မြန်မာ ရဲတပ်ဖွဲ့  ဓာတုဗုံး ကို သုံးပြီး လက်ပံတောင်းတောင် သပိတ် ကို ဖြိုခွဲခဲ့

မြန်မာ ရှေ့ နေ့ များ နှင့် အမေရိကန် နိုင်ငံ မှ လူ့  အခွင့် အရေး ရှေ့ နေ များ ၏ စုံစမ်း
စစ်ဆေးချက် အရ နိုဝင်ဘာလ ၂၉ ရက်နေ့ က မုံရွာခ ရိုင် ဆားလင်းကြီး မြို့ နယ်တွင်း
ရှိ လက်ပံတန်းတောင် ကြေးနီမိုင်း သပိတ် စခန်း ကို ဖြိုခွဲ မှု မှာ ဖော့စဖရပ်(စ) ဓါတု
ဗုံး ကို သုံး ခဲ့ တာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ပါတယ်။

စစ်ပွဲ တွေ မှာ Smoke Screen အဖြစ် သော် လည်းကောင်း မီးလောင် စေတတ် တဲ့
ဗုံး အဖြစ် ၎င်း သုံး ပြီး ရဲတပ် ဖွဲ့  ၀င် တွေ မှာ တော့ ဒီဗုံး ကို သုံးစွဲ ခြင်း မရှိ တဲ့ အကြောင်း
ဘန်ကောက် က သီးသန့်  ဓာတ်ခွဲ ခန်း တစ်ခု ရဲ့ အစီရင် ခံ စာ ကို အခြေခံ ပြီး ဖော်ပြ
ထား ပါတယ်။

ဆွီဒင် နိုင်ငံ စတော့ ဟုမ်း မြို့  မှာ ရှိ တဲ့ နိုင်ငံ တကာ ငြိမ်းချမ်းရေ့း လေ့လာမှု အင်စတီကျု
က ဓာတုဗေဒ လက်နက်များ ဆိုင်ရာ အကြီးတန်းသုတေသီ ဂျွန်ဟတ် က ၁၉၉၃ ခုနှစ် နိုင်ငံ
တကာ ကွန်ဗင်းရှင်း အရ တော့ မီးစုန်း ဖြူ ကို ဓါတု လက်နက် ထဲ မှ ထည့် မထား ဘူး ဒါပေမယ့်
လူ ကို သေစေနိုင်တာ ဒါမှမဟုတ် ဓါတု အဆိပ် သင့် စေနိုင်တာ ကြောင့် တားမြစ် ပိတ်ပင်
ထားတယ် လို့  ပြောပါတယ်။

ဘန်ကောက် က ဆေးရုံ မှာ သွားရောက် ကုသခံ တဲ့ ဦးတိက္ခဥာဏ လို မျိုး ဒဏ်ရာ မျိုး ကို
ထိုင်းစစ်သား တစ်ယောက် လည်း ထိုင်းတောင် ပိုင်း မှာ မွတ်ဆလင် ခွဲထွက် တွေ ရဲ့  ဗုံးဒဏ်
ထိ ခဲ့ စဉ်  က ပုံ မျိုး နဲ့  ဆင်တူ တဲ့ လို့  လောင်ကျွမ်းမှု များ ဆိုင်ရာ အထူး ကု ဒေါက်တာ ချတ်
ချိုင်း ပရွတ် ဆပေါင် က New York Times ကို ပြောပါတယ်။

လူ့ အခွင့် အရေး ရှေ့ နေ့  အဖွဲ့  ခေါင်းဆောင် မစ္စတာ ရော်ဂျာ နော်မန် က ဒီလို ကြောက်စရာ
ကောင်းတဲ့ ဗုံး ကို သုံး ဖို့  စစ်တပ် ထဲ က ဘယ်လို လူ မျိုး က  အမိန့် ပေး လိုက် သလဲ ဆို တာပါ
ပဲ ဟု မေးခွန်း ထုတ် သည်။

မြန်မာ နိုင်ငံ တွင်း မှ ရရှိသည့်ဗုံးဆန် များ စစ်ဆေးသည့် ဘန်ကောက်ရှိ ဓာတု ဗေဒ ဓာတု
ခွဲခန်းမှာ သြစတေးလျှ ဓာတု ကျွမ်းကျင် သည့် ASL ၏ လက်အောက်ခံ ဖြစ်သည်။

လက်ပံတန်းတောင်သပိတ် စခန်း တွင် ပါဝင်ဦးဆောင်ခဲ့သည့် မအေးနက် က “ဆန္ဒပြ ပွဲ ကိုေ
ချမှုန်းရာမှာ ထိခိုက်ဒဏ်ရာရှိ ခဲ့ သူ တွေ အတွက် တရား မျှ တမှု ရှိ စေချင်တယ် ဟု ဆိုသည်။

Feature photo : Nyein Chan Naing/European Pressphoto Agency

Advertisements

One response to “မြန်မာ ရဲတပ်ဖွဲ့  ဓာတုဗုံး ကို သုံးပြီး လက်ပံတောင်းတောင် သပိတ် ကို ဖြိုခွဲခဲ့

Comments are closed.