အိုဘားမား ဒုတိယ သက်တမ်း အတွက် ကျမ်းသစ္စာ ကျိန်

၅၇ ကြိမ်မြောက် အမေရိကန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆို ပွဲ နှင့် သမ္မတ အိုဘားမား ၏ ဒုတိယ
သက်တမ်း အတွက် ဒုတိယ အကြိမ် ကျမ်းသစ္စာ ကျန်ဆို ပွဲ ကို ယနေ့  ဇန်န၀ါရီလ ၂၀ ရက် နေ
တွင် သမ္မတ အိမ်ဖြူတော်ဉ် ကျင်းပ ခဲ့ ပါတယ်။ တရားသူကြီး ချုပ် John Roberts ကတိုင် ပေး ပြီး
မစ်ချယ်(လ) က မိသားစု သုံးတဲ့ သမ္မာ ကျမ်းစာ အုပ် ကို လက်နှစ်ဖက် နဲ့  ကိုင်ထား ကာ အိုဘား
မား က ဘယ်လက် ကို သမ္မာကျမ်းစာ အုပ် မှာ တင်ထား ပြီး ညာ လက် ကို မြှောက် ကာ အမေရိကန်
နိုင်ငံ အတွက် အသက် ကို စွန့်  ပြီး တာဝန်ထမ်း ဆောင် ပါမယ် လို့  ကျမ်းသစ္စာ ကျိန် ခဲ့ ပါတယ်။

ဇန်န၀ါရီ လ ၂၀ ရက် နေ့ ဟာ တနင်္ဂနွေ နေ့  ကျရောက် တဲ့ အတွက် အိမ်ဖြူတော် မှာ ကျမ်းသစ္စာ ကျိန်
ဆိုတာ ဖြစ် ပြီး ဗိုလ်ရှု ခံ တာ ကို တော့ ၀ါရှင် တန် ဒီစီ က ပင်ဆယ် ဗေးနီးယား ရိပ်သာ လမ်းမှာ မနက်
ဖြန် ကျင်း ပမှာ ဖြစ်ပါတယ်။ ပထမ သက်တမ်း တုန်း က လူနှစ်သန်း ကျော် တက် ရောက်ကြပေမယ့်
ဒီနှစ်မှာ တော့ ဟိုတယ်ခန်း တွေ ငှားထားတဲ့ နှုန်း အရ ဆို လူ တစ်သိန်း လောက်ပဲ တက် ရောက်
မယ် လို့  ဆို ပါတယ်။  ဗိုလ်ရှု သဘင် အတွက် ကြို တင် ပြင် ဆင် မှု များ ပြု လုပ် ထား ပြီး လုံခြုံရေး
များ လည်း တိုးမြှင့် ချထားပါတယ်။

ကျမ်းသစ္စာ ကျိန် ဆို မှု အပြီး မှာ အိုဘားမား က မိန့် ခွန်း ပြောရာ မှာ တော့ “ ကျမ်းသစ္စာ ကျိန် ဆို ပွဲ ဆိုတာ
ကျွန်တော် တို့  ရဲ့  ဒီမိုကရေစီ ဘယ်လို အလုပ် လဲ ဆိုတာ နဲ့  ငြိမ်းချမ်းစွာ ဘယ် လို အာဏာ လွှဲပြောင်းလဲ
ဆိုတာ ပါပဲ” လို့  ထည့် သွင်း ပြောကြား ခဲ့ ပါတယ်။

မနက်ဖြန် ၂၁ ရက်နေ့  ဟာ ပြည်သူ့  အခွင့် အရေး ခေါင်းဆောင် ဒေါက်တာ မာတင် လူသာ ကင်း(အငယ်)
ရဲ့  မွေးနေ့ လည်း ဖြစ် ပြီး အမေရိကန် ပြည်နယ် အချို့  မှာ တော့ အဲဒီနေ့  ဟာ အားလပ် ရက် နေ့  ဖြစ်ပါတယ်။

Advertisements

One response to “အိုဘားမား ဒုတိယ သက်တမ်း အတွက် ကျမ်းသစ္စာ ကျိန်

Comments are closed.