လက်ပံတန်းတောင် ကြေးနီစီမံ ကိန်း လျှော်ကြေးငွေများ စတင်ပေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက်မြေယာလျော်ကြေးငွေကို
ယနေ့စတင်ပေးအပ်တယ်လို့သိရတယ်။လျှော်ကြေးငွေပမာဏက တစ်ဧကကို
ကျပ်(၁၀)သိန်း၊ကျပ်(၁၂)သိန်း၊ကျပ်(၁၅)သိန်း စသဖြင့် အမျိုးမျိုးရှိပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က သီးနှံလျော်ကြေးအနေနဲ့ ပေးထားတဲ့ငွေ ကျပ်၅၂၀,၀၀၀၊
ကျပ်၅၄၀,၀၀၀ စတဲ့အစားစားကို ပြန်မနှုတ်တော့ပဲ ထပ်ပေးတာလို့ သိရတယ်။

ယနေ့နေ့ လည် (၁)နာရီတွင် တောင်သူ (၁၆)ဦးကိုလျော်ကြေးပေးအပ်ပြီး
ပြီဖြစ်ကြောင်းသိရတယ်။ယခုအချိန် အထိပေးအပ်တဲ့လျော်ကြေးငွေသိန်းပေါင်း
ကျပ်၈,၀၂၆၈,၀၀၀ရှိတယ်လို့သိရတယ်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်၊မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ လျှော်ကြေးငွေပေးအပ်တာ
ဖြစ်ပြီးဒေသခံရွာသားတွေကို ကြိုပို့စီစဉ်ပေးခဲ့တယ်လို့ သိရတယ်။လျော်ကြေးအနေနဲ
့ပေးခဲ့တဲ့ တစ်ဧကကျပ်၁၅သိန်း က ပြင်ပမှာ ကျပ်၂၅သိန်းလောက်ပေါက်တဲ့အတွက်
ဒေသခံတချို့ကတော့ ကျေနပ်မှုမရှိပေမယ့် ဘာမှလုပ်လို့မရတဲ့အနေအထားမှာ မို့  ပေး
သမျှပဲ ယူမယ်ဆိုတဲ့သူတွေရှိသလို တချို့ကတော့ လျော်ကြေးကိုကျေကျေနပ်နပ်
ယူကြတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်။

The Modern News Journal မှ သတင်း ကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။

Advertisements

3 responses to “လက်ပံတန်းတောင် ကြေးနီစီမံ ကိန်း လျှော်ကြေးငွေများ စတင်ပေး

  1. ကျပ်သိန်းပေါင်း ကျပ် ၈၀,၂၆၈,၀၀၀ ဆိုတာကြီးက ဘယ်လောက်လို. ပြောတာလဲဗျာ…
    သိန်း …………လို. ဆိုလိုတာပါ ဆိုရင် တော. မှားနေပါပြီ…
    နည်းနည်း ပြန်ပြင်ပေးကြပါဦး…နားလည်ရတာ တမျိုးကြီး ဖြစ်နေလို.ပါ….

  2. ဒီခေတ်မှာမို့လျှော်ကြေးငွေရတာ၊အားလုံး၊နိုင်ငံတော်ပိုင်တာ၊နိုင်ငံတော်အတွက် ပေးဆပ်ရတယ်လို့ခံယူလိုက် ရင် ကျေနပ်စရာဖြစ်သွားပါမည်

Comments are closed.