အင်္ဂလန် မှာ မွတ်ဆလင် ဆန့် ကျင်ရေး တွေ အရှိန် မြှင့် လုပ်ဆောင်လာ

ဗြိတိသျှ စစ်သား တစ်ဦး သတ်ဖြတ် ခံ ရမှု ကြောင့် လက်ယာစွန်း ရောက် အဖွဲ့  တစ်ခု ဖြစ်သည့်
English Defense League (EDL) က ဦး ဆောင် ပြီး မွတ် ဆလင် ဆန့်  ကျင် ရေး လှုပ်ရှား မှု များ
ပြု လုပ် ရာ ရဲ တပ် ဖွဲ့  နှင့် ပဋိ ပက္ခ ဖြစ် ပွား ခဲ့ သည်။

EDL အဖွဲ့  ၀င် တစ်ချို့  က Facebook ၊ တွစ်တာ စသည့် လူမှု ကွန်ယက်များ
သုံး ပြီး မွတ်ဆလင် ဆန့် ကျင် ရေး ပြု လုပ် မှုကြောင့်  ရဲ တပ် ဖွဲ့  က ဖမ်းဆီး ထိမ်းသိမ်း မှု
များ ပြု လုပ် သည်။

EDL အဖွဲ့  က သူ့  ရဲ့  EDL Facebook စာမျက်နှာ ကနေ လည်း ချီတက် လမ်း လျှောက် ဖို့  ဆော်
သြ ပါတယ်။

မေလ ၂၂ ရက်နေ့  က ရက်စက် စွာ သတ်ဖြတ် ခံရ မှု ကြောင့် သေဆုံး သွား
သူမှာ ဗြိတိသျှ စစ်တပ် မှ စက်သေနတ် ပစ် သမား ၊ ဘင်ခရာ တီးဝိုင်း တွင်
ဒရမ် တီးသူ နှင့် အသက် နှစ် အရွယ် ကလေး ၏ ဖခင် ဖြစ်သူ အသက် ၂၅ နှစ် အရွယ်
လီရဂ်ဘီ ဖြစ်သည် ဟု ဗြိတိသျှ ကာ ကွယ် ရေး ၀န်ကြီး
ဌာန မှ ထုတ် ဖော် ပြော ကြားသည်။

နယူး ကာဆယ် တွင် EDL အဖွဲ့  မှ ချီ တက် သူများ နှင့် အခြား ချီတက် သူများ ခိုက် ရန် ဖြစ်
ပွား ကြသည်။

Advertisements

One response to “အင်္ဂလန် မှာ မွတ်ဆလင် ဆန့် ကျင်ရေး တွေ အရှိန် မြှင့် လုပ်ဆောင်လာ

  1. Pingback: MyanmarLatestNews » အင်္ဂလန် မှာ မွတ်ဆလင် ဆန့် ကျင်ရေး တွေ အရှိန် မြှင့် လုပ်ဆောင်လာ·

Comments are closed.