အာဂို က အကောင်းဆုံး ဇာတ်ကားဆုရ ၊ ဒယ်နီယလ် ဒေးလူးဝစ် က သုံးထပ် ကွမ်း ဆုရှင် ဖြစ်

၂၀၁၃ ခုနှစ် အမေရိကန် ရုပ်ရှင် ၀ိဇ္ဇာ နှင့် သိပ္ပံ အသင်းက ကြီး မှုး ချီး မြှင့်
မည့် ၈၅ ကြိမ်မြောက် အကယ် ဒမီ ဆုပေး ပွဲ အား ဟောလိဝုဒ် ဒိုလ်ဘီ သီယေတာ ဉ်
ကျင်းပရာMy Left Foot” ၊ “There Will Be Blood.” ဇာတ်ကား များ ဖြင့်
အော်စကာဆု ရရှိခဲ့ ဖူးသည့် အိုင်းရစ် နွယ်ဖွား ဗြိတိသျှ မင်းသား ဒယ်နီယလ်
ဒေးလူးဝစ်သည် ၁၆ ဦးမြောက်အမေရိကန် သမ္မတ အေဗရာ ဟမ်လင်းကွန်း အဖြစ်
လင်းကွန်း ဇာတ်ကား တွင် သရုပ်ဆောင်ရင်း သူ ၏ တတိယ မြောက် အော် စကာ
ဆု ကို သိမ်း ပိုက် နိုင်ခဲ့သည်။

အကောင်းဆုံး ဇာတ်ပို့ မင်းသားဆု ကို Django Unchained ရုပ်ရှင် ကား တွင် ဂျာမဏီ
မှ လာရောက် အခြေစိုက်သည့် အမေရိကန် နယ်လှည့် သွားဆရာ ၀န် အဖြစ် ဟန်ဆောင်
ထား သော ဆုကြေးစား လူသတ်သမား ဒေါက်တာ ကင်းရှတ် အဖြစ်သရုပ်ဆောင်ထား
သည့် ခရစ်တောဖ် ဝေါလ်(ဇ) က အကောင်း ဆုံး ဇာတ်ပို့  မင်းသား ဆု ရရှိသွားသည်။

ဂျာမန်-သြစတီယား နွယ်ဖွား မင်းသား က ပြိုင်စံရှား သည့် သရုပ်ဆောင်မှု
ကို Django Unchained တွင် ပြသခဲ့သည်။

Inglorious Basterd ဇာတ်ကား တွင် ဂျာမန် SSအရာရှိ ကာနယ် ဟန်း(စ) လန်ဒါ အဖြစ်
သရုပ်ဆောင် ပြီး ၂၀၁၀ ခုနှစ်ကအော်စကာ ဆုရရှိခဲ့ သည်။

“Les Miserables.” ရုပ်ရှင် ဇာတ်ကား တွင် ဖန်တင်း အဖြစ် သရုပ် ဆောင်သည့် အန်း
ဟာသာဝေ က အကောင်း ဆုံး ဇာတ် ပို့  မင်း သမီး ဆု ရရှိသည်။

နာမည် ကျော် ပြင်သစ် စာရေး ဆရာ ဗစ်တာဟူးဂိုး၏ လာ မစ်ဆရဘ်( ဒုက္ခဘုံ) ၀တ္ထု ကို
ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူး ခြင်း ဖြစ်သည်။

Life of Pi ဇာတ်ကား ဖြင့် ထိုင်ဝမ် ဒါရိုက် တာ အန်းလီ က အကောင်းဆုံး ဒါရိုက်တာ ဆု ကို
ဆွတ်ခူး ရရှိခဲ့သည်။ အန်းလီ သည် ၂၀၀၅ ခုနှစ် က Brokeback Mountain ဇာတ်ကား ဖြင့်
လည်း အကောင်း ဆုံး ဒါရိုက်တာ ဆု ရရှိ ခဲ့ ဖူးသည်။ အာရှ တိုက်သား တစ်ဦး အနေဖြင့်
ပထမ ဦး ဆုံး အကြိမ်အော်စကာ ဆု နှစ် ဆု ချီးမြှင့် ခံရခြင်း ဖြစ်သည်

အကောင်းဆုံး မင်းသမီး ဆု ကို Silver Lining Playbook တွင် တဖ်ဖနီ အဖြစ် သရုပ်ဆောင် ခဲ့
သည့် ဂျနီဖာ လော့ရင့်(စ) က ဆွတ်ခူး သွားသည်။

အမြင်ဆိုင်ရာ အထူး ပြု လုပ် ချက် ကို ရရှိခဲ့သည့် Life of Pi ဇာတ်ကား မှ ဇာတ်ဝင်ခန်း တစ်ခု
ထိုဇတ်ကား အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် ၀င်ငွေ မှာ ဒေါ်လာ သန်း ၁၂၀ ဖြစ်ပြီး
ကမ္ဘာ တစ်လွှား ပြသ ရာ မှ ရရှိသည့် ၀င်ငွေ မှာ ဒေါ်လာ သန်း ၆၀၀ နီးပါး ဖြစ်သည်။

အကောင်းဆုံး ဇာတ်ကား ဆု ကို ဒါရိုက် တာ ဘင်အဲဖလက်(ခ) ရိုက်ကူးသည့် အာဂို က ရရှိ
သည်။ အာဂို ရုပ်ရှင်ကား သည် ၁၉၇၉ ခုနှစ် အီရန် စစ်သွေးကြွ များ အမေရိကန် သံရုံး ကိုဝင်
ရောက် စီးနင်း စဉ် က စီအိုင်အေ ထိပ်တန်း ကယ်ဆယ် ရေး ကျွမ်းကျင် သူ က ကနေဒါ ရုပ်ရှင်
ထုတ်လုပ် သူ ယောင် ဆောင် ပြီး ဓားစာခံ များ ကို ကယ်တင် ခြင်း ကို ရိုက်ကူးထား ခြင်း ဖြစ်သည်။

လင်ကွန်း ရုပ်ရှင်ဇာတ်ကား က အကောင်းဆုံး ထုတ်လုပ် မှု ဆိုင်ရာ ဒီဇိုင်းဆု ရရှိသည်။
ထို ဇာတ်ကား ၏ ထုတ်လုပ် ဆိုင်ရာ ဒီဇိုင်နာ ဖြစ်သည့် ဗိသုကာ နှင့် ဒီဇိုင်း ပညာရှင် Rick Carter နှင့်
Jim Erickson တို့  ကို သရုပ်ဆောင် Daniel Radcliffe နှင့် Kristin Stewart တို့  က ဆု များပေး အပ် ချီးမြှင့်
ခဲ့သည်။

အကောင်းဆုံး နိုင်ငံခြား ဘာသာ စကား ပြော ဇာတ်ကား ဆု ကို ပြင်သစ် ဘာသာစကား ပြော
သြစတီးယား ရုပ်ရှင်ဇာတ်ကား Amour ကရရှိသွားသည်။ ဂျာမန် ဒါရိုက်တာ Michael Haneke
က ထိုဇာတ်ကား ကိုရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ Amour သည် ကန်း(စ) ရုပ်ရှင် ပွဲ တော် တွင်
လည်း ဆုရရှိခဲ့သည်။

၂၀၀၁ ခုနှစ် တွင် သူ ရိုက်ကူးခဲ့သည့် Piano Teacher မှာ လည်း ထူး ချွန်
ဆု များ ရရှိခဲ့ သည့် ဇာတ်ကား ဖြစ်သည်။

အကောင်းဆုံးမှတ်တမ်း ရုပ်ရှင် ဆု ကို ဆွီဒင် ဒါရိုက်တာ Malik Bendjelloul ရိုက်ကူး
သည့် Searching for Sugar Man က ရရှိသည်။

 

 

Advertisements

One response to “အာဂို က အကောင်းဆုံး ဇာတ်ကားဆုရ ၊ ဒယ်နီယလ် ဒေးလူးဝစ် က သုံးထပ် ကွမ်း ဆုရှင် ဖြစ်

Comments are closed.