မတ္ထီလာ ရွှေဆိုင် အရေး သေဆုံးမှု မရှိ ၊ ထိခိုက်ဒဏ်ရာ ရမှု နှင့် ပျက်စီးမှု များ ရှိ

 ရွှေဆိုင် တွင် ရွှေလက်ကောက် လာရောက်ရောင်းချသည် စဉ် မှတ်ကျောက် တင်ရာမှ ကျိုးပဲ့မှု ဖြစ်
ပေါ် ပြီး နောက် ရောင်းချ သူ က အပြစ်တင်ရာ မှ ဆိုင်ရှင် က ကိုယ်ထိ လက်ရောက် ဖြစ်ပွား
ခဲ့သည့် ဖြစ်စဉ် တစ်ခု ယနေ့ နံနက် မတ္ထီလာ တွင် ဖြစ်ပွားခဲ့သည်။ လာရောက် ရောင်းချသူ ကို  ရိုက် နှက် မှု ကြောင့် ရွှေဆိုင်ပိုင်ရှင် ပိုင်ဆိုင်သည့် တိုက်တွင်း ရှိ
ပစ္စည်းများ ကိုဒေါသ ထွက်နေသည့် လူ အုပ်ကြီးက ဖျက်ဆီး ခဲ့သည်။ တိုက်ကို ၀ိုင်းထားသည့်
လူ အုပ်ကြီး မှာ များ ပြားလှ သောကြောင့်  ရဲတပ် ဖွဲ့  က မည်သို့  မှ ထိထိရောက်ရောက်
အရေးမယူ နိုင်ဟု သိရသည်။ နောက် ပိုင်း တွင် ဒေသခံ သြဇာရှိ ပုဂ္ဂိုလ်များ နိုင်ငံရေး အဖွဲ့ များမှ
ကြားဝင် ဖြန်ဖြေ ၍ အခြေ အနေမှာ ငြိမ်သက်
စ ပြုသည် ဟု FNG မှ သတင်း ရရှိသည်။

မတ္ထီလာ အရေး ကို ကြားဝင် ဖြန်ပြေ ပေး ရန် NLD ပါတီ မှ  ပြည့်သူ့  လွှတ်တော် အမတ် ဦးဝင်း
ထိန်သည် နေပြည်တော်မှ မန္တလေး သို့  ထွက်ခွာသွားသည်။

Update

မတ္ထီလာ ဈေး အနီး တွင် ရဲ နှင့် လုံခြုံရေး တပ်ဖွဲ့  ၀င်များ ဖြန့် ကျက်ချထား ပြီး အခြေအနေ ကို ထိမ်းသိမ်းထားသည်။

Update

မတ္ထီလာ ဈေး  တော်ဝင်  ရွှေဆိုင် အရေး နှင့် ပတ်သက် ပြီး ကိုယ်ထိလက်ရောက် ကျုးလွန်သူ
များ ကို ဆိုင်ရာ မှ ဖမ်းဆီးထား သည်။ ထိခိုက် ပျက်စီး မှု နှင့် ဒဏ်ရာ ရမှု များ ရှိ ပြီး သေဆုံး
မှု မရှိပါ။

Update
ဗလီ နှစ်လုံး နှင့် ပညာရေးမှုး ရုံး မှုး ရုံး မီးရှို့ ခံရမှု အပါအ၀င် ဘုန်းတော်ကြီး တစ်ပါး ဓား
ဒဏ်ရာ ဖြင့် ပျံလွန်တော် မူ ပြီး နောက် မတ္ထီလာ တွင် ပုဒ်မ ၁၄၄ ထုတ် ပြန် သည်။ နံနက်
ပိုင်း က ဖြစ်ပွားသည့် မငြိမ်သက်မှု မှာ အခြေအနေ ပိုးဆိုးလာ ပြီး ညနေ ပိုင်း တွင် ဈေး
ဗလီ ကို မီးရှို့ မှု ဖြစ်ပွားခဲ့သည်။

ယနေ့  မိတ္ထီလာ မြို့  မငြိမ်သက်မှု တွင် ပျက်စီးမှုများ

ရွှေဆိုင် သုံးဆိုင် နှင့် ကုန်မာ ဆိုင်တစ်ခု
အိမ် နှစ်လုံး
ပညာရေးမှု ရုံး တစ်ခု
ဗလီ နှစ်လုံး

အချို့ မှာ မီးရှို့ ခံ ရ ပြီး အချို့ မှာဖျက်ဆီးခံရခြင်း ဖြစ်သည်။

5643_4098560442504_95299948_n

Advertisements

One response to “မတ္ထီလာ ရွှေဆိုင် အရေး သေဆုံးမှု မရှိ ၊ ထိခိုက်ဒဏ်ရာ ရမှု နှင့် ပျက်စီးမှု များ ရှိ

  1. On Mar 20, 2013 3:33 PM, “Freedom News Group”
    wrote:
    >
    > FNG posted: “မူရင်း ၀ယ်သည့် ရွှေဆိုင် တွင် ရွှေ ပြည်လည် သွင်းသည့် အဘွား အို
    ကို ဈေးမတန်တစ်ဆ နှိမ်ရာ မှ အဖွား အို ၏ မြည် တွန်တောက် တီး မှု ကို
    မကျေမချမ်း ဖြစ် ကာ ကိုယ်ထိလက်ရောက် ပြုသည့် မတ္ထီလာဈေး …. သတင်း ကို ဆက်လက်
    စုံစမ်းဆဲ ဖြစ်ပါသည်။ ရွှေဆိုင်ပိုင်ရှင် ၏ တို”
    >

Comments are closed.