လားရှိုးမှာ အခြေ အနေ တည်ငြိမ် နေသော် လည်း ပုံမှန် ပြန် ရောက် ဖို့  ခဲယဉ်းနေ

မေလ ၂၈ ရက်နေ့  နဲ့  မေလ ၂၉ ရက်နေ့  တွေ မှာ ဖြစ် ပွား ခဲ့ တဲ့ လားရှိုး မြို့  မှာ ဆူ ပူ အကြမ်း
ဖက် မှု တွေ ကြောင့် ဘာသာရေး အဆောက် အဦ သုံး ခု ၊ ရုပ်ရှင် ရုံ တစ် ရုံး နဲ့  ၊ နေအိမ် တွေ၊
ဈေး ဆိုင် ခန်း တွေ မီး လောင် ပျက်စီး သွား ပါတယ်။

ဘာသာရေး ဆူ ပူ အကြမ်းဖက် မှု မှာ ဗုဒ္ဓဘာသာ ၀င် ဆိုသူ တွေ က သားခုတ် ဓား ကြီး ၊ ဓားရှည်
တွေ ကိုင် ဆောင် ကာ ၊ မော်တော် ဆိုင် ကယ် တွေ စီး ပြီး အစ္စလာမ် ဘာသာ ၀င် တွေ ရဲ့  ပိုင် ဆိုင်
မှု ကို ဖျက်ဆီး မီး ရှို့ ခဲ့ ကြတာ ဖြစ် ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ က ရခိုင် ပြည်နယ် မှာ ဘာသာရေး ၊ လူ မျိုးရေး အဓိကရုဏ်း တွေ ဖြစ် ပွား
ခဲ့ ပြီး နောက် မိတ္ထီ လာ ၊ အုတ် ဖို ၊ ရမည်း သင်း စတဲ့  မြို့  တွေ ပါ ကူးစက် ပြီး အခု နောက် ဆုံး
ရှမ်း ပြည်နယ် မြောက် ပိုင်း လာရှိုး မြို့  မှာ ဖြစ် ပွား တာ ဖြစ် ပါတယ်။

လားရှိုး မြို့  မှာ မွတ်ဆလင် တစ်ဦး က အမျိုးသမီး တစ်ဦး ကို ဓာတ် ဆီ လောင် ပြီး မီး ရှို့  မှု ဖြစ်
ပွား ပြီး တဲ့ နောက် မငြိမ် မသက် မှု တွေ စတင် ခဲ့ ခြင်း ဖြစ် ပါတယ်။

အာဏာ ပိုင် တွေ က တော့ ပြစ် မှု ကျုး လွန် တဲ့ သူတွေ  ကို ဖမ်းဆီး ထား တယ်လို့  ဆို ပါတယ်။

လားရှိုး မှာ ပုဒ်မ ၁၄၄ ထုတ်  ပြန်ထား ပြီး ၊ မေလ ၃၀ ရက်နေ့  ည ကတည်း က အခြေ အနေ
တွေ စတင် ငြိမ်သက် နေ ပါတယ်။

အမည် မဖော် လို့ တဲ့ လာ ရှိုး မြို့  က လက်ဖက် ရည် ဆိုင် ပိုင် ရှင် တစ်ဦး က တော့ အဖြစ် အပျက်
တွေ ဟာ မယုံ နိုင်စရာ ဖြစ် ပွား ခဲ့ တယ် လို့  ဆို ပါ တယ်။

လားရှိုး မြို့  ခံ များ က  ဆူ ပူ အကြမ်း ဖက် မှု များ ကို လူစိမ်း များ က စတင် ခဲ့ ခြင်း ဟု FNG ကို
ပြောသည်။

” အမှတ် ၂ ရပ် ကွက် က မွတ်ဆလင် မိဘမဲ ကလေး စောင့် ရှောက် ရေး ကျောင်း ကို စဖျက် တာ
ဘယ်သူ တွေ မှန်းမသိ ဘူး ၊ ရပ် ကွက် ထဲ က လူ တွေ မပါ ဘူး ” ” ဒီ နေ့  အခြေ အနေ တွေ အေး
အေး ချမ်းချမ်း ပါ ဘဲ။ ဒုက္ခ သည် တွေ က ဘုန်းတော် ကြီး ကျောင်း ထဲ မှာ နေ ရာ ချထား ပေး တာ
လည်း ရှိ တယ်။  ကြောက်စရာ ကောင်း လောင် အောင် ဖြစ် ခဲ့ တာ ဆို တော့ အခြေ အနေ တွေ
တည် ငြိမ် ဖို့  လို သေးတယ်။ တစ် ချို့  တွေ က အပြင်မထွက် ရဲ ကြသေး ဘူး ” လို့  ပြောပါတယ်။

မေလ ၃၁ ရက် နေ့  တွင် လားရှိုး မြို့  အခြေ အနေ မှာ ငြိမ်သက် နေ ပြီး
လုံခြုံရေး တပ် ဖွဲ့  ၀င် များ က စောင့် ကြပ် ပေး နေသည်။ မြို့ ခံ တစ်ဦး က
ဖမ်းထား တာ လားရှိုး က လူ တွေ ချဉ်း ပဲ စဖြစ် နေ့  တုန်း က ဘယ် က
နေ ရောက်  လာ မှန်း မသိ တဲ့ ဟန်းဖုန်း နဲ့  လူ တွေ မပါ ဘူး ဟု FNG ကို
ပြောသည်။

Advertisements

4 responses to “လားရှိုးမှာ အခြေ အနေ တည်ငြိမ် နေသော် လည်း ပုံမှန် ပြန် ရောက် ဖို့  ခဲယဉ်းနေ

  1. ငြီမ်းချမ်းခြင်းသည် အကောင်းဆုံး

  2. Pingback: MyanmarLatestNews » လားရှိုးမှာ အခြေ အနေ တည်ငြိမ် နေသော် လည်း ပုံမှန် ပြန် ရောက် ဖို့  ခဲယဉ်းနေ·

  3. ကျွန်တော်ဆီကိုသတင်းတွေအမြဲပို့ပေးပါ စောင့်ဖတ်နေပါတယ်

Comments are closed.