ပြင်သစ် သမ္မတ ကို မာလီ ပြည်သူ တွေ က ခမ်းခမ်းနားနားကြိုဆို

မာလီ နိုင်ငံ မြောက်ပိုင်း က မြောက် ပိုင်း က ရှေးဟောင်းယဉ်ကျေးမှု
မြို့ တော် တင်ဘခ်တူ ကို ရောက်ရှိ သွား တဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ
အော်လန်း ကို မာလီ ပြည်သူ တွေ က ပြင်သစ် နိုင်ငံ တော်ကြီး အဓွန့် ရှည်
ပါစေ ၊ ဖရန်ဆွာ အော်လန်း သက်တော် ရာကျော် ရှည် ပါ စေ လို့  ကြွေး
ကျော် အော်ဟစ် ပြီး ကြို ဆို ခဲ့ ကြ ပါတယ်။

အော်လန်း ရောက်သွားခဲ့ တဲ့ တင်ဘခ်တူ မြို့  ဟာ ဆိုရင် လွန် ခဲ့ တဲ့ သီတင်း
တစ်ပတ် ကျော် က စစ်သွေးကြွတွေ သိမ်းပိုက်ထား တာ ဖြစ်ပြီး ပြင်သစ်
တပ်တွေ က ပြန်လည် တိုက် ထုတ် နိုင်ခဲ့ ပါတယ်။

ပြင်သစ် သမ္မတ ရောက်ရှိ နေ ချိန် နဲ့  တစ်ပြိုင်နက် တည်းမှာ ပဲ မာလီ
မြောက်ပိုင်း က အကြမ်းဖက် တွေ ရဲ့  နောက်ဆုံး ခြေကုပ် စခန်း တွေ ကို
လည်း ပြင် သစ် တပ် တွေ က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေ ချိန်လည်း
ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ က စစ်ပြီး စ မာလီ နိုင်ငံ ကို ပြန်လည် ထူထောင်ဖို့  အကူအညီ
တွေ ပေး မယ် လို့  လဲ မာလီ ခေါင်းဆောင် တွေ နဲ့  သဘောတူညီ ခဲ့ ပါတယ်။

တစ်ချိန် က နိုင်ငံ တွင်း ကို ၀င်သိမ်းထား တဲ့ အစ္စလာမ္မစ် အစွန်းရောက် တွေ နဲ့ 
အာရပ် တွေ ကို ကူညီ ခဲ့ တဲ့ အာရပ် အချို့  နဲ့  တော်ရခ် တွေ ကို မာလီတွေ က လက်
စားချေ တိုက်ခိုက် တာ ၊ သတ်ဖြတ်တာ တွေ ရှိ နေတယ် လို့  ကုလသမဂ္ဂ က ပြော
ပါတယ်။

အော်လန်း က တော့ ပြင်သစ် တပ် တွေ ကို မာလီ မှာ ရေရှည်တပ် ဆွဲထား မှာ မ
ဟုတ်ပေမယ့် စစ်သွေးကြွ သူပုန် တွေ ကို တိုက်ခိုက်ရာမှ ပြင်သစ် တပ်ဖွဲ့  ၀င်တွေ
က မာလီ တပ် တွေ ကို ထိထိ ရောက် ရောက် ကူညီ မယ် လို့  ပြောပါတယ်။

မာလီ နိုင်ငံ က အကူအညီ တောင်းတာ ကြောင့် ပြင်သစ် တပ် တွေ မာလီ နိုင်ငံ
ကို ၀င်ရောက် ပြီး သူပုန် တွေ ကို တိုက်ထုတ် နေတာ သီတင်း ၃ ပတ် ကျော်သွား
ပြီ ဖြစ်ပါတယ်။

မာလီ က စစ်သွေးကြွ သူပုန် တွေ ကို တိုက်ထုတ်ရာ မှာ ပြင်သစ် က ခောတ်မှီ
တိုက်လေယာဉ် တွေ  အပါ အ၀င် တပ်ဖွဲ့  ၀င်များ စွာ ကို လည်း အသုံးပြုခဲ့ ပါတယ်။

တင်ဘခ်တူ ကို ရောက်ရှိ လာတဲ့ ပြင်သစ် သမ္မတ ကို ဒေသခံ တွေ က ခမ်းခမ်း
နားနား ကို ဂုဏ်ပြု ကြို ဆို ခဲ့ တယ် လို့  France 24 သတင်းမှာ ဖော်ပြထား ပါတယ်။

မာလီ နိုင်ငံ မြောက်ပိုင်း က ဆာဗာရေး မြို့ မှာတော့ လုယက်မှု တွေ ၊ လက်စားချေ တိုက်
ခိုက်မှု တွေ ရှိနေတယ် လို့  သတင်း တွေ မှာ ဖော်ပြထား ပါတယ်။

ပြင်သစ် က မာလီ နိုင်ငံ မှာ သူ့  တပ်ဖွဲ့  ၀င် တစ်ထောင် နီးပါး လောက် ဖြန့် ကျက် ချထား
ပါတယ်။

Timbaktu , Mali

Crédits photo : BERTRAND LANGLOIS/AFP

MDF64780-14-01-2013-20-01-35-742

Advertisements