နှစ်ကျပ်ခွဲ ရွှာ မီးလင်းရန် ကူညီသည့် ဆရာတော် နှင့် ရွာသားများ ကို ဖမ်းဆီး

ကျောင်းပန်းတောင်းမြို.နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှ  မီးလင်းရေးကော်မတီ နာယက
ဆရာတော် ဦးကောသလ ဆန္ဒပြ ရွာသား တွေ ကို ရဲတပ် ဖွဲ့  က မနေ့  ညက အတင်းအဓမ္မ
ရိုက်နှက် ဖမ်းဆီးပြီး ထိမ်းသိမ်းထား တယ် လို့  နှစ် ကျပ်ခွဲ ရွာသား တစ်ဦး က FNG ကို
ပြောပါတယ်။

တစ်ဆက် တည်း မှာ ပဲ ကကြံ့ဖွံ့  က ကျော်ထောက် နောက်ခံ ပေးတဲ့ ဆိုးသွမ်း လူ အုပ်စု နဲ့  ရဲတပ်
ဖွဲ့  က လည်း ကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရုံး ဖျက်ဆီး ခဲ့ ပါတယ်။

မနေ့  ညက  နှစ် ကျပ်ခွဲ ရွာ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့  ၀င်တွေ လည်း ဒဏ်ရာ ရရှိပြီး
ရွာသား တွေ လည်း ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

ရဲက အလွန်အကျွံ အင်အားသုံးလာတဲ့ အချိန်မှာ ကျေးရွာ NLD ရုံးထဲ ကို ရွာသား တွေ ၀င်ပုန်း
တယ်။ အဲဒါကို အပြင် က တုန် နဲ့  ရိုက် ၊ လေးခွ တွေ နဲ့  ပြစ် ၊ အုတ်ခဲ တွေ နဲ့  ထုတာ ဗျို့  ကမ္ဘာ
ပျက်မတ် ဘဲ ဟု ရွာသား ကိုတင်မောင်စိန် က FNG ကို ပြောသည်။

Photo Credit : May Poppa

ရဲတပ်ဖွဲ့  ၀င်တစ်ဦး က ကျဉ်ကပ် နှင့် ခါးပတ် အိတ် ကို ချွတ်ရိုက်ပြီး နောက် ကျကျန် ခဲ့စဉ်

ရဲတပ်ဖွဲ့  ၀င်တစ်ဦး က ကျဉ်ကပ် နှင့် ခါးပတ် အိတ် ကို ချွတ်ရိုက်ပြီး နောက် ကျကျန် ခဲ့စဉ်

 

Advertisements

One response to “နှစ်ကျပ်ခွဲ ရွှာ မီးလင်းရန် ကူညီသည့် ဆရာတော် နှင့် ရွာသားများ ကို ဖမ်းဆီး

  1. လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးများခြိမ်းခြောက်ခံရခြင်းနှင့် ပြစ်မှုဖြစ်လာမည်ကိုသိသိဖြင့် ပြစ်မှုဖြစ်လာအောင်ဖန်တီးခြင်း

    24-2-2013 နေ့က ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှာ လျှပ်စစ်မီးကို အကြောင်းပြုပြီး မှုခင်း (သို့မဟုတ်) အထိကရုဏ်းဖြစ်ခဲ့ကြပါတယ်။ အဲဒီရွာဟာ နှစ်ခြမ်းကွဲလာခဲ့တာက နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ကျော်ကြာခဲ့ပါပြီ။ ဘုန်းကြီး ကျောင်းတွေ ၀ိဝါဒကွဲရာကနေ ပြစ်မှုတွေ အများကြီးဖြစ်ခဲ့ကြ၊ အာဃာတတွေထားခဲ့ကြ၊ ရန်တွေဖြစ်ခဲ့ကြတယ်။
    ယခုဖြစ်တဲ့လျှပ်စစ်မီး ကိစ္စက ဆရာတော်ဦးကောသလ္လကနေပြီး လျှပ်စစ်မီးရရှိ အောင် အစကနဦးကတည်းက ဦးဆောင်ဦးရွက် လုပ်ခဲ့တာပါ။ ဗိုလ်မှူးကြီး မင်းလှအောင်က ထရန်စဖော်မာ တစ်လုံးလှူပေးခဲ့ပါတယ်။ ဓာတ်တိုင်နဲ့ မီးကြိုးတွေရရှိဖို့ အတွက် ကျေးရွာသူရွာသားများ အားလုံးပါဝင်နှိုင်ကြရန်ဆော်သြခဲ့ ပါတယ်။ တစ်အိမ်ကို သုံးသိန်းခွဲစီနဲ့ အိမ်ခြေ ၁၄၅ အိမ်က စတင်ပါဝင်ခဲ့ကြပါတယ်။ တစ်ရွာလုံးပါဝင်ကြဖို့နဲ့ ပါဝင်သူဦးရေများလာရင် တစ်ဦးချင်းကျသင့်ငွေ လျော့ပေါ့သွားမယ် ဆိုတာကိုလည်း ရှင်းပြခဲ့ကြပါတယ်။
    ဒါပေမယ့် ဆရာလုပ်ချင်သူတစ်ဦးနဲ့ အသုံးချချင်သူတစ်ဦးတို့ဟာ မပါဝင်ကြဘို့နဲ့ ၎င်းတို့မှ ဆောင်ရွက်ပေးမည်ဟုပြောဆို သွေးခွဲခဲ့ပါတယ်။
    ဆရာတော်ဦးကောသလ္လဦးဆောင်တဲ့ မီးလင်းရေးအဖွဲ့တွေက ကျေးရွာက ငွေကြေးတွေကောက်ခံပြီး စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီမှာ မီးလင်းရေးအဖွဲ့ နှစ်ဖွဲ့ ဖြစ်လာရပါတယ်။ အဖွဲ့ နှစ်ဖွဲ့ကလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အာဃာတတွေ ပိုမိုကြီးထွား လာရပါတယ်။ ဒီနေရာမှာ ပြောချင်တာလေးက ဆရာလုပ်ချင်ကြတဲ့စိတ်၊ အဖွဲ့ တစ်ဖွဲ့တည်း ဆောင်ရွက်လျှင်လည်း ရနှိုင်ပါရဲ့နဲ့ နှစ်ဖွဲ့ဖြစ်သွားအောင် ဖန်တီးသွေးခွဲခဲ့သူတွေ၊ ပြေလည်အောင်မညှိနှိုင်းပါဘဲ ရန်တိုက်ပေးတတ်တဲ့ အမြော်အမြင်မရှိတဲ့တာဝန်မသိသူတွေ အဲဒီလူပုဂ္ဂိုလ်တွေမှာ ဒီပြဿနာအတွက် အဓိကတာဝန်ရှိတယ်လို့ ဆိုလိုချင်ပါတယ်။
    23-1-2013 နေ့က ဖြစ်စဉ်မှာလည်း အချင်းများလို့ ရဲအဖွဲ့တွေရောက်လာတာ မဟုတ်ပါဘူး။ ရဲအဖွဲ့တွေ၊ လျှပ်စစ်အဖွဲ့တွေ၊ ကြံခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးပိုင်းအဖွဲ့တွေက ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထူထောင်ထားခဲ့ရတဲ့ မီးလိုင်းကနေတစ်ဆင့် ထပ်မံချိတ်ဆွဲဖို့၊ အတင်းအဓမ္မ အင်အားနဲ့စီစဉ်ခဲ့ကြတာပါ။ ပြေလည်အောင်ညှိနှိုင်းပြီးမှ ဆောင်ရွက်တာမဟုတ်ပါဘူး။ အတင်းလုပ်ယူလို့မရတော့မှ ညှိနှိုင်းခဲ့ကြတာပါ။ ဗီဒီယိုဖိုင်တွေ သက်သေရှိနေပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေမှာ ညှိနှိုင်းခြင်း မပြုဘဲ ရဲအင်အားနဲ့ သုံးပြီးဖြေရှင်းရင် အထိကရုဏ်းတွေဖြစ်နိုင်တယ်ဆိုတာ အဲဒီနေ့ကပါဝင်ခဲ့တဲ့ လျှပ်စစ်ဝန်ကြီး၊ ဥပဒေအကြောင်းအရာနဲ့ အုပ်ချုပ်ရေးကိုတတ်သိ ကျွမ်းကျင်တဲ့ ရဲမင်းကြီးတို့ အုပ်ချုပ်ရေးမှူးတို့ သိနိုင်ကြပါတယ်။
    ဒီရွာရဲ့ဖြစ်စဉ်တွေ၊ ပဋိပက္ခတွေဆိုတာ ခုမှဖြစ်တာမဟုတ်ပါဘူး။ ဆယ်စုနှစ် နှစ်ခုကျော်ကတည်း ဖြစ်ပွားလာခဲ့ကြတာပါ။ ဒီလိုရပ်ရွာမျိုးကို ပြည်သူ့ကိုယ်စားလှယ် တော်တွေ၊ ပြည်သူ့အစိုးရကိုယ်စားလှယ်တော်တွေအနေနဲ့ အတွေ့အကြုံတွေနဲ့ လုပ်သက်တွေအရ ရွာသားတွေနဲ့ ဆရာတော်ပိုင်တဲ့ ဓာတ်တိုင်နဲ့ မီးကြိုးတွေကို ငါတို့အတင်းလုပ်ရင် မခံကြဘူး၊ ပဋိပက္ခတွေဖြစ်နိုင်တယ်ဆိုတာ ကြိုတင်တွက်ဆပြီးဖြစ် မှာပါ။ ဒါကြောင့်လည်း ရဲအင်အားတွေ အများကြီး ကြိုတင်ခေါ်ထားခဲ့တာပေါ့။ အဲဒီတော့ ပဋိပက္ခအထိကရုဏ်းဖြစ်လာနိုင်တယ်ဆိုတာ သိလျက်နဲ့ ဘာကြောင့်များ 29-1-2013 နေ့ကအတင်းအဓမ္မဆောင်ရွက်သလဲလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
    နောက်ပြီးတော့ သတင်းစာထဲမှာပါပါတယ်။ တိုင်းဒေသကြီးရဲ့ ချေးငွေလား စိုက်ထုတ်ငွေလားမသိ (၃၅၀)သိန်းနဲ့ ဓာတ်အားလိုင်းတစ်လိုင်းထပ်မံဆွဲမယ်ဆိုတာ ပါလာပါတယ်။ နောက်တော့ ဓာတ်မီးတိုင်တွေစိုက် မီးကြိုးတွေဆွဲ လုပ်ကြပါတယ်။ ဆရာတော်နဲ့ ရွာသားတွေက လာရောက်နှောက်ယှက်တာ စော်ကားတာတွေ မလုပ်ကြပါဘူး။ သူတို့ဖာသာ သူတို့ အေးအေးပဲနေခဲ့ကြပါတယ်။
    24-2-2013 မှာ ကျတော့ ဆရာတော်နဲ့ ရွာသားတွေသဘောမတူ ခွင့်မပြုနိုင်တာကို သိလျက်နဲ့ (29-1-2013)နေ့က အချင်းဖြစ်ခဲ့တဲ့ ဓာတ်တိုင်ကိုပဲ လျှပ်စစ်ဝန်ထမ်းတွေက ဓာတ်ကြိုးတွေဖြတ်၊ ဓာတ်တိုင်ပေါ်တက်လုပ်ခဲ့ပြန်ပါတယ်။ ဒီလိုလုပ်ရင်ပြဿနာထပ်ပြီးတက်မယ်ဆိုတာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးသိကြမှာပါ။ ဆရာတော်နဲ့ရွာသားတစ်ဝက် လက်မခံနိုင်ခဲ့တာကို တာဝန်ရှိသူများသိခဲ့ကြပါတယ်။ ဇွတ်လုပ်ရင် ပြဿနာဖြစ်ပွားနိုင်တာကိုလည်းခန့်မှန်းသိရှိနိုင်မှာပါ။ ဒီတော့ သိသိချည်းနဲ့ ပြဿမဖြစ် ဖြစ်အောင်ကို ဇွတ်လုပ်သလိုဖြစ်မနေဘူးလား။ လွှတ်တော်ကိုယ်စားလှယ် တွေ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ နိုင်ငံဝန်ထမ်းတွေဆိုတာ ပြည်သူတွေ စည်းလုံးညီညွှတ်ဖို့၊ ပြစ်မှုတွေမဖြစ်ဖို့၊ နှိုင့်ထက်ကျင့်မှုတွေမဖြစ်ဖို့ ဆောင်ရွက်ပေးကြ ရမှာ မဟုတ်ပါလား။
    အခုဖြစ်စဉ်က အမှုအခင်းတစ်ခုခုဖြစ်အောင် ဖန်တီးထားသလိုများဖြစ်နေမလား စိုးရိမ်မိပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလုပ်ဆောင်ရမယ့်အချိန်၊ တရားဥပဒေ စိုးမိုးအောင်လုပ်ရမယ့်အချိန်၊ စည်းလုံးညီညွှတ်မှုရှိအောင်လုပ်ကြရမယ့်အချိန်၊ မတရားမှုတွေလျော့ကျအောင်တိုက်ဖျက်ရမယ့်အချိန်၊ အစိုးရ၀န်ထမ်းတွေအပေါ် ပြည်သူလူထုက ယုံကြည်မှုရှိအောင်လုပ်ကြရမယ့်အချိန်၊ ပြည်သူနဲ့ အစိုးရတက်ညီလက်ညီ စည်းစည်းလုံးလုံးချီတက်နိုင်အောင်လုပ်ကြရမယ့် အချိန်မှာ ယခုအဖြစ်လိုမျိုး ဘက်နှစ်ဘက်အနက် တစ်ဖက်တည်းသာ ရပ်တည်ခဲ့ကြတဲ့ အစိုးရ၀န်ထမ်းတွေအပေါ် ဘယ်လိုများယုံကြည်မှုတည်ဆောက်ကြမလဲ။
    ဒီလိုမျိုးဖြစ်စဉ်တွေ နိုင်ငံနဲ့အ၀န်း ဖြစ်လို့ပေါ်လို့မရပါဘူး။ ဒီမိုကရေစီအရေးနဲ့ လူ့ အခွင့်အရေးတွေကိုဖော်ဆောင်တဲ့နေရာမှာ တစ်ဦးတစ်ယောက်ကအစ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ခံစားချက်တွေကို မျက်ကွယ်ပြုလို့မရပါဘူး။ ယခုဖြစ်ရပ်က တစ်ဦးတည်းမဟုတ်ဘဲ အများရဲ့ဆန္ဒကိုမျက်ကွယ်ပြုခဲ့တာပါ။ မထီမဲ့မြင်ပြုကျင့်မယ် ဆိုရင် စိုးရိမ်စရာပါ။
    သံဃာကို ဇွတ်အတင်းလူဝတ်လဲ အကျဉ်းချတဲ့အထိဖြစ်ပွားရတာတွေဟာ အံသြ ထိတ်လန့်ဖို့ကောင်းလှပါတယ်။ ရိုးရိုးသံဃာတောင်မဟုတ်ဘဲ ကျောင်းထိုင်ပဓာန ဆရာ တော်ပါ။ ကျေးလက်တောရွာမှာ ရှိလှခဲတဲ့ တရားစခန်းတွေဖွင့်လှစ်ပြီးသာသနာပြုနေတဲ့ ဆရာတော်ပါ။ ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်းရှိတဲ့အနက် ငါးရက်စခန်း၊ ခွန်နှစ်ရက်စခန်း စသဖြင့် တရားစခန်းတွေ မကြာမကြာဖွင့်လှစ်ပြီး တရားပြနေတာ ဒီဆရာတော်ပါ။
    ဆရာတော်ကို အကျဉ်းချတာက ပုဒ်မ (၃၉၂) ပါ။ ကိုယ့်ကို တိုက်မယ်ပြုနေတဲ့ ကားသော့ကို ဖြုတ်ယူထားတာကို ရမယ်ရှာထားတဲ့ အမှားဖြစ်ခဲ့ရတာပါ။ ဆရာတော်က ကားသော့ကိုဖြုတ်ယူရင် ပုဒ်မ (၃၉၂) မြောက်တယ်ဆိုတာ မသိရှိတာပဲ ရှိတာပါ။ ကားကို သော့ဖွင့်မောင်းယူသွားတာမျိုးမဟုတ်ပါဘူး။ ခေတ်ဘုန်းဘုန်းတွေ လောကီ အလုပ်နဲ့နေရင် ဥပဒေကိုလည်းလေ့လာသိရှိသင့်တယ်၊ လေ့လာထားကြဖို့လည်း ဂါရ၀ တရား ဦးထိပ်ထားပြီး တိုက်တွန်းလိုပါတယ်။
    ကိုယ်လိုရာကို ဆွဲယူလို့ရတဲ့ပုဒ်မတွေ လူ့ပါတ်ဝန်းကျင်၊ လူ့လောကမှာ မရှိသင့် တော့ပါဘူး။ ပြစ်မှုတစ်ခုကို ဖန်တီးပြီး ပြစ်မှုကျူးလွန်ချင်လာအောင် ဖန်တီးတာကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေမရှိသင့်တော့ပါဘူး။ အရင်ဦးဆုံးပြစ်မှုဖန်တီးသူ ကိုသာ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။
    လူ့အဖွဲ့အစည်းနဲ့ လူသားလောကကို အန္တရာယ်ပြု ဖျက်ဆီးနေတဲ့ ပြစ်မှုဖြစ်လာ အောင် ဖန်တီးခြင်းကို လူသားအများလက်မခံကြသလို၊ ဆန့်ကျင်ရမှာလည်းဖြစ်ပါ တယ်။
    ပြည်သူ့ရဲဝန်ထမ်းတွေကိုလည်း ပြည်သူတွေရဲ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး များကို သင်ပြပေးသင့်ပါတယ်။ နိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ အကြောက်တရားနဲ့ နေလာကြရတာပါ။ အသိပညာနည်းပါးတဲ့ အရပ်ဒေသကလူတွေဟာ ယူနီဖောင်းဝတ် မြင်ရုံနဲ့တောင် ကြောက်လန့်နေကြရတုန်းပါ။ လူ့အခွင့်အရေးနဲ့ လူသားလွတ်လပ်ခွင့် တွေကို သွယ်ဝိုက်ပြီးခြိမ်းခြောက်တာမျိုးတွေ မရှိသင့်တော့ပါဘူး။ ယင်းကဲ့သို့ ဖြစ်နိုင် သော ဥပဒေတွေရှိနေသေးရင်လည်း အသိပညာ၊ အတတ်ပညာရှင်အများမှ ၀ိုင်းဝန်း ပယ်ဖျက်ပေးဖို့ နှိုးဆော်ရင်း တိုက်တွန်းလိုက်ရပါတယ်။
    နစ်နာသူအများအကျိုးနဲ့ ရပ်ရွာအတွက် အသက်ပေးလှူထားတဲ့ အမှန်တရားကို ချစ်မြတ်နှိုးသော ဆရာတော် ဦးကောသလ္လ အမြန်ဆုံးပြန်လည် လွတ်မြောက်နိုင်စေရန် အတွက် အမှန်တရားတစ်ခုကိုလက်ဆင့်ကမ်းလိုက်ရပါတယ်။
    လူသားအားလုံး ဘေးဘယာဝေးကွာကြပါစေ …။
    ဂျေတီမိုး

Comments are closed.