ဆီးရီးယား ကို လေကြောင်း က နေ အစ္စရေး တိုက် ခိုက်

အစ္စရေး လေတပ် က တိုက် လေ ယာဉ် တွေ က ဆီးရီးယား အစိုးရ ရဲ့ 
လက်နက် သို လှောင် တဲ့ နေရာ တွေ ၊ လက်နက် စက်ရုံ တွေ ကို ကြာ
သပတေး နေ့ ည ကနေ သောကြာ နေ့  နံနက် အစော ပိုင်း ထိ တိုက် ခိုက်
ခဲ့ တယ် လို့  အမေရိကန် အစိုးရ တာဝန် ရှိ သူ တစ်ဦး က Fox သတင်း
ဌာန ကို တရား ၀င် ပြော ကြား ခဲ့ ပါတယ်။

ကနဦး က တော့ အစ္စရေး စစ် တပ် က ဒုံး လက် နက် တွေ က နယ် စပ်
ကနေ ဆီးရီးယား နိုင်ငံ ထဲ ကို ပစ်ခတ် ခဲ့ တယ် လို့  တာ သတင်း ထွက်
ပေါ် မယ့် နောက်ပိုင်း မှာ တော့ လေတပ် အုပ်စု နဲ့  ငါး နာ ရီ ကျော်ကြာ
တိုက် ခိုက် ခဲ့ ကြောင်း အမေရိကန် အစိုးရ တာ ၀န် ရှိ သူ က အတည် ပြု
ပြောကြား ခဲ့ ပါတယ်။

နှစ် နှစ် ကျော်ကြာ ပြီ ဖြစ် တဲ့ လူ ထု အုံကြွ မှုနဲ့  ပြည်တွင်း စစ် ကို ရင် ဆိုင်
နေ ရ တဲ့ ဆီး ရီးယား အစိုး ရ ကို ကူညီ ပေး ဖို့  အသင့် ရှိ ကြောင်း ပြီး ခဲ့ တဲ့
သတင်း ပတ် က ဟဇ်ဘိုလာ ခေါင်းဆောင် ရှိခ် နာဆာ ရာလား က ပြောကြား ပြီး
တဲ့ နောက် လေ ကြောင်း တိုက် ခိုက် မှု စတင် ခဲ့ တာ ဖြစ် ပါတယ်။

သမ္မတ အာဆဒ် လိုလားတဲ့ ဆီးရီးယား အစိုးရ တပ် ဖွဲ့  တွေ က အတိုက် အ
ခံ တွေ နဲ့  အရပ်သား တွေ ဓာတု ဗေဒ လက် နက် တွေ အသုံး ပြု ပြီး တိုက်
ခိုက် တယ် လို့  သတင်း တွေ ထွက် ပြီး နောက် မှာ အမေရိကန် က ဆီးရီးယား
သူ ပုန် တွေ ကို လက်နက် ထောက် ပံ့ ဖို့  စဉ်းစား ခဲ့ ပါတယ်။

သမ္မတ အိုဘားမား က တော့ ဆီးရီးယား နိုင်ငံ ထဲ ကို အမေရိကန် တပ် ဖွဲ့ ဝင်
တွေ လွှတ် မှာ မဟုတ် ဘူး လို့  ဒီ နေ့  ပြောကြား ပါတယ်။

အစ္စရေး ကတော့ ဒီတိုက်ခိုက် မှု တွေ နဲ့  ပတ်သက် ပြီး တစ်စုံ တစ်ရာ ထုတ်
ဖော် ပြော ဆို ခြင်း မရှိ သေး ပါ ဘူး။

Israel Into Syria

Advertisements

One response to “ဆီးရီးယား ကို လေကြောင်း က နေ အစ္စရေး တိုက် ခိုက်

  1. Pingback: MyanmarLatestNews » ဆီးရီးယား ကို လေကြောင်း က နေ အစ္စရေး တိုက် ခိုက်·

Comments are closed.