ရှေ့ နေ များ ကွန်ယက် က လက်ပံတောင်း တောင် စီမံ ကိန်း ဆက်မလုပ် သင့် ဟု ကြေငြာချက် ထုတ်

လက်ပန်းတောင်းတောင် စီမံကိန်း ကော်မရှင် အစီရင်ခံ စာ နှင့် ပတ်သက် ပြီး  ရှေ့  နေ များ ကွန်
ယက် က သဘောထား ကြေငြာ ချက် စာ တစ်စောင် ထုတ် ပြန်ရာ တွင် မီးစုံး ပါသော ၊ မီးလောင်
စေတတ်သော လက် နက် များ အလွန် အကျွံ သုံး စွဲ ပြီး အကြမ်းဖက် ဖြို ခွဲ ခဲ့ မှု အား တစ်စုံ တစ်ရာ
အရေး ယူပေး ပါရန် မပါ ၀င် ၍ ကန့် ကွက် သည် ဟု ဖော်ပြထား သည်။

ရှေ့  နေ များ ကွန် ယက် က  မတ်လ ၁၅ ရက် နေ့  နေ့ စွဲ ဖြင့် ထုတ် ပြန်သည့် ကြေငြာချက် တွင်
နိုင်ငံ တကာ သဘောတူ စာချုပ် များ ချုပ် ဆိုထား ၍ မဖြစ် မနေ လိုက်နာရမည့် တရားသေ ဥပ
ဒေ ပြဌာန်းချက် လည်း မရှိကြောင်း မသမာမှု များ ၊ ပွင့်လင်း မြင်သာ မှု များ မရှိ ပါက ပုဂ္ဂလိက
စာချုပ် ၊ နိုင်ငံ တကာ စာ ချုပ် များ ကို အချိန် မရွေး ဖျက် ပစ် နိုင် ကြောင်း ကို လည်း နိုင်ငံ တကာ
ဖြစ် ရပ် များ ကို ကိုကား ပြီး သက်သေ သာဓက အနေဖြင့် ဖော်ပြထားသည်။

လက်ပံတန်းတောင်း တောင် ကြေးနီ စီမံ ကိန်း နှင့် ပတ်သက် သည့် စုံစမ်း စစ်ဆေးရေး ကော်
မရှင် တွင် သဘာဝ ပတ်ဝန်းကျင်  နားလည် တတ် ကျွမ်းသည့် ပညာရှင် များ မပါဝင် သဖြင့်
ကောင်းမွန်ပြီး ပြည့် စုံသည့် အစီရင်ခံ စာ ဟု မှတ်ယူ ၍ မရ ကြောင်း ထို့ အတွက် စီမံကိန်း
ကို ရပ်တန့် ထား သင့် ကြောင်း ဖော်ပြ ပါရှိသည်။

မြန်မာ ရှေ့ နေ ကွန်ယက် သည် လက်ပံတောင်းတောင် ဒေသတွင် အကြမ်းဖက် တိုက် ခိုက်
မှု ဖြစ် ပွား ပြီး နောက် အမေရိကန် နိုင်ငံ မှ လူ့  အခွင့် အရေး ရှေ့ နေ များ နှင့် ပူး တွဲ ပြီး
စုံစမ်း လေ့လာမှု ပြု ခဲ့ ရာ ကြေးနီမိုင်း သပိတ် စခန်း ကို ဖြိုခွဲ မှု မှာ ဖော့စဖရပ်(စ) ဓါတု
ဗုံး ကို သုံး ခဲ့ တာ ဖြစ်ကြောင်း ဇန်န၀ါရီ လ ၃၁ ရက်နေ့  က သတင်း ထုတ် ပြန် ခဲ့သည်။

Advertisements

3 responses to “ရှေ့ နေ များ ကွန်ယက် က လက်ပံတောင်း တောင် စီမံ ကိန်း ဆက်မလုပ် သင့် ဟု ကြေငြာချက် ထုတ်

  1. အဲလောက်တောင် တရုတ်ကို ကြောက်နေရသလား ဒါဟာလည်း အကြောက်တရား တခုပါ
    May you be free from fear

  2. အမေစု က ဒီမိုကရစီ နိုင်ငံ ရေးကိုတော့ ရာနှုန်းပြည့် နားလည်တယ်တတ်တယ် တော်တယ် ဒါကိုလဲ
    ယုံကြည်တယ် ..ရွာသားရဲ့ ရင်ထဲဘယ်လောက်ထိ ပူလောင်နေလဲဆိုတာ အမေစု 20 ရာခိုင်နှုန်း
    လောက်ဘဲသိနိုင်လိမ့်မယ်…အမေစု ကိုကျနော်တို့ ချစ်ပါတယ်..တခုမေးမယ်နော်…ဒီစီမံကိန်း
    ဆက်လုပ်ဖို့ အတွက်က ဒီမိုကရေစီ လမ်းစဉ် ဘဲလား ….ဒီလိုပုံစံနဲ့ ဒီမိုကရေစီတော့
    မလိုချင်ပါဘူး………..နောက်တနေရာလဲ ဒီတိုင်း လုပ်အုံးမှာဘဲ……….ဟူး

  3. ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး တခုပြောချင်ပါတယ်…အိမ်ပြောင်းေ၇ွ့ရမယ်ဆိုတာလွယ်တဲ့ကိစမဟုတ်ဘူး
    နော် လူ ဆိုတာ ကိုယ်က ငယ်ငယ် ကတဲ့က ကြီးလာတဲ့နေရာ ကို လုံးဝ သွယ်တာတယ်နော်…နေရာသစ်
    ဆိုတာ လေုာ်ကြေး ပေးပေမဲ့ လုံးဝ မနေချင်ဘူး အဆင်လဲ ပြေမှာမဟုတ်ဘူးနော်………..ဒါတွေ ကို
    အမေ စု ကနားလည်ချင်မှနားလည်မယ်..နားမလည်နိုင်ဘူးလို့ဘဲပြောရမယ်..ဆိုပါစို့..အမေစု ပိုဟိုး အဝေး
    တနေရာနေခိုင်းရင် ခံစားခိုင်းကြည့်ပါ….ဘာအကျိုးညာအကျိုး ပြောမနေနဲ့အုံး…အကျိုးမရှိရင်လည်း
    ရွာ သားတွေက အဆင်ပြေနေတဲ့ဟာဘဲ…အမေ စုကအကျိုးရှိမယ်ပြောတယ်.ကဲ အဲဒါ လုပ်ခိုင်းမယ်
    ဆိုပါစို့..အိမ်တိုင်းကို တိုက်ဆောက်ပေး ကားဝယ်ပေး ငွေ လုံလောက်အောင် အမေစုက အမတ်ခံ ပေး
    နိုင်မှာလား…အားလုံးအားလုံး အမေစု သိကုန် တတ်ကုန် ထားတာမှမဟုတ်တာ….ရွာသားနေရာ
    နေပြီး ခံစားကြည့်ပါလား…………ဟူး

Comments are closed.