သာမန် ၀တ်စားဆင်ယဉ်မှု ဖြင့်သာ သင်္ကြန် လည်သည့် အမျိုးသမီး နှစ်ဦး ကို ရဲ က ဖမ်းဆီး ငွေညှစ်

ဂျင်းဘောင်ဘီ အရှည် ၊ အင်္ကျင်္ီ လက် ပြတ်ဖြင့် နေ့ တဓူဝ တွေ့ နေ ကျ ဖက်ရှင် ပုံစံ
ဖြင့် သာ သင်္ကြန် ရေပက် ခံ ထွက်သည့် အမျိုး သမီး နှစ်ဦး
ကို မြောက် ဥက္ကလာ ပ ရဲ က မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နှင့် မညီ ဟု ဆို ကာ
ဖမ်းဆီး ပြီး နောက် တစ်ဦးလျှင် ငွေ ကျပ် ၃၀၀၀ စီ ပေး မှ ပြန်လွှတ် လိုက်
သည့် ဖြစ် ရပ် တစ်ခု ယနေ့  နေ့  လည် ပိုင်း က မြောက် ဥက္ကလာ ပ တွင် ဖြစ် ပွား ခဲ့ သည်။

သမီးတို့  က သာမန် ၀တ်ရိုး ၀တ်စဉ် ၀တ်တာပါ ၊ ဘာမှ အမြင် မတော်စရာ
အကြောင်း မရှိ ဘူး၊ ရဲ နှစ်ကောင် က မူးလည်း နေတယ်။ ယဉ်ကျေးမှုး နဲ့ 
မညီဘူး စခန်း လိုက် ခဲ့ ၊ ဆို ပြီး ပြောတာ နဲ့  ဆိုင်ရှင် အမ ကြီး က ၀င်ညှိုပေး လို့ 
စခန်း လဲ မလိုက် ချင်တာ နဲ့  တစ်ယောက် ၃၀၀၀ ပေးလိုက် ရတယ် ဟု FNG ကို ပြောသည်။

ယခု နှစ် သင်္ကြန် အကြို နေ့ မှာ ရဲတပ်ဖွဲ့  များ က လို အပ် သည် ထက် ပို
ပြီး အာဏာ ပြ ခြင်း များ ရန်ကုန် မြို့  နေရာ အနှံ ဉ် ဖြစ်ပွား လျှက် ရှိသည်
ဟု FNG မှ သိရှိရသည်။

ကမ္ဘာ အေး ဘုရားလမ်း ရှိ မဏ္ဍပ် စီစဉ် သူ တစ်ဦး ကလည်း ရဲ က လိုင်း
ကြေး သဘောမျိုး လာတောင်း လို့ ဒီမနက် ပဲ ငါးပုလင်း ပေး လိုက်ရတယ်
ဟု ပြောသည်။

မြန်မာ နှစ်သစ်ကူး သင်္ကြန် ပွဲတော် စတင်

မငြိမ်မသက် မှု နှင့် အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွား ခဲ့သည့် ဘူးသီးတောင် ၊မောင်တော၊
စစ်တွေ ၊ ကျောက်ဖြူ ၊မတ္ထီလာ ၊ရမည်းသင်း နှင့် သုံးဆယ် မြို့ များ တွင် သင်္ကြန် ပွဲ တော်
အား ငြိမ်းချမ်းစွာ စတင် ဆင် နွှဲ နေသည် ဟု
FNG မှ သတင်း ရရှိသည်။

စစ်တွေ မြို့  မှာ ရခိုင်ရိုးရာ သင်္ကြန် ပွဲ တော် စနေ ပါ ပြီ။ အားလုံး အေးအေး
ချမ်းချမ်း ပဲ တခြား ဘာသာ ၀င်တွေ လည်း ရေပက် ကစား နေ ကြတယ်။
လို့  စစ်တွေ မြို့  မှ အင်တာနက် ကဖေး ဆိုင် ပိုင်ရှင် တစ်ဦး က FNG ကို
ပြောသည်။

မတ် လနှောင်း ပိုင်း က အကြမ်းဖက် မှု များ ဖြစ် ပွား ခဲ့ သည့် မတ္ထီလာ မြို့ 
နယ် တွင် လည်း ယခင် နှစ်များ ကလောက် စည်ကားခြင်း မရှိ သော် လည်း
မတ္ထီ လာ ကန်ဘေး တစ်ဝိုက် တွင် ရေပက် ကစား မှု များ စတင် နေသည်
ဟု သိရှိရသည်။ မတ္ထီလာ မြို့  က လူတွေ က ရန်ကုန် ၊မန္တလေး ကို တက် ပက်ကြတော့
အရင် နှစ် တွေ လောက် မစည် ဘူး ၊ အား လုံး အေးအေးချမ်း
ချမ်း ဘဲ ဟု ပြောသည်။

Advertisements

5 responses to “သာမန် ၀တ်စားဆင်ယဉ်မှု ဖြင့်သာ သင်္ကြန် လည်သည့် အမျိုးသမီး နှစ်ဦး ကို ရဲ က ဖမ်းဆီး ငွေညှစ်

  1. ဒီလိုအချိန်မျိုးမှာတောင် ပိုက်ဆံတေါင်းတယ်နော်။အဲဒါကြောင့်မို့ မင်းတို့ ရဲတွေရဲ့ ဘဝက မပြောင်ရောင်တါ။

  2. ကိုကိုရဲများသတိထား!!!!
    ငွေရတာနည်းနည်းဘဝပါပေးလိုကိရမယ်နော်

  3. Pingback: MyanmarLatestNews » သာမန် ၀တ်စားဆင်ယဉ်မှု ဖြင့်သာ သင်္ကြန် လည်သည့် အမျိုးသမီး နှစ်ဦး ကို ရဲ က ဖမ်းဆီး ငွေ·

Comments are closed.