ခုနှစ်ရက်သားသမီးများအတွက် ( ၁၇.၁၂.၁၂ ) မှ ( ၂၃.၁၂.၁၂ ) အထိတပတ်စာဗေဒင်ဟောစတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်နေရတတ်သည်။ မိတ်ဆွေများကိုကူညီမှု
များပေးနေရမည်။ လူမူရေးများလုပ်ကိုင်နေရမည်။ ငွေများဝင်မည်။ လုပ်ငန်းမှာလည်း
စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ ပျော်ရာမှာမနေရဘဲသင့်တော်သောနေရာ
တွင်နေနေရတတ်သည်။ လက်အောက်ငယ်သားနှင့်အထက်လူကြီးခြားတွင်သဘော
ထားများလွဲ မှားနေသောကြောင့်ဖြေရှင်းပေးနေ ရတတ်သည်။ ၀င်ငွေကောင်းသော်
လည်းအထွက်များနေခြင်းဖြစ်နေ တတ်သည်။ အလောင်းအစားမလုပ်ပါနှင့်။

ကျန်းမာရေး။ သွေးထွက်သံယိုခြင်း၊ လက်မှာဒဏ်ရာရခြင်းမကြာခဏဖြစ်နေတတ်သည်။
အချစ်ရေး။ အစစအရာရာအားပေးခြင်း၊ ကူညီမှုများပေးခြင်းရှိသောသူအနားတွင်
ရှိနေသောကြောင့်စိတ်ချမ်းသာနေရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါက်ပေါက်ပွင့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၁ ၁ ၄ ၆)တနင်္လာသားသမီးများ၏ကံကြမ္မာ

အမိနိုင်ငံပြန်ရန်ပြင်ဆင်နေခြင်း၊ အလည်အပတ်ပြန်ရတတ်ခြင်း၊ အဝေးမှချစ်သူ၊ ရည်စားရောက်
လာတတ်ခြင်း၊ အစားအသောက်လက်ဆောင်ပစ္စည်းများရောက်လာတတ်ခြင်းများဖြစ်တတ်သည်။
ငွေများစွာဝင်ခြင်း၊ အလုပ်တွင်အစစအရာရာအဆင်ပြေနေချိန်ဖြစ်သည်။ အလုပ်တွင်ရာထူးတိုးခြင်း၊
နာမည်ကောင်းရနေခြင်းဖြစ်တတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကောင်းမှုကုသိုလ်ရေး
များလုပ်နေရတတ်သည်။ မအားရအောင်အလုပ်များပိနေတတ်သည်။

ကျန်းမာရေး။ အအေးမိပြီးဖျားခြင်း၊ နှာမွန်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။ လက်ထပ်ရန်တိုင်ပင်နေချိန်ဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အာလူးကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၈ ၇ ၃ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့နေရခြင်း၊ မိမိထင်သလိုအစစအရာရာမအောင်မြင်ခြင်း၊
မျှော်မှန်းသ လိုဖြစ်မလာခြင်းများနှင့်ကြုံတွေ့နေရတတ်သည်။ ငွေကုန်များနေတတ်သည်။ ငွေကြောင့်
စိတ်သောကဖြစ်နေရတတ်သည်။ သောကနှင့်ယှဉ်သောခရီးတခုဆက်သွားရတတ်သည်။ စာရွက်စာ
တမ်းကိစ္စကြောင့်လည်းစိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ အထက်လူကြီးဆရာသမားကြောင့်
စိတ်ညစ်ရတတ်သည်။ သို့သော်မကြာခင်အစစအရာရာအဆင်ပြေပါလိမ့်မည်။

ကျန်းမာရေး။ ပင်ပမ်းခြင်းကြောင့်ဖျားခြင်း၊ ကိုက်ခဲခြင်းများဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားဟောင်းနှင့်ပြန်လည်ဆုံတွေ့နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကံစွန်းဥကြော်ကပ်
လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၇ ၉ ၁ ၉ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ရပ်ဝေးမှလက်ဆောင်ပစ္စည်းများရောက်လာခြင်း၊ မြေ၀င်ခြင်း၊ မိမိကရစရာငွေများရှိနေခြင်း၊
မိမိကသူတပါး၏အကူအညီတောင်းခံခြင်းများရှိနေသောကြောင့်စိတ်ညစ်နေရတတ်သည်။
သူတပါးကိစ္စအာမခံမိခြင်းကြောင့်ပူပင်သောကဖြစ်နေရတတ်သည်။ လုပ်ငန်းအောင်မြင်တိုး
တက်နေသည်။ တဖြေးဖြေးခြင်းအဆင်ပြေသွားပါလိမ့်မည်။ စိတ်အေးအေးထားပြီးစဉ်းစား
လုပ်ကိုင်ပါ။ စက်ပစ္စည်းများဝင်နေတတ်သည်။ စီးပွားရေးကောင်းမွန်နေတတ်ခြင်း၊ အပိုဝင်ငွေ
များရခြင်းများဖြစ်နေတတ်သည်။

ကျန်းမာရေး။ အဆုတ်နှင့်ပတ်သက်သောရောဂါကြောင့်ဆေးစားနေရတတ်သည်။
အချစ်ရေး။ အပျိုကြီး၊ လူပျိုကြီးလုပ်ရန်စိတ်ကူးနေမိတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဌက်ပျောသီးကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၄ ၂ ၃ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ခရီးများဆက်တိုက်ထွက်နေရတတ်ခြင်း၊ ရပ်ဝေးမှဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းများရောက်
လာခြင်း၊ငွေများဝင်သလိုထွက်ငွေများလည်းအရမ်းများနေတတ်သည်။ လုပ်ကိုင်နေသော
စီးပွားရေးတွင်စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်အောင်ကြိုးစားနေရတတ်သည်။ နာမည်ဂုဏ်
သတင်းကောင်းမကြာခင်ရခြင်း၊ ရာထူးတိုးခြင်းဖြစ်တတ်သည်။ ပျော်ပွဲရွှင်ပွဲများလည်းမကြာခဏ
သွားလာနေရတတ်သည်။ စိတ်ပင်ပမ်းခြင်း၊လူပင်ပမ်းခြင်းကိုအပျော်အပါးများနှင့်ဖြေဖျောက်သ
လိုဖြစ်နေတတ်သည်။

ကျန်းမာရေး။ ခါးကြောညှပ်နေခြင်းကြောင့်ရေကူးနေရတတ်သည်။
အချစ်ရေး။ စိတ်တူကိုယ်တူတွေ့ရန်ရှာနေချိန်ဖြစ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ကြက်ဥကြော်ကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၀ ၄ )

သောကြာသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများတိုးတက်မှုရှိခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများရောက်လာခြင်း၊ မိမိကလည်းလူမူရေးကိစ္စများဆက်တိုက်လုပ်နေရခြင်းများဖြစ်နေသည်။
အင်တာဗြူးဖြေဆိုရခြင်း၊ ကောင်းမွန်စွာအောင်မြင်ခြင်း၊ မိတ်ဆွေသစ်များရခြင်း၊ ငွေများဝင်သည်၊ ကုန်စရာများဆက်တိုက်ဖြစ်နေသည်။ မိမိအလုပ်တွင်အဆင်မပြေမှုများအနည်းငယ်ဖြစ်
နေတတ်ခြင်း၊ ငွေကြေးအကူအညီတောင်းခံနေရခြင်းကြောင့်စိတ်ညစ်နေရတတ်သည်။ ယခုအချိန်တွင်အချေးအဌားမလုပ်ပါနှင့်။

ကျန်းမာရေး။ သွားဒုက္ခပေးခြင်းကြောင့်သွားဆေးခန်းသွားရတတ်သည်။
အချစ်ရေး။ အစစအရာရာပုံမှန်အတိုင်းစိတ်ချမ်းသာနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်မီကင်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၄ ၅ ၈ )

စနေသားသမီးများ၏ကံကြမ္မာ

အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်ခြင်း၊ ရွှေအသစ်ဝင်ခြင်း၊ စိန်ဆွဲသီးဝင်ခြင်း၊ စက်ပစ္စည်းဝင်ခြင်းဖြစ်တတ်သည်။ ငွေပျောက်တတ်ခြင်း၊ အရေးကြီးစာရွက်စာတမ်းပျောက်ခြင်း၊
အရေးကြီးစာရွက်စာတမ်းကြောင့်စိတ်ညစ်ရတတ်ခြင်း၊ လက်အောက်ငယ်သားကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခြင်းဖြစ်နေတတ်သည်။ ပျော်ရွှင်သောခရီးသွားရတတ်ခြင်း၊ အလှူ၊ မင်္ဂလာ
ပြုလုပ်ရတတ်ခြင်း၊ ကောင်းမှုကုသိုလ်များဆက်တိုက်လုပ်နေရခြင်းများဖြစ်တတ်သည်။

ကျန်းမာရေး။ အပူများနေသောကြောင့်လည်ချောင်းနာခြင်း၊ အပူဖု့လေးများပေါက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူကလက်ထပ်ရန်ပူဆာနေခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဘဲသားပေါင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၉ ၄ ၄ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့် )
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း၊
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း+  6016 6903 513 ,+6018 2250 510
E-mail:swezinwati@gmail.com

Advertisements