ဘုရား ပွဲ က ဆက် ကပ် မျက်လှည့် တွေ မှာ ဒေါင်း ခြင်္သေ့ ပြကွက် လူကြိုက်များ နေ

ပွင့်လင်းရာသီ မြန်မာ နိုင်ငံ တစ်ဝှမ်း က ဘုရား ပွဲတော် တွေ မှာ အနယ်နယ် အရပ် ရပ်
လှည့် လည်ဖျော်ဖြေ နေတဲ့ မျက်လှည့် နဲ့  ဆက်ကပ် ပညာ ရှင်
တွေ ရဲ့  ဒေါင်း ခြင်္သေ့ ပြကွက် ဟာ လူ ကြိုက် များ နေတယ် လို့  FNG က သိရပါတယ်။

ရန်ကုန်တိုင်း သံလျှင် မြို့  က ကျိုက်ခေါက် စေတီ ဘုရား ပွဲ မှာ ပြသခဲ့တဲ့
ဒေါင်း ခြင်္သေ့ ပြကွက် ကို ဘုရား ဖူး တွေ ကြိတ်ကြိတ် တိုး အားပေးခဲ့တယ်
လို့  သိရပါတယ်။

ဒေါင်းခြင်္သေ့ ပြကွက် ကို ကြည့်ခဲ့ ရတဲ့ ပေါင်းတည် မြို့ နယ် က ဘုရားဖူး တစ်ဦး က
လည်း ဒေါင်း ကတော့ အစစ် ပဲ မျက်လှည့် ဆရာ က အပ် ချလောင်း လို့  လုပ်
လိုက်တော့ ဒေါင်းက ပျောက် ပြီး နောက်က ပိတ်ကား
မှာ ဒေါင်းခြင်္သေ့ ကြီး ဟိန်းသံ နဲ့  ပေါ် လာတာ ကလေး က လန့် လို့  ငို
တယ်.. ကလေး ကို ချော့ ရတယ် မငို ပါ နဲ့  ဒေါင်း ခြင်္သေ့ ကြီး ပါ ဆို မှ အငို
တိတ် သွားတယ် လို့   FNG ကို ပြောပါတယ်။

ဒေါင်း ခြင်္သေ့ ပြကွက် ကို ဘုရား ပွဲ တွေ မှာ လိုက်လံ ဖျော် ဖြေ တဲ့ ဆက်ကပ်
အုပ် စု နှစ်ခု လောက် က တီထွင် ဖန်တီးထား တာဖြစ် ပြီး ဒီနှစ် မှာ စတင် တင်
ဆက် တာ ဖြစ် တယ် လို့  ပြောပါတယ်။

ဒေါင်း ခြင်္သေ့ ပြကွက် ကို ဒီလောက် လူ ကြိုက်များ မယ် မှန်း မသိဘူး၊ ကျွန်
တော် တို့  မှာ တခြား ရည် ရွယ် ချက် မရှိ ပါဘူး ၊ စိတ်ကူး ရတာ ကို ပရိသတ်
ကို အကောင်းဆုံး ပေး ဆပ် နိုင်ငံ ဖို့  ရည်ရွယ် ရင်း ပါ လို့  မျက်လှည့် ဆရာ
ပုဏ္ဏား ကျွန်း မောင်မောင် က FNG ကို ပြောပါတယ်။

ဒီနှစ် ဘုရား ပွဲ တော် တွေ မှာ ဒေါင်း ခြင်္သေ့ ပြကွက် လို  ပဲ ဆက်ကပ် နဲ့  မျက်
လှည့် ဆရာ တွေ အပြင် ဇာတ် အဖွဲ့  တွေ က လည်း ထူးထူး ခြား ခြား တင်ဆက် မှု တွေ
လုပ် ရာ မှာ နာမည် ကျော် ဇာတ် အဖွဲ့  တွေ က တောင်ကိုးရီးယား အဆို တော် Psy ရဲ့ 
ကျော်ကြားလှ တဲ့ အိုပါး ဂမ်းနမ်း ကိုလည်း မြန်မာ မှု ပြု ပြီး ကပြ အသုံးတော် ခံ ခဲ့  ရာမှ
ပရိသတ် တွေ တိုးမပေါက် ပဲ လို့  သိရပါတယ်။

Advertisements