အီရန် သမ္မတ ကိုင်ရို မှာ ဖိနပ် စာ မိ

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့  ကို သွားရောက် လည်ပတ် တဲ့ အီရန် သမ္မတ အာမာ
ဒီနီဂျက် ဟာ သူ့  ကို ထောက်ခံ တဲ့ သူ တွေ ကို နှုတ်ဆက်နေစဉ် မှာ ဖိနပ်
နဲ့  အပေါက် ခံရတယ် လို့  အီဂျစ် သတင်း တွေ မှာ ဖော်ပြထား ပါတယ်။

အီရန် သမ္မတ တစ်ဦး အဖြစ် အီဂျစ် နိုင်ငံ ကို နှစ် ၃၀ အတွင်း ပထမ ဦးဆုံး
သွားရောက် လည်ပတ် ခဲ့ တာ ဖြစ်ပါတယ်။

အာမာဒီနီဂျက် ကို ဖိနပ် နဲ့  ပေါက်တာ Salafis  မွတ်ဆလင် တွေ ဖြစ်ပြီး
သူ တို့  က အီရန် ရဲ့  ရှီအိုက် မွတ်ဆလင် တွေ ကို ထောက်ပံ့ ပေး မှု အတွက်
မုန်းတီး နေ ခဲ့ တာ ဖြစ်ပါတယ်။

ဖိနပ် နဲ့  ပေါက် သူ တစ်ဦး က အာမာဒီနီဂျက် ကို ” ငါ့ အကို ကို သတ် တဲ့ လူ
ယုတ် မာ ကောင် လို့  ” စွဲ ဆွဲ အော်ဟစ် ခဲ့ ပါတယ်။

အမာဒီနီဂျက် ကို ဖိနပ် နဲ့  ပေါက် သူ လေး ဦး ခန့်  ရှိ ပြီး လေးဦး ကို တော့
အာမခံ နဲ့  ပြန် လည် လွှတ်ပေး ပြီး ကျန် နှစ်ဦး ကို တော့ ဆက် လက် ဖမ်း
ဆီးထား ပါတယ်။

အာမာဒီနီဂျက် ဟာ ကိုင်ရို မှာ ရှိ နေစဉ် အီဂျစ် သမ္မတ မော်စီ နဲ့  လည်း
တွေ့ ဆုံ ခဲ့ ပြီး တမန်တော် မိုဟာမက် ရဲ့  မြေးတော် သူ အယ်(လ) ဟူစိန်
ရဲ့  ဂူဗိမာန် ကို လည်း သွားရောက် ဂါရ၀ ပြု မှာ ဖြစ်ပါတယ်။

1397387038

Advertisements