မတ္ထီလာ မှာ မီးရှို့ မှု တွေ ထပ်ဖြစ် ပြီး သေဆုံးသူ တိုးလာ
မတ်လ ၂၁ ရက်နေ့ မှာ ဒုတိယ မြောက်နေ့  အဖြစ် မတ္ထီလာ မြို့  မှာ  မငြိမ်သက် မှုတွေ
တွေ ပါ မီးရှို့ ခံရ ပြီး ၊ ရန် မျိုး အောင် ရပ် ကွက် ၊ မိတ္ထီလာ စည် ပင်ဈေး အနီး နဲ့  အာရှ
စိမ်းလန်း ဖွံ့  ဖြိုး ရေး ဘဏ်ခွဲ ပါ မီးစွဲ လောင် ခဲ့ တယ်လို့  သိရပါတယ်။ မင်္ဂလာ ဇေယုံ
ရပ် ကွက် မှာ တော့ ရပ် ကွက် ရဲ့  နေရာ အတော် များများ ကို မီးစွဲ လောင်ခဲ့ ပါတယ်။
ဝန်ဇင်း ရပ် ကွက် မှာ ဆိုရင် ဓား ခုတ် မှု တွေ အပြန် အလှန် ဖြစ် ပွား နေတာ တရုတ်
သိုင်းကား ထဲ က လို ပဲ တချွမ် ချွမ် နဲ့  လို့  ၀န်ဇင်း ရပ် ကွက် က တက္ကသိုလ် ကျောင်း
သား တစ်ဦး က ပြောပါတယ်။ သူ က ဆက် ပြီး တော့ မြို့  ရဲ့  နေရာ အတော် များမှာ
မီးလောင်နေတယ်။ မီးခိုး တွေ တက် လာ တာ နေရာ အနှံ ပဲ လို့ ဆို ပါတယ်။
တရား ၀င် သိရ သလောက် သေဆုံး သူ ငါး ဦးခန့်  ရှိ ပြီး ဆေးရုံ မှာ တက်နေရတာ
ထိခိုက် ဒဏ်ရာ ရတဲ့ ရဲတပ် ဖွဲ့  ၀င် တွေ ၊ အစိုးရ ၀န်ထမ်းတွေ အပါ ဆို ၂၅ ဦး ရှိ
တယ် လို့ မိတ္ထီလာ ဆေးရုံ ကြီး က တရား ၀င် ပြောပါတယ်။
မိတ္ထီ လာ မြို့  ရဲ့  အချို့  ရပ်ကွက် တွေ မှာ ဆယ်တန်း စာ မေး ပွဲ ဖြေရ မယ့် ကျောင်း
သာား တွေ ဟာ အိမ် မီးလောင် မှု နဲ့  တခြား အကြောင်း တွေ ကြောင့် စာ မေး ပွဲ
မဖြေ ဆို နိုင် ဘူး လို့  သိရပါတယ်။
မန္တလေး တိုင်း နဲ့  တခြား မြို့ နယ် က ရဲတပ် ဖွဲ့  ၀င် တွေ ရောက် လာပေမယ့် မီးသတ်
ကား လုံ လောက် မှု မရှိတာ ကြောင့် မီး ငြိမ်း သတ်မှု မှာ အလျှင် မမှီ ဘူး လို့  အဲဒီ
ကို ရောက် နေတဲ့ ရန်ကုန် အခြေစိုက် သတင်း ထောက် တစ်ဦး က ပြောပါတယ်။
သေဆုံး သူ အရေ အတွက် ဟာ ဆယ် ဂဏန်း လောက် ဖြစ် နိုင် ပြီး ဒေါ်အောင်ဆန်း
စုကြည် ကတော့ မိတ္ထီလာ မှာ လိုအပ် ရင်း လုံခြုံရေး တင်းတင်း ကျပ် ကျပ် ကိုင်တွယ်
ဖို့  သက် ဆိုင်ရာ အာဏာ ပိုင် တွေ ကို မိန့် ကြားထား ပါတယ်။
CNN သတင်း ဌာန ကတော့ သေဆုံး သူ ၁၀ ဦး ရှိတယ် လို့  ကြေငြာ သွား ပါတယ်။
Advertisements
3 responses to “မတ္ထီလာ မှာ မီးရှို့ မှု တွေ ထပ်ဖြစ် ပြီး သေဆုံးသူ တိုးလာ
  1. ဘယ်သူ မှ အလျှော့ မပေးကြ တော့ဘူး လါး။
    ဘယ် ဘာ သာပဲဖြစ် ဖြစ် မေတ္တာ တရား ဆိုဒါ ရှိ
    ကြ ပါတယ်။
    ဘာ ဖြစ်လို့မေ့ ချင် ယောင် ဆောင်နေ ကြ တာလဲ။
    ဒေါသတွေ ကို ရှေ့ တန်း တင် ရင် ဘယ်သူ မှအကျိုး
    မရှိ ပါ ဘူး။။
    ရဟန်း တော် တပါး မီးရှို့
Comments are closed.