူး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များ
အပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-
(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ
အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
(ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် 
အကျိုး ရှိ/ မရှိ၊
(ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊
(င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊
(စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊
(ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
(ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။
၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေး
ကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်
ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို
ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။
၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်
ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်
စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Advertisements